ဆင်ဖြူရှင်မင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
 ၃
စာကြောင်း ၃၁ -
 
 
နောင်အခါ မကွေးမြို့မှ [[ဆင်ဖြူတော်]]ရရှိသဖြင့် ဆင်ဖြူရှင်ဘွဲ့ ကိုခံယူသည်။ ဆင်ဖြူရှင်မင်းဟူသော ဘွဲ့အမည်ဖြင့်သာ နိုင်ငံသမိုင်းတွင် ထင်ရှား၏။ သို့သော် ဘွဲ့တံဆိပ်နာမံတော်ကား သီရိပဝရသုဓမ္မမဟာရာဇာဇီန္ဒာဓိပတိတည်း။ သက္ကရာဇ် ၁၁၂၅ ခုနှစ်(ခရစ် ၁၇၆၉၁၇၆၃ ခုနှစ်)၌ အလောင်းမင်း တရားကြီး၏ ပထမသားတော် [[နောင်တော်ကြီးမင်း]]လွန်သဖြင့် ဒုတိယသားတော် မြေဒူးမင်း ထီးနန်းဆက်ခံသည်။ ပထမတွင် ရွှေဘို၌ နှစ်နှစ်မျှ စံနေတော်မူပြီးနောက် အင်းဝ၌ မြို့နန်းအသစ်တည်ထောင် ပြောင်းရွေ့စံတော်မူသည်။ အင်းဝမြို့ကို ရွေးချယ်ခြင်းမှာ အောင်မြေအဖြစ် ယုံကြည်သောကြောင့် တစ်ကြောင်း၊ ရွှေဘိုမြို့သည် ကုန်းခေါင်ခေါင်တွင် တည်ရှိသဖြင့် ကူးသန်းသွားလာမှု မလွယ်ကူဘဲ၊ အင်းဝမြို့ကား လယ်တွင်းကိုးခရိုင်ဖြစ်သော ကျောက်ဆည်နယ်နှင့် အဆက်အသွယ်လွယ်ကူနီးစပ်ခြင်း၊ ဧရာဝတီနှင့် မြစ်ငယ်မြစ်ဆုံရာတွင် တည်ရှိသဖြင့် ရေလမ်းခရီးအားဖြင့် အသွားအလာ လွယ်ကူခြင်းတို့ကြောင့်တစ်ကြောင်း ဖြစ်ဟန်တူပေသည်။