ဒုက္ကရစရိယာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁၈ -
ဒုက္ကရစရိယာ ဟူသော ဝေါဟာရသည် မျက်မှောက်ခေတ်ကာလတွင် ဗုဒ္ဓဝင် ကျမ်းအစောင်စောင်တို့၏ ရေးသားထားချက်ကြောင့် အသုံးတွင်ကာ ရင်းနှီးနေကြပြီ ဖြစ်သော်လည်း ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါကမူ ဤအသုံးအနှုန်းကို တွင်ကျယ်စွာ သုံးစွဲထားကြောင်း မတွေ့ရပေ။
 
ဗုဒ္ဓမြတ်စွာ လောင်းလျာဘဝက ၆-နှစ်တာကာလပတ်လုံး ကျင့်ကြံတော်မူသည်ကို ပ်ဠိတော်ကြီးများ၌ ဒုက္ကရကာရိကာ ဟု ၎င်း၊ ပဓာန ဟူ၍၎င်း ရေးသားထားပေသည်။ ပိဋကတ်တော်ဝင် မိလိန္ဒပဉှာကျမ်း (ခရစ် ၁-ရာစု) အခန်း၅၊ အနုမာနပဉှာ အခန်းကြီး၏ တတိယမြောက် ဝေဿန္တရာ<ref>ဦးအောင်မွန်။ဝေဿန္တရဝဂ်၌ ဒုက္ကရစရိယာ၊ဒုက္ကရကာ ဉာဏ်လင်းရိကာပဉှ ဓမ္မစာပဒေသာ၊ဟု ၁၉၈၄-ခု၊ခေါင်းစီးထိုး၍ မေလ၊ဒုက္ကရစရိယ စာအကျင့်အကြောင်းကို ဆွေးနွေးခန်း ဖွဲ့ဆိုထားသည်။ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသမထေရ်ကြီး (ခရစ် ၄-၁၁၈</ref>၅ရာစု) သည် ဒုက္ကရကာရိကာ ဟူသော ဝေါဟာရနှင့် ရံခါ မဟာပဓာန ဟူသော ဝေါဟာရတို့ကို အသုံးပြုတော်မူခဲ့ပါ၏။
 
အဋ္ဌကထာဆရာအရှင် ဓမ္မပါလမထေရ်ကြီး (ခရစ် ၁၀-ရာစု) မူကား ဒုက္ကရစရိယ ဟူသော ဝေါဟာရကို ဥဒါနကဋ္ဌကထာ (၁၁၈)၊ ဣတိဝုတ္တက အဋ္ဌကထာ(၁၁၇)တို့တွင်၎င်း၊ မဇ္ဈိမနိကာယ် ဋီကာ (၁၊ ၃၅၆)တို့တွင်၎င်း သုံးစွဲရေးသားထားတော် မူပါသည်။ <ref>ဦးအောင်မွန်။ ဒုက္ကရစရိယာ၊ ဉာဏ်လင်း ဓမ္မစာပဒေသာ၊ ၁၉၈၄-ခု၊ မေလ၊ စာ-၁၁၈</ref>
 
ဒီနေရာမှာ ဘုရားလောင်းဟာ ဘာကြောင့်များ ဒီလိုကိုယ်ဆင်းရဲခံတဲ့ တပအကျင့်ဘက် လိုက်ရသလဲ မေးစရာရှိပါတယ်။ဒါ့နေရာမှာ အဲဒီခေတ် မဇ္ဈိမဒေသရဲ့ အတွေးအခေါ် ဝါဒသမိုင်းနောက်ခံနဲ့ ဂိုဏ်းဂဏများအကြောင်း အနည်းငယ် သိသင့်ပါတယ် ။