ဒုက္ကရစရိယာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၂၀ -
ဗုဒ္ဓမြတ်စွာ လောင်းလျာဘဝက ၆-နှစ်တာကာလပတ်လုံး ကျင့်ကြံတော်မူသည်ကို ပ်ဠိတော်ကြီးများ၌ ဒုက္ကရကာရိကာ ဟု ၎င်း၊ ပဓာန ဟူ၍၎င်း ရေးသားထားပေသည်။ ပိဋကတ်တော်ဝင် မိလိန္ဒပဉှာကျမ်း (ခရစ် ၁-ရာစု) အခန်း၅၊ အနုမာနပဉှာ အခန်းကြီး၏ တတိယမြောက် ဝေဿန္တရဝဂ်၌ ဒုက္ကရကာ ရိကာပဉှ ဟု ခေါင်းစီးထိုး၍ ဒုက္ကရစရိယ အကျင့်အကြောင်းကို ဆွေးနွေးခန်း ဖွဲ့ဆိုထားသည်။ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသမထေရ်ကြီး (ခရစ် ၄-၅ရာစု) သည် ဒုက္ကရကာရိကာ ဟူသော ဝေါဟာရနှင့် ရံခါ မဟာပဓာန ဟူသော ဝေါဟာရတို့ကို အသုံးပြုတော်မူခဲ့ပါ၏။
 
အဋ္ဌကထာဆရာအရှင် ဓမ္မပါလမထေရ်ကြီး (ခရစ် ၁၀-ရာစု) မူကား ဒုက္ကရစရိယ ဟူသော ဝေါဟာရကို ဥဒါနကဋ္ဌကထာ (၁၁၈)၊ ဣတိဝုတ္တက အဋ္ဌကထာ(၁၁၇)တို့တွင်၎င်း၊ မဇ္ဈိမနိကာယ် ဋီကာ (၁၊ ၃၅၆)တို့တွင်၎င်း သုံးစွဲရေးသားထားတော် မူပါသည်။ <ref>ဦးအောင်မွန်။မြန်မာစာဖတ်ပရိသတ်တို့အဖို့ ဒုက္ကရစရိယာ၊မြန်မာစကားပြေ ဉာဏ်လင်းဗုဒ္ဓဝင်ကျမ်းတို့၌ ဓမ္မစာပဒေသာ၊သုံးစွဲနေကျဖြစ်သော ၁၉၈၄-ခု၊ဒုက္ကရစရိယ မေလ၊ဝေါဟာရကို ဖတ်ရှုကြရသည့်နည်းတူ ပဓာနစရိယ ဟူသော ဝေါဟာရကိုလည်း ပရိတ်တရားတော်ကို ရွတ်ဖတ်သရဇ္ဈာယ်တော် မူကြသောအခါ ရတနာသုတ် ပရိတ်တော်တွင် ပစ္ဆိမ ဘဝေဂဗ္တဝေါက္ကန္တိ ဇာတိ အဘိနိက္ခမနံ ပဓာနစရိယံ ဟု ရွတ်ဖတ်တော် မူကြရပါမည်။ စာ-၁၁၈</ref>
 
အထက်ပါ အထောက်အထားများအရ ပါဠိစာပေသမိုင်းတွင် ဒုက္ကရစရိယဟူသော ဝေါဟာရကို ရှေးဦးကာလ၌ အသုံးနည်း၍ အရှင်ဓမ္မပါလမထေရ် ထင်ရှားသော ခရစ် ၁၀-ရာစုကာလမှ စ၍သာ သုံးစွဲကြောင်း တွေ့ရပါမည်။
 
 
<ref>ဦးအောင်မွန်။ ဒုက္ကရစရိယာ၊ ဉာဏ်လင်း ဓမ္မစာပဒေသာ၊ ၁၉၈၄-ခု၊ မေလ၊ စာ-၁၁၈</ref>
 
ဒီနေရာမှာ ဘုရားလောင်းဟာ ဘာကြောင့်များ ဒီလိုကိုယ်ဆင်းရဲခံတဲ့ တပအကျင့်ဘက် လိုက်ရသလဲ မေးစရာရှိပါတယ်။ဒါ့နေရာမှာ အဲဒီခေတ် မဇ္ဈိမဒေသရဲ့ အတွေးအခေါ် ဝါဒသမိုင်းနောက်ခံနဲ့ ဂိုဏ်းဂဏများအကြောင်း အနည်းငယ် သိသင့်ပါတယ် ။