သပြေတန်း ခံတပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁ -
'''သပြေတန်းခံတပ်၊ ရွှေကြက်ယက်ခံတပ်၊ ခံတပ်တော်ကြီး'''ဟူ၍ အမည်အမျိုးမျိုးနှင့် ထင်ရှားခဲ့သော ဤ[[ခံတပ်]]ကို [[မင်းတုန်းမင်း]]လက်ထက်၊ ၁၈၆၈-ခုနှစ်ခန့်လောက်က တည်ဆောက်ခဲ့သည်ဟု ခန့်မှန်းရသည်။ ခံတပ်တော်ကြီးကို မူလက တော်ဝင်နန်းသုံး အမည်ပေးခဲ့သော်လည်း အမည်မတွင်ဘဲ [[ရွှေကြက်ယက်]]တောင်ကုန်းကိုစွဲ၍ ရွှေကြက်ယက် ခံတပ်ဟု၄င်း၊ သပြေတန်းရွာငယ်ကို စွဲ၍ သပြေတန်း ခံတပ်ဟု၄င်း ခေါ်တွင်ခြင်းဖြစ်ဟန်ရှိသည်။
 
သပြေတန်းခံတပ်သည် [[မန္တလေးတိုင်းဒေသကြီး]]၊ [[အမရပူရမြို့နယ်]]၊ မန္တလေးစစ်ကိုင်းကားလမ်းနံဘေး [[အင်းဝတံတား|အင်းဝတံတားကြီး]]၏ အရှေ့ဘက်ထိပ်တွင် တည်ရှိသည်။ သပြေတန်းခံတပ်ကို [[ဧရာဝတီမြစ်]]ကမ်းနဖူး ဒုဋ္ဌဝတီ(ခေါ်)[[မြစ်ငယ်မြစ်]]နှင့်ဆုံရာ သန်လျက်စွန်းတွင် ဆောက်လုပ်ထားသည်။ [[မန္တလေး နန်းတော်|မန္တလေး နေပြည်တော်]]နှင့် မြစ်ကမ်းတဖက်တည်းတွင် ရှိသည်။ နေပြည်တော်နှင့်အနီးဆုံး ခံတပ်ဖြစ်သည်။ မည်သူတည်ဆောက်ခဲ့သည်၊ မည်မျှကုန်ကျသည်။ စသည့်အချက်အလက်များ ရှာမေတွေ့ပေ။ မင်းတုန်းမင်းလက်ထက်၌ တည်ဆောက်ကြောင်း၊ ၁၈၇၀-ပြည့်နှစ် (၁၂၄၀-ပြည့် ပြာသိုလဆန်း ၁၀-ရက်နေ့) တွင် [[သီပေါမင်း]]နန်းတက်ပြီး လေးလခန့်အကြာတွင် ခံတပ်ပြီးစီးသည့် အခမ်းအနား ကျင်းပကြောင်း ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြထားသည်။
 
သပြေတန်းခံတပ်၏ အနိမ့်ဆုံးအဆင့် အုတ်ခုံသည် စောက်သုံးပေခန့်ရှိ၏။ မြောက်ဘက်နှင့် အနောက်ဘက် အခြမ်းသည် လက်နက်သိုလှောင်ရာ အုတ်လက်နက်တိုက်များအပါအဝင် ထုလေးထပ်လေးဆင့်ရှိ၏။ အရှေ့ဘက်နှင့် တောင်ဘက်ခြမ်းသည် အခြေခံဖိနပ်နှင့် အုတ်လက်နက်တိုက်များ အပါအဝင် ထုသုံးထပ် သုံးဆင့်ရှိသည်။ ခံတပ်အပြင်ဘက် အုတ်ဖိနပ်သည် သုံးပေမြင့်သည်။ ထို့နောက် လေးပေကျယ်သော ပြင်ညီပတ်လည်ရှိသည်။ ထိုနောက်တွင် ဆယ်ပေမြင့်၍ ဆင်ခြေလျှော အနံပေ ၂၀-ရှိသော ခံတပ်ရိုးရှိသည်။ ခံတပ်ရိုးအခြေကို အုတ်ဖြင့် သုံးပေပိုးထား၊ မ,ထားသည်။
Line ၈ ⟶ ၁၀:
 
တောင်ဘက်နှင့် အရှေ့ဘက်တွင် တပ်သားများနေထို်င်ရာ သက်ငယ်မိုးဝါးတဲများရှိသည်။ တပ်သားများကို သုံးလတကြိမ် မန္တလေးမှလာ၍ လူစားလဲသည်။ ခံတပ်၏ တောင်ဘက် ပေ ၂၅၀-အကွာတွင် အိမ်ခြေ ၁၅-အိမ်ခန့်ရှိသော သပြေတန်းရွာငယ်ရှိ၏။ ရွာ၏တောင်ဘက်တွင် သစ်ပင်ကြိုးကြားနှင့် နှစ်မိုင်ခန့်ကျယ်သော ကိုင်းတောကြီးရှိသည်။ ကိုင်းပင်များသည် ၆-ပေမှ ရ-ပေထိရှည်သည်။ ခံတပ်၏အနောက်ဘက်တွင် မြစ်ငယ်မြစ်ထိ ပြောင်းခင်း၊ ပဲခင်းများရှိသည်။ အရှေ့ဘက်ခြေလှမ်း ၂၀၀၀-ခန့်အကွာတွင် ရွှေကြက်ယက်စေနီရှိသည်။ ဘုရားကုန်းသည် ခံတပ်ကို စီးမိုးနေသော အနေအထားရှိသည်။
 
သပြေတန်းခံတပ်ကို [[ဧရာဝတီမြစ်]]ကမ်းနဖူး ဒုဋ္ဌဝတီ(ခေါ်)[[မြစ်ငယ်မြစ်]]နှင့်ဆုံရာ သန်လျက်စွန်းတွင် ဆောက်လုပ်ထားသည်။ [[မန္တလေး နန်းတော်|မန္တလေး နေပြည်တော်]]နှင့် မြစ်ကမ်းတဖက်တည်းတွင် ရှိသည်။ နေပြည်တော်နှင့်အနီးဆုံး ခံတပ်ဖြစ်သည်။ မည်သူတည်ဆောက်ခဲ့သည်၊ မည်မျှကုန်ကျသည်။ စသည့်အချက်အလက်များ ရှာမေတွေ့ပေ။ မင်းတုန်းမင်းလက်ထက်၌ တည်ဆောက်ကြောင်း၊ ၁၈၇၀-ပြည့်နှစ် (၁၂၄၀-ပြည့် ပြာသိုလဆန်း ၁၀-ရက်နေ့) တွင် [[သီပေါမင်း]]နန်းတက်ပြီး လေးလခန့်အကြာတွင် ခံတပ်ပြီးစီးသည့် အခမ်းအနား ကျင်းပကြောင်း ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြထားသည်။
 
၁၈၈၅-ခုနှစ် နိုဝင်ဘာလ ၂၈-ရက်နေ့တွင် ဂျင်နရယ်ပရင်ဒါဂတ် ဦးစီးသော ဗြိတိသျှတပ်များ သပြေတန်းခံတပ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ ၄င်းခံတပ်မှ ခြောက်ပေါင်ဒါ သံသွန်းအမြောက်ခုနစ်လက်၊ ကျည်မွှေကြေးအမြောက် ငါးလက်၊ အမြောက်ငယ် နှစ်လက်၊ စိန်ပြောင်းတလက် သိမ်းဆည်းရရှိကြောင်း ဖော်ပြထားသည်။
 
ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်အပြီး မြန်မာတို့သည် အထက်မြန်မာနိုင်ငံ လုံခြုံရေးကို အထူးဂရုစိုက် လုပ်ဆောင်လာခဲ့ကြသည်။ ရေကြောင်းမှ အလွယ်တကူ ဝင်ရောက်မစွက်ဖက်လာနိုင်အောင် အချက်အချာကျသော နေရာများတွင် ခံတပ်ကြီးများ ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့ကြသည်။ ထို့ကြောင့် ကာကွယ်ရေးအစီအရင်များအဖြစ် [[ဆင်ပေါင်ဝဲစစ်အောင်ခန်းခံတပ်]]၊ [[ပန်းတော်ပြင်ကတုတ်]]၊ [[ထူးပေါက်ကတုတ်]]၊ [[မင်းလှခံတပ်]]၊ [[ဂွေးချောင်းခံတပ်]]၊ [[အဝခံတပ်]]၊ [[စစ်ကိုင်းခံတပ်]]၊ သပြေတန်းခံတပ်တို့မှာ အထူးထင်ရှားသည်။ ၄င်းခံတပ်များကို ၁၈၈၅-ခုနှစ် နိုဝင်ဘာလတွင် ဂျင်နရယ်ပရင်ဒါဂတ် ဦးစီးသော ဗြိတိသျှတပ်များက သိမ်းပိုက်ခဲ့၍ မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက်သို့ ကျရောက်သွားခဲ့ရလေသည်။ <ref>ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်) (မင်္ဂလာမောင်မယ် ၂၀၀၉-ခု ဇွန်လ)</ref>
 
<ref>ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်) (မင်္ဂလာမောင်မယ် ၂၀၀၉-ခု ဇွန်လ)</ref>
 
== ကိုးကား ==