သပြေတန်း ခံတပ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၃ -
သပြေတန်းခံတပ်သည် [[မန္တလေးတိုင်းဒေသကြီး]]၊ [[အမရပူရမြို့နယ်]]၊ မန္တလေးစစ်ကိုင်းကားလမ်းနံဘေး [[အင်းဝတံတား|အင်းဝတံတားကြီး]]၏ အရှေ့ဘက်ထိပ် တွင် တည်ရှိသည်။ သပြေတန်းခံတပ်ကို [[ဧရာဝတီမြစ်]]ကမ်းနဖူး ဒုဋ္ဌဝတီ(ခေါ်)[[မြစ်ငယ်မြစ်]]နှင့်ဆုံရာ သန်လျက်စွန်းတွင် ဆောက်လုပ်ထားသည်။ [[မန္တလေး နန်းတော်|မန္တလေး နေပြည်တော်]]နှင့် မြစ်ကမ်းတဖက်တည်းတွင် ရှိသည်။ နေပြည်တော်နှင့်အနီးဆုံး ခံတပ်ဖြစ်သည်။ ထိုနေရာ တဝိုက်တွင် ဧရာဝတီမြစ်ကမ်းနဖူးများ၌ မြန်မာတို့၏ ခံတပ် သုံးခုကို တြိဂံအနေအထားဖြင့် တည်ဆောက်ထားသည်ကို တွေ့ရသည်။ ၎င်းတို့မှာ ဒုဋ္ဌာဝတီမြစ် တစ်ဘက်ကမ်း ဧရာဝတီမြစ် နဖူးတွင် [[အင်းဝ ခံတပ်|အင်းဝခံတပ်(ခေါ်) ဆင်ကျုံးခံတပ်]]၊ စစ်ကိုင်းဘက်ကမ်းတွင် [[စစ်ကိုင်း ခံတပ်|စစ်ကိုင်းခံတပ်(ခေါ်) အစေခံခံတပ်]]နှင့် သပြေတန်းခံတပ်တို့ ဖြစ်သည်။
 
သပြေတန်းခံတပ်ကို [[မင်းတုန်းမင်း]]လက်ထက် မြန်မာသက္ကရာဇ် ၁၂၃၆-ခုနှစ်၊ [[ဒိုင်းဝန်|ဒိုင်းဝန်မင်း]]၊ ကသည်း[[မြင်းဝန်|မြင်းဝန်မင်း]]နှင့် အီတလီလူမျိုး ကွန်မိုတို ဆိုသူတို့ ဦးစီးကွပ်ကဲ၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သပြေတန်းခံတပ်ကို (၄)နှစ်ခန့် အချိန်ယူ၍ တည်ဆောက်ခဲ့ရသည်။ <ref>လွင်မောင်၊ မှတ်တမ်းသမိုင်း မန်းဇေယျာတိုင်း၊ ၁၉၇၃-ခု၊ ဇွန်လ</ref> မည်မျှကုန်ကျသည့် အချက်အလက်များ ရှာမေတွေ့ပေ။ရှာမတွေ့ပေ။ ၁၈၇၀-ပြည့်နှစ် (၁၂၄၀-ပြည့် ပြာသိုလဆန်း ၁၀-ရက်နေ့) တွင် [[သီပေါမင်း]]နန်းတက်ပြီး လေးလခန့်အကြာတွင် ခံတပ်ပြီးစီးသည့် အခမ်းအနား ကျင်းပကြောင်း ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြထားသည်။
 
==ပုံသဏ္ဌာန်==