လားရှိုးမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁၂၀ -
လားရှိုးမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးခရိုင်၏ ရုံးစိုက်မြို့ဖြစ်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ် သည်။ ပင်လယ်ပြင်မှ အမြင့်ပေ ၂၈ဝဝ ထက်တွင် တည်ရှိသည်။ လားရှိုးမြို့သည် မန္တလေးမှ ခွဲထွက်လာသော မီးရထားလမ်းတစ် ကြောင်း၏ အဆုံးဘူတာဖြစ်သည်။ မန္တလေးမှ ရထားလမ်းအားဖြင့် ၁၇၅ မိုင် ကွာဝေးသည်။ သို့သော် ဘူတာရုံသည် မြို့နှင့်နှစ်မိုင်ခန့်ကွာဝေးသော နေရာတွင်တည်ရှိသည်။ နေ့စဉ် မီးရထားများရှိသည့်အပြင် မေမန်းသယ်ယူပို့ ဆောင်ရေးမှ ခရီးသည်တင်မော်တော်ကားကြီးများကလည်း ခရီးသည်များကို နေ့စဉ် သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။ ထိုမျှသာမကသေး ရှမ်းပြည်နယ် ရှိ အခြားမြို့များဖြစ်သော သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ ကွမ်းလုံ၊ မိုင်းရယ်၊ နမ္မတူ၊ တန့်ယန်း၊ သီပေါ၊ ကျောက်မဲ စသောမြို့များသို့လည်း နေ့စဉ်အချိန်မှန် ခရီးသည်တင်ကားများ ပြေးဆွဲလျက်ရှိသည်။ တစ်နှစ်ပတ်လုံး အသုံးပြုနိုင်သည့် လေဆိပ်လည်းရှိသဖြင့် သွားလာမှု ပို၍လွယ်ကူ လေသည်။ ခရိုင်ရုံး စိုက်မြို့ ဖြစ်သည်နှင့်အညီ အစိုးရရုံးများ၊ အစိုးရအထက်တန်းကျောင်များ၊ ဆေးရုံ၊ အပန်းဖြေဥယျာဉ်၊ ဧည့်ဂေဟာ၊ ဧည့်သည်များ တည်းခိုရာ အိမ်များနှင့် တိုက်တာအဆောက်အအုံ အိမ်ကြီးအိမ်ကောင်းများ ရှိသည်။ လားရှိုးမြို့သည် သို့အားဖြင့် စည်ကားသော ရှမ်းမြို့တစ်မြို့ဖြစ် သည်။ ရာသီဥတုလည် မျှတကောင်းမွန်သည်။ သစ်တောများ ဝိုင်းလျက်ရှိ သောကြောင့် စိုပြည်စိမ်းလန်း၍ ရှုခင်းသာသည်။ လားရှိုးမြို့၌ ရှမ်း၊ မြန်မာ၊ ပလောင်၊ ကချင်၊ လီရှော၊ ရှမ်းတရုတ်၊ ကုလား စသည့်လူမျိုးပေါင်းစုံ နေထိုင်သည်။ လူဦးရေမှာ ၃ဝ၁ဝ၉ (၁၉၆၇ ခုနှစ်) ယောက်ရှိသည်။ လားရှိုးနှင့် နှစ်မိုင်ခန့်အကွာတွင် မန်ဆူစေတီတော်တစ်ဆူ တည် ရှိသည်။ ရှေးမင်းများလက်ထက်က နတ်သိကြားများကိုယ်တိုင် တည်သည်ဟု အဆိုရှိသည်။ သုံးမိုင်ခန့်အကွာတွင် ရေပူတွင်းများရှိ၍ အချိန်မရွေး သွားနိုင်သည်။ ၂၇ မိုင်ခန့် ဝေးကွာသောအရပ်တွင်လည်း ထင်ရှားသော သိန္နီရေပူစခန်းရှိသည်။ ဗြိတိသျှလက်ထက်ကမူ လားရှိုးမြို့သည် စစ်တပ်စခန်းမြို့ဖြစ်သည်။ ယခင်အခါ စော်ဘွားများကြီးစိုးစဉ်က လားရှိုးမြို့သည်
သိန္နီနယ်တွင် ပါဝင်၍ ရှမ်းပြည်မြောက်ပိုင်း၏ မြို့တော်ဖြစ်သော်လည်း ၁၉၄ဝ ပြည့်နှစ်ထိ လူဦးရေ ၃၅ဝဝ ခန့်သာရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း အင်္ဂလိပ်များမဆုတ်ခွာမီက တရုတ်-မြန်မာ လမ်းမကြီးကို ဖွင့်လှစ်လိုက်သောအခါ လမ်းမကြီးပေါ်တွင် တည်ရှိသော လားရှိုးမြို့သည် နေ့ခြင်းညခြင်းဆိုသလိုပင် စည်ကားလာပေတော့သည်။ စစ်အတွင်းက ဗုံးဒဏ်ပြင်းထန်စွာခံခဲ့ရ၍ တလင်းပြင်တမျှ ကျန်ခဲ့သော်လည်း စစ်ပြီးကာလတွင် ပြန်လည်၍ မြို့ကို တည်ထောင်နိုင်ခဲ့သောကြောင့် ယခုအခါ စည်ကားနေပေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
zawgyi version
လားရွိုးၿမိဳ႕သည္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ လားရွိုးခရိုင္၏ ႐ုံးစိုက္ၿမိဳ႕ျဖစ္၍ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ အႀကီးဆုံးၿမိဳ႕ျဖစ္ သည္။ ပင္လယ္ျပင္မွ အျမင့္ေပ ၂၈ဝဝ ထက္တြင္ တည္ရွိသည္။ လားရွိုးၿမိဳ႕သည္ မႏၲေလးမွ ခြဲထြက္လာေသာ မီးရထားလမ္းတစ္ ေၾကာင္း၏ အဆုံးဘူတာျဖစ္သည္။ မႏၲေလးမွ ရထားလမ္းအားျဖင့္ ၁၇၅ မိုင္ ကြာေဝးသည္။ သို႔ေသာ္ ဘူတာ႐ုံသည္ ၿမိဳ႕ႏွင့္ႏွစ္မိုင္ခန႔္ကြာေဝးေသာ ေနရာတြင္တည္ရွိသည္။ ေန႕စဥ္ မီးရထားမ်ားရွိသည့္အျပင္ ေမမန္းသယ္ယူပို႔ ေဆာင္ေရးမွ ခရီးသည္တင္ေမာ္ေတာ္ကားႀကီးမ်ားကလည္း ခရီးသည္မ်ားကို ေန႕စဥ္ သယ္ယူပို႔ေဆာင္ေပးလ်က္ရွိသည္။ ထိုမွ်သာမကေသး ရွမ္းျပည္နယ္ ရွိ အျခားၿမိဳ႕မ်ားျဖစ္ေသာ သိႏၷီ၊ ကြတ္ခိုင္၊ မူဆယ္၊ နမ့္ခမ္း၊ ကြမ္းလုံ၊ မိုင္းရယ္၊ နမၼတူ၊ တန႔္ယန္း၊ သီေပါ၊ ေက်ာက္မဲ စေသာၿမိဳ႕မ်ားသို႔လည္း ေန႕စဥ္အခ်ိန္မွန္ ခရီးသည္တင္ကားမ်ား ေျပးဆြဲလ်က္ရွိသည္။ တစ္ႏွစ္ပတ္လုံး အသုံးျပဳနိုင္သည့္ ေလဆိပ္လည္းရွိသျဖင့္ သြားလာမႈ ပို၍လြယ္ကူ ေလသည္။ ခရိုင္႐ုံး စိုက္ၿမိဳ႕ ျဖစ္သည္ႏွင့္အညီ အစိုးရ႐ုံးမ်ား၊ အစိုးရအထက္တန္းေက်ာင္မ်ား၊ ေဆး႐ုံ၊ အပန္းေျဖဥယ်ာဥ္၊ ဧည့္ေဂဟာ၊ ဧည့္သည္မ်ား တည္းခိုရာ အိမ္မ်ားႏွင့္ တိုက္တာအေဆာက္အအုံ အိမ္ႀကီးအိမ္ေကာင္းမ်ား ရွိသည္။ လားရွိုးၿမိဳ႕သည္ သို႔အားျဖင့္ စည္ကားေသာ ရွမ္းၿမိဳ႕တစ္ၿမိဳ႕ျဖစ္ သည္။ ရာသီဥတုလည္ မွ်တေကာင္းမြန္သည္။ သစ္ေတာမ်ား ဝိုင္းလ်က္ရွိ ေသာေၾကာင့္ စိုျပည္စိမ္းလန္း၍ ရႈခင္းသာသည္။ လားရွိုးၿမိဳ႕၌ ရွမ္း၊ ျမန္မာ၊ ပေလာင္၊ ကခ်င္၊ လီေရွာ၊ ရွမ္းတ႐ုတ္၊ ကုလား စသည့္လူမ်ိဳးေပါင္းစုံ ေနထိုင္သည္။ လူဦးေရမွာ ၃ဝ၁ဝ၉ (၁၉၆၇ ခုႏွစ္) ေယာက္ရွိသည္။ လားရွိုးႏွင့္ ႏွစ္မိုင္ခန႔္အကြာတြင္ မန္ဆူေစတီေတာ္တစ္ဆူ တည္ ရွိသည္။ ေရွးမင္းမ်ားလက္ထက္က နတ္သိၾကားမ်ားကိုယ္တိုင္ တည္သည္ဟု အဆိုရွိသည္။ သုံးမိုင္ခန႔္အကြာတြင္ ေရပူတြင္းမ်ားရွိ၍ အခ်ိန္မေ႐ြး သြားနိုင္သည္။ ၂၇ မိုင္ခန႔္ ေဝးကြာေသာအရပ္တြင္လည္း ထင္ရွားေသာ သိႏၷီေရပူစခန္းရွိသည္။ ၿဗိတိသွ်လက္ထက္ကမူ လားရွိုးၿမိဳ႕သည္ စစ္တပ္စခန္းၿမိဳ႕ျဖစ္သည္။ ယခင္အခါ ေစာ္ဘြားမ်ားႀကီးစိုးစဥ္က လားရွိုးၿမိဳ႕သည္ သိႏၷီနယ္တြင္ ပါဝင္၍ ရွမ္းျပည္ေျမာက္ပိုင္း၏ ၿမိဳ႕ေတာ္ျဖစ္ေသာ္လည္း ၁၉၄ဝ ျပည့္ႏွစ္ထိ လူဦးေရ ၃၅ဝဝ ခန႔္သာရွိခဲ့သည္။ ဒုတိယကမာၻစစ္ႀကီးအတြင္း အဂၤလိပ္မ်ားမဆုတ္ခြာမီက တ႐ုတ္-ျမန္မာ လမ္းမႀကီးကို ဖြင့္လွစ္လိုက္ေသာအခါ လမ္းမႀကီးေပၚတြင္ တည္ရွိေသာ လားရွိုးၿမိဳ႕သည္ ေန႕ျခင္းညျခင္းဆိုသလိုပင္ စည္ကားလာေပေတာ့သည္။ စစ္အတြင္းက ဗုံးဒဏ္ျပင္းထန္စြာခံခဲ့ရ၍ တလင္းျပင္တမွ် က်န္ခဲ့ေသာ္လည္း စစ္ၿပီးကာလတြင္ ျပန္လည္၍ ၿမိဳ႕ကို တည္ေထာင္နိုင္ခဲ့ေသာေၾကာင့္ ယခုအခါ စည္ကားေနေပသည္။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)</ref>
 
== ကိုးကား ==