ဘောလောကျန်းထော: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး Modify spelling mistake
စာကြောင်း ၃ -
ဘောလောကျန်းတော၏မိခင် [Https://en.wikipedia.org/wiki/Talamidaw တလမည်ဒေါ] ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုသည် [[ရာဇဓိရာဇ်]]၏ ပယောဂကြောင့်ဖြစ်ရကား [[ရာဇဓိရာဇ်]]သည် ဘောလောကျန်းတောထကြွမည်ကို အထူးပင်ကြောင့်ကြခဲ့သည်။ [[ရာဇဓိရာဇ်]]ကိုယ်တိုင်သည်လည်း (အရီးတော် မဟာဒေဝီ အကောက်ကြံမှုကြောင့်) ခမည်းတော် ဗညားဦးကို ၁၅နှစ်အရွယ်တွင်ခြားနားခဲ့သူဖြစ်သည်။
 
သားတော်ဘောလောကျန်းတောကို ၁၃၉၀တွင် စီရင်ခိုင်းချိန်၌ ရာဇဓိရာဇ်သည် [[ပုသိမ်မြို့|ပုသိမ်]] တွင်ရောက်ရှိနေချိန်ဖြစ်သည်။ သူသတ်သမားတို့သည် ဘောလောကျန်းတောကို [[ရွှေမော်ဓောဘုရား(ပဲခူး)|ရွှေမော်ဓော]] ဘုရားသို့ ဆောင်ယူခဲ့ကြသည်။ မင်းသားငယ်သည် သူသတ်တို့ထံမှခွင့်တောင်း၍ [[အဘိဓမ္မာ|အဘိဓမာ]] တရားကို သုံးရက်တိုင်တိုင်နာယူပြီး မိမိ၀တ်သော ခြေကျင်း၊ လက်ကောက်၊ နားဋောင်း၊ ဘယက်တို့ကို ပူဇော်၍ ဤသို့ ဆုတောင်း၏။ "ငါသည် မင်းသားတို့အတတ် ဆင်စီး မြင်းစီး တတ်အပ်ပေသည်ဟု စီးနင်းပါသည်။ ခမည်းတော်ကို မသင့်မလျော် အနည်းငယ်မျှ မကြံမိပါ။ ကြံမိသော် သေလျှင်ငရဲသို့ကျ၍ လာလတံ့သော ဘုရားများကို မဖူးတွေ့ရသည် ဖြစ်စေသောဝ်၊ မကြံမိသော် ယခုသေလျှင် မြန်မာတို့ဝမ်း၌ဖြစ်၍ မွန်ပြည်ကို ညှင်းဆဲရသည် ဖြစ်စေသောဝ်" ဟု သစစာဓိဌာန်ပြုပြီးမှ အဆိပ်သောက်၍သေရလေ၏။
 
ဤအကြောင်းကို [[ရာဇဓိရာဇ်]]ကြားသော် ဆုတောင်းကြီးလှလေသည်ဟု [[ရွှေမော်ဓောဘုရား(ပဲခူး)|ရွှေမော်ဓော]] ကို ကိုယ်လုံးပြည့်ရွှေချ၍ "ဤအကျိုးကြောင့် ဖြစ်လေရာဘဝ၌ ရန်သူကြံ၍ မဖြစ်နိုင်စေသတည်း" ဟုဆုတောင်းလေ၏။ အင်း၀[[ပထမမင်းခေါင်|ဘုရင်မင်းခေါင်]]၏မိဖုရား ရှင်မိနောက် ပဋိသနဓေတည်၍ မွန်ပြည် ဒလမြို့ရှိ သရက်သီး၊ မုတ္တမ မြေသင်းခဲ၊ ပွန်စလိုင် ရေတို့ကို ချင်ခြင်းတပ်သောအခါ [[ရာဇဓိရာဇ်]]သည် ဆုတောင်းကို သတိရ၍ လန့်မိလေသည်။ ဘောလောကျန်းတောလွန်ပြီး တစ်နှစ်ခန်ံ့ကြာသော် [[မင်းရဲကျော်စွာ]]ကို ဖွားမြင်လေသည်။ [[မင်းရဲကျော်စွာ]]သည် အမှန်တကယ်လည်း [[ရာဇဓိရာဇ်]]အတွက် အထူးတိုက်ရန်ခက်ခဲသူ တစ်ဦးဖြစ်ခဲ့သည်။