စဉ့်ကူးမင်း ခေါင်းလောင်းတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၅ -
ထိုခေါင်းလောင်းကြီးသည် မူလက [[ဆင်ဖြူရှင်မင်း]]လှူဒါန်းရန် သွန်းလုပ်သော ခေါင်းလောင်းကြီး ဖြစ်သည်။ ဆင်ဖြူရှင်မင်းသည် [[ကုန်းဘောင်မင်းဆက်]]၏ တတိယမြောက်မင်းဖြစ်ပြီး [[အလောင်းဘုရား]]၏ ဒုတိယသားတော်လည်း ဖြစ်သည်။ ဆင်ဖြူရှင်သည် ၁၁၃၆-ခုနှစ်၊ တပေါင်းလတွင် ရွှေတိဂုံစေတီတော်၌ ထီးတစ်ခု တင်လှူခဲ့သည်။ ထိုစဉ် အဆိုပါ ခေါင်းလောင်းကြီးကို သွန်းလုပ်လှူဒါန်းရန် ပန်းတဉ်းဝန် ပညာဒေဝကို တာဝန်ပေးခဲ့သည်။ ၁၇၇၈-ခုနှစ်၌ သွန်းလုပ်ခဲ့၏။ သွန်းလုပ်ဆဲ ၁၀၃၈-ခုနှစ်တွင် ဆင်ဖြူရှင် နတ်ရွာစံခဲ့သည်။
 
ဆင်ဖြူရှင်၏ အရိုက်အရာကို အိမ်ရှေ့မင်းဖြစ်သူ သားတော် [[စဉ့်ကူးမင်း]]က ဆက်ခံသည်။ စဉ့်ကူးမင်းသည် အဆိုပါ ခေါင်းလောင်းကြီးကို ဆက်လက်သွန်းလုပ်စေသည်။ ၁၁၄၀-ပြည့်နှစ်တွင် ပြီးစီးသည်။ စဉ့်ကူးမင်း ကြွမလာနိုင်၍ စဉ့်ကူးမင်းကိုယ်စား ပန်းတဉ်းဝန် ပညာဒေဝကပင် မြန်မာသက္ကရာဇ် ၁၁၄၀-ပြည့်နှစ်၊ တပို့တွဲလဆန်း ၁၁ -ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရေစက်သွန်းချ လှူဒါန်းခဲ့သည်။ အလွန်သာယာသော အသံမြည်သောကြောင့်
"မဟာဂဏ္ဍ"ဟူ၍ ဘွဲ့အမည်ပေးခဲ့သည်။ ဤခေါင်းလောင်းကြီး လှူဒါန်းပြီးနောက် သုံးနှစ်အကြာ စဉ့်ကူးမင်းနန်းကျခဲ့သည်။စဉ့်ကူးမင်း နန်းကျခဲ့သည်။ <ref>မင်းယုဝေ၊ စဉ့်ကူးမင်းခေါင်းလောင်း၊ ဉာဏ်လင်းဓမ္မစာပဒေသာ၊ ၁၉၈၅၊ ဇွန်လ</ref>
 
==အင်္ဂလိပ်တို့နှင့် စဉ့်ကူးမင်းခေါင်းလောင်း==
ထိုခေါင်းလောင်းတော်ကြီးကို အင်္ဂလိပ်တို့ ယူဆောင်ရာ လှိုင်မြစ်တွင်း ကျနေရစ်ခဲ့သည်။ အင်္ဂလိပ်တို့က ပြန်လည်ဆည်ယူရန် ကြိုးစားခဲ့သော်လည်းမရခဲ့။ ၁၈၂၄-ခုနှစ်တွင် မြန်မာတို့ ပြန်လည်ဆယ်ယူထားရသော ခေါင်းလောင်းကြီးဖြစ်ပေသည်။