စဉ့်ကူးမင်း ခေါင်းလောင်းတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၉ -
 
==အင်္ဂလိပ်တို့နှင့် စဉ့်ကူးမင်းခေါင်းလောင်း==
ပထမအင်္ဂလိပ်မြန်မာစစ် (ခရစ်နှစ် ၁၈၂၄-၂၆)တွင် အင်္ဂလိပ်တပ်တို့သည် ရွှေတိဂုံကုန်းတော်ကို တက်ရောက်သိမ်းပိုက်မိကြသည်။ ထိုအခါ မိမိတို့နိုင်ငံသို့ စဉ့်ကူးမင်း ခေါင်းလောင်းကြီးကို အောင်ပွဲရ အထိမ်းအမှတ်အဖြစ် ယူဆောင်သွားရန် ဖြုတ်ယူကြသည်။ လူအင်အားများစွာဖြင့် ခက်ခက်ခဲခဲပင် ကုန်းတော်ပေါ်မှ မြစ်ဆိပ်သို့ ယူဆောင်ကြသည်။ ထို့နောက် မြစ်ဆိပ်မှ သင်္ဘောပေါ်သို့ တင်ကြသည်။ ထိုစဉ် တိမ်းချော်ကာ ခေါင်းလောင်းကြီးသည် လှိုင်မြစ်အတွင်းသို့ ကျသွားလေသည်။ အင်္ဂလိပ်တို့ဘက်မှ ကျွမ်းကျင်သော အင်ဂျင်နီယာများ ဦးဆောင်ကာ အမျိုးမျိုးကြိုးစားဆယ်ယူကြသည်။ မရ။ နောက်ဆုံးတွင် လက်လျှော့လိုက်ကြသည်။
ထိုခေါင်းလောင်းတော်ကြီးကို အင်္ဂလိပ်တို့ ယူဆောင်ရာ လှိုင်မြစ်တွင်း ကျနေရစ်ခဲ့သည်။ အင်္ဂလိပ်တို့က ပြန်လည်ဆည်ယူရန် ကြိုးစားခဲ့သော်လည်းမရခဲ့။ ၁၈၂၄-ခုနှစ်တွင် မြန်မာတို့ ပြန်လည်ဆယ်ယူထားရသော ခေါင်းလောင်းကြီးဖြစ်ပေသည်။
 
ဤတွင် မြန်မာများက အင်္ဂလိပ်အာဏာပိုင်များအား ခေါင်းလောင်းကြီးကို မိမိတို့ ကြိုးစားဆယ်ယူမည်။ အကယ်၍ ဆယ်ယူရရှိပါက မိမိတို့ကို ပြန်ပေးမည်လော၊
ရွှေတိဂုံ ရင်ပြင်တော်ပေါ်ရှိ မူလနေရာတွင် ပြန်ထားခွင့် ပြုမည်လော ဟူ၍ ဆိုလာကြသည်။ အင်္ဂလိပ်တို့က မိမိတို့ ဆယ်မရနိုင်သည်ကို မြန်မာတို့ ဆယ်ရနိုင်မည်လော၊ မည်သည့်နည်းနှင့်မျှ ဆယ်မရနိုင်ဟူ၍ တွက်ဆကာ အကြည်အသာပင် ခွင့်ပြုလိုက်သည်။
၁၈၂၄-ခုနှစ်တွင် မြန်မာတို့ ပြန်လည်ဆယ်ယူထားရသော ခေါင်းလောင်းကြီးဖြစ်ပေသည်။
 
==အချိုးအစား==
စဉ့်ကူးမင်းခေါင်းလောင်း၏ အလေးချိန်မှာ ၁၅၅၅၅ ပိဿာရှိသည်။ တန်ချိန်အားဖြင့် ၂၄-တန်ခန့်လေးသည်။ ပေါင်းကိုင်းမှ ခေါင်းလောင်းနှုတ်ခမ်းအထိ ၁၁-ပေခွဲရှည်သည်။ ကြေးသားအထူမှ တစ်ပေထုရှိသည်။ ခေါင်းလောင်းနှုတ်ခမ်းဝ ၆-ပေနှင့် ၈-လက်မ ကျယ်လေသည်။