ဗညားဦး: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး Modify spelling mistake |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥ် +ဉ်, -၄င်း +၎င်း) |
||
စာကြောင်း ၁ -
'''ဆင်ဖြူရှင်ဗညားဦး''' သည် [[မဂဒူးမင်းဆက်]] ၏ ၈ ဆက်မြောက်မင်းအဖြစ် မုတ္တမနန်းကို စိုးစံသည်။နန်းတက်ပြီးမကြာမှီတွင် တောကစားထွက်ရာ ဗြတ်လှိုင်းရွာသူ မွေးမဂူသောက် ကိုတွေ့မြင်နှစ်သက်သဖြင့် မိဖုရားအဖြစ်ကောက်ယူတင်မြောက်သည်။ နန်းတက်ပြီးမကြာမှီတွင် နန်းစဉ်ရတနာဖြစ်သည့် ဆင်ဖြူတော်ကွယ်လွန်သည်။ လက်အောက်ခံ မြို့စားများ ဖြစ်သည့် လောက်ဖြား၊ အဲဗြပုန်၊ ဗြထဗ၊ ဥလိုတို့ ညီအစ်ကို လေးယောက်က တော်လှန်သဖြင့် [[ဒုန်ဝန်းမြို့]] သို့ ယာယီ ပြောင်းရွှေ့ခဲ့ရသည်။ နောက် မကြာမီတွင် ဒုန်ဝန်းသို့ လာရောက် တိုက်ခိုက်ကြသည်ကို မခံနိုင်သဖြင့် [[ဟံသာဝတီ]](ပဲခူး)သို့ပြောင်းရွှေ့ကာ နန်းသစ်တည်ပြီး မင်းပြုပြန်သည်။အစ်မတော် မဟာဒေဝီအား အားကိုး ချစ်ခင်ပြီး ဒဂုံ(ရန်ကုန်)ကို စားစေသည်။ နောင်တော် မင်းလင်္ကာ ပုန်ကန် ပြန်သဖြင့် နှိမ်နှင်းကာ ကွပ်မျက်ပြီး
ပုန်ကန်သူများဖြစ်သည့် လောက်ဖြားတို့ ညီအစ်ကိုများက [[ဇင်းမယ်]] မင်းထံသံစေကာ မဟာမိတ်ပြုပြီး ပဲခူးကိုတိုက်ရန် ဇင်းမယ်မင်းကိုလျှောက်ထားကြောင်းသိရလျှင် မိမိသမီးတော် တလမေသီရိအား ဇင်းမယ်မင်းထက်ဆက်သပြီး မဟာမိတ်ပြုရသည်။အခြားသမီးတော်တစ်ပါးဖြစ်သည့် တလမေဒေါကမူ ဗညားနွဲ့နှင့် ရည်ငံပြီး ထွက်ပြေးသဖြင့် ဗညားဦး အမျက်ထွက်ကာ ဗညားနွဲ့ကို
ဟံသာဝတီတွင် သုရှင် ဗညားဦး (ဆင်ဖြူရှင် ဗညားဦး) နာမကျန်း ဖြစ်ချိန်တွင် သားတော် ဗညားနွဲ့အား ကိုယ်စားအုပ်ချုပ်သည့် မဟာဒေဝီ နှင့် ယောက်ဖတော် သမိန်မရူးတို့ မှ သတ်ဖြတ်ကာ သမိန်မရူး ထီးနန်းရရန် ကြံလေသောကြောင့် ဗညားနွဲ့လည်း ကျွန်ယုံ ၃၀ ကျော်ဖြင့် ဒဂုံ (ရန်ကုန်) သို့ထွက်ပြေးကာ ပုန်ကန်သည်။နောင်တွင် သမိန်မရူးရှုံးပြီး ဗညားနွဲ့စစ်ရေးသာပြီး ပဲခူးသို့ချီတက်လာချိန်တွင်ပင် ဆင်ဖြူရှင်ဗညားဦးလွန်လေသည်။ဗညားဦးလွန်လျှင် ဗညားနွဲ့က [[ရာဇာဓိရာဇ်]] ဘွဲ့ဖြင့် ဟံသာဝတီထီးနန်းကို စိုးစံလေသည်။
|