ဗညားဦး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး Modify wrong spelling
စာကြောင်း ၁၂ -
| reg-type =
| regent =
| spouse = [[စန်ဒမင်းလှစန္ဒာမင်းလှ ]]
[[နှင်းအံဒေါင်]]
[[Sanda Dewi of Martaban|Sanda Dewi]]
[[Thiri Yaza Dewi of Martaban|Thiri Yaza Dewi]]
[[Thiri Maya Dewi I of Hanthawaddy|Thiri Maya Dewi I]]
| issue = [[ရာဇာဓိရာဇ်|ရာဇာဓိရာဇ်]]
[[ဘောငံမုန်(ဗောခုံမှိုင်း)]]
[[တလမေဒေါ]]
[[တလမေသီရိ]]
| issue-link =
စာကြောင်း ၂၉ -

'''ဆင်ဖြူရှင်ဗညားဦး'''(၆၈၅-၇၄၅) သည် [[မဂဒူးမင်းဆက်]] ၏ ၈ ဆက်မြောက်မင်းအဖြစ် မုတ္တမနန်းကို ၇၁၀မှ ၇၄၅ အထိ စိုးစံသည်။ ၇ဆက်မြောက်ဘုရင် ဗညားအဲလော၏ တူတော်သူဖြစ်သည်။ ခမည်းတော်မှာ စောဇိပ် ဖြစ်ပြီး မယ်တော်မှာ စန်ဒါမင်းလှစန္ဒာမင်းလှ ဖြစ်သည်။ နန်းတက်ပြီးမကြာမှီတွင် တောကစားထွက်ရာ ဗြတ်လှိုင်းရွာသူ မွေးမဂူသောက် (လှထိပ်ခေါင်) ကိုတွေ့မြင်နှစ်သက်သဖြင့် မိဖုရားအဖြစ်ကောက်ယူတင်မြောက်သည်။ နန်းတက်ပြီး ခြောက်နှစ်အကြာတွင် နန်းစဉ်ရတနာဖြစ်သည့် ဆင်ဖြူတော်ကွယ်လွန်သည်။ လက်အောက်ခံ မြို့စားများ ဖြစ်သည့် လောက်ဖြား၊ အဲဗြပုန်၊ ဗြထဗ၊ ဥလိုတို့ ညီအစ်ကို လေးယောက်က တော်လှန်သဖြင့် [[ဒုန်ဝန်းမြို့]] သို့ ယာယီ ပြောင်းရွှေ့ခဲ့ရသည်။ နောက် မကြာမီတွင် ဒုန်ဝန်းသို့ လာရောက် တိုက်ခိုက်ကြသည်ကို မခံနိုင်သဖြင့် [[ဟံသာဝတီ]](ပဲခူး)သို့ပြောင်းရွှေ့ကာ နန်းသစ်တည်ပြီး မင်းပြုပြန်သည်။အစ်မတော် မဟာဒေဝီအား အားကိုး ချစ်ခင်ပြီး ဒဂုံ(ရန်ကုန်)ကို စားစေသည်။ နောင်တော် မင်းလင်္ကာ ပုန်ကန် ပြန်သဖြင့် နှိမ်နှင်းကာ ကွပ်မျက်ပြီး ၎င်း၏ မယား မွေ့သင်အား သိမ်းပိုက်သည်။မင်းလင်္ကာ၏သား မိမိတူဖြစ်သူ မညီကံကောင်းကို ဒလစားအဖြစ် ဆက်ပေးသည်။ သားတော်တစ်ပါး(ဗညားနွဲ့)အား မွေ့သင်မှ ဖွားမြင်ရာ ချစ်မြတ်နိုးတော် မူလှသည် မရှိဟု သိရသည်။လျှာတွင် အစက်ပျောက်များပါလာသည့်အတွက် အပံသုန်ပိုင်စက် ဟုနာမည်ပေးသည်။နောင်သော် ဗညားနွဲ့(ဗညားငယ်)ဟုခေါ်တွင်သည်။မိဖုရားကြီးဖြစ်သော ဗျက်လှိုင်းရွာသူ မွေးမဂူတောက်မှ ဖွားသည့် ဘောငံမုန်(ဗောခုံမှိုင်း)ကို ပိုသာစွာ ကြည်ဖြူပြီး နန်းလျာအဖြစ် အလိုရှိခဲ့သည်။

ပုန်ကန်သူများဖြစ်သည့် လောက်ဖြားတို့ ညီအစ်ကိုများက [[ဇင်းမယ်]] မင်းထံသံစေကာ မဟာမိတ်ပြုပြီး ပဲခူးကိုတိုက်ရန် ဇင်းမယ်မင်းကိုလျှောက်ထားကြောင်းသိရလျှင် မိမိသမီးတော် တလမေသီရိအား ဇင်းမယ်မင်းထက်ဆက်သပြီး မဟာမိတ်ပြုရသည်။အခြားသမီးတော်တစ်ပါးဖြစ်သည့် တလမေဒေါကမူ ဗညားနွဲ့နှင့် ရည်ငံပြီး ထွက်ပြေးသဖြင့် ဗညားဦး အမျက်ထွက်ကာ ဗညားနွဲ့ကို အကျဉ်းချထားစေသည်။ နောင်သော် အမတော်မဟာဒေဝီနှင့် ကျန်အဆွေအမျိုးတို့တောင်းပန်သောကြောင့် ထောင်မှလွတ်ကာ တလမေဒေါ နှင့်လက်ဆက်ပေးသည်။ဇင်းမယ်သို့ဆက်သ သည့်သမီးတော် သလမေသီရိတစ်ယောက် ဇင်းမယ်မင်း၏လေးမြတ်မှုကိုမရသဖြင့် စိတ်မချမ်းသာဖြစ်နေကြောင်းသိလျှင် ပုန်ကန်သူများဖြစ်သည့် လောက်ဖြားတို့ညီနောင်များ အားစစ်ပြေငြိမ်းစကားဆိုပြီး သမီးတော်ကို ဇင်းမယ်မင်းထံမှ ပြန်ခေါ်ပြီး မိမိထံအပ်စေသည်။အမတ်သားတစ်ဦးဖြစ်သည့် သမိန်မရူးက တောင်းယူသဖြင့် တလမေသီရိအား မရူးဖြင့် လက်ဆက်ပေးသည်။