၄၂၈၃၄
တည်းဖြတ်မှုများ
No edit summary |
အရေးမကြီး (added Category:တရုတ်သမ္မတနိုင်ငံ၏ နိုင်ငံရေး using HotCat) |
||
CPC သည် ရှေးကွန်မြူနစ်အတွေးအခေါ်များကို ယုံကြည် လက်ခံနေဆဲ ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာ ကွန်မြူနစ်များနှင့် အလုပ်သမားများ ပါတီများ အစည်းအဝေး တွင်ပါဝင်ဆောင်ရွက်နေဆဲဖြစ်သည်။ ပါတီ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ CPC သည် မာ့က်စ်-လီနင်၊ မော်စီတုန်းအတွေးအခေါ် ၊ တရုတ် ဆိုရှယ်လစ် လမ်းစဥ်နှင့် တိန့်ရှောင်ပင်သီအိုရီ များကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနည်းကျ အမြင် နှင့် ပေါင်းစပ် ၍ လိုက်နာဆောင်ရွက် သည်။ တရုတ်နိုင်ငံ၏စီးပွားရေးပြုပြင်ပြောင်းလဲမှုများအတွက် တရားဝင်ရှင်းလင်းတင်ပြချက်မှာ တိုင်းပြည်ဆိုရှယ်လစ်ဝါဒ၏မူလအဆင့် ဖြစ်သည်။ ထို အဆင့် မှာ တရုတ်မာက်စ်ဝါဒီများ သီအိုရီအရ အရင်းရှင်နည်းစနစ်များသော တရုတ်စီးပွားရေးအတွက်မည်သို့ အသုံးပြုကြသည် ကို ရှင်းပြထားခြင်း ဖြစ်သည်။ မော်စီတုန်း၏ စီစဉ်ထားသော စီးပွားရေးစနစ် (planned economy) သည် အသုံး မဝင် တော့ဟုယူဆသောကြောင့် လက်ရှိ စနစ် ဖြစ်သော အရင်းရှင် စနစ်အပေါ် အခြေခံထားသော ဆိုရှယ်လစ်ဈေးကွက်စီးပွားရေး ဖြင့်အစားထိုးခဲ့သည်။
[[Category:တရုတ်သမ္မတနိုင်ငံ၏ နိုင်ငံရေး]]
|