တရုတ်ကွန်မြူနစ်ပါတီ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး abbr
စာကြောင်း ၂၅ -
|anthem = [[The Internationale in Chinese|''The Internationale'']]
}}
'''တရုတ်ကွန်မြူနစ်ပါတီ''' ({{lang-en|Communist Party of China}}; အတိုကောက် '''CPC''') သည် [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]] (PRC)၏ စတင်တည်ထောင်သူနှင့် အာဏာရနိုင်ငံရေးပါတီဖြစ်သည်။ စည်းလုံးသောတပ်ဦး(United Front)တွင် အခြားပါတီ ၈ ခုနှင့်အတူ ပါဝင်ပေမယ့် တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်နိုင်ငံ၏ တစ်ဦးတည်းသော အုပ်ချုပ်ရေးပါတီ ဖြစ်သည်။ အခြားပါတီ (၈)ခုသည် စစ်မှန်သောအာဏာမရှိသည့်အပြင် တရုတ်ကွန်မြူနစ်ပါတီ၏ ချုပ်ကိုင်မှု အောက်တွင်သာ ရှိသည်။ တရုတ်ကွန်မြူနစ်ပါတီကို [[ချန်ဒူရှစ်]] နှင့် [[လီဒါကျောင်း]] တို့က ၁၉၂၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ပါတီသည် လျင်မြန်စွာကြီးထွားလာပြီး ၁၉၄၉ခုနှစ်တွင် [[တရုတ်ပြည်တွင်းစစ်]]ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီသည် [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]] ဖွဲ့စည်းခြင်းကို ဦးဆောင်ခဲ့သော အမျိုးသားရေး[[ကူမင်တန်ပါတီ]]ကို တရုတ်ပြည်မကြီးမှ မောင်းထုတ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီသည် ၂၀၁၆ခုနှစ်အထိ အဖွဲ့ဝင်ဦးရေ ၈၈၇၆ သန်းနှင့်အတူ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးသော နိုင်ငံရေးပါတီ ဖြစ်သည်။<ref name="membership"/>
 
တရုတ်ကွန်မြူနစ်ပါတီသည် တရားဝင်အားဖြင့် [[ဗလာဒီမာလီနင်]]၏ ရုရှား[[မာက်စ်ဝါဒီ]] နှင့် အလယ်အလတ်ဒီမိုကရေစီ အခြေခံသဘောတရားအပေါ် ဖွဲ့စည်းထားသည်။ ပါတီ၏ အမြင့်ဆုံး မှာ ငါးနှစ်တွင် တစ်ကြိမ် ကျင်းပေသာ [[အမျိုးသား ကွန်ဂရက်အစည်းအဝေး]]ဖြစ်သည်။ အမျိုးသားကွန်ဂရက်အစည်းအဝေး မကျင်းပဖြစ်တဲ့အခါ ဗဟိုကော်မတီသည် အမြင့်ဆုံးဖြစ်သည်။ သို့သော်ဗဟိုကော်မတီသည် သာမန်အားဖြင့် တစ်နှစ်လျှင်တစ်ကြိမ်သာ တွေ့ဆုံသောကြောင့် အများဆုံးတာဝန်နှင့် ဝတ္တရားများအား ပေါ်လစ်ဗြူရို(Politburo) နှင့် ၎င်း၏အမြဲတမ်းကော်မတီတွင် အပ်နှင်းကြသည်။ ပါတီ၏ ခေါင်းဆောင်သည် အထွေထွေအတွင်းရေးမှူး (အရပ်သားပါတီလုပ်ငန်းတာဝန်များအတွက်တာဝန်)၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဌ (CMC) (စစ်ရေးကိစ္စများကိုတာဝန်)နှင့် နိုင်ငံတော်သမ္မတ (နိုင်ငံ့အကြီးဆုံးရာထူး)၏ရုံးများအား ထိန်းချုပ်ထားသည်။ ထို့ကြောင့် ပါတီခေါင်းဆောင်သည် နိုင်ငံ၏အထွဋ်အထိပ်ခေါင်းဆောင်ဖြစ်သည်။ ၂၀၁၂ခုနှစ်တွင် ကျင်းပခဲ့သော (၁၈) ကြိမ်မြောက် အမျိုးသားကွန်ဂရက်မှ ရွေးကောက်တင်မြှောက် ထားသော လက်ရှိပါတီခေါင်းဆောင်မှာ [[ရှီကျင့်ဖျင်]] ဖြစ်သည်။