အက်တမ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီး →‎ဖွဲ့စည်းပုံ
စာကြောင်း ၉၄ -
၁၉၂ဝတွင် ရူသာဖို့ဒ်သည် အက်တမ် ၏ ဝတ်ဆံ(သို့) နယူကလိယ အတွင်းရှိ ဓာတ်ဖိုဆောင်သော ပရိုတွန် (proton) ကို တွေ့ရှိခဲ့ လေသည်။ သာမာန်အားဖြင့် အက်တမ် တလုံးသည် လျှပ်စစ်ဓာတ် ပျက်ပြယ် နေရမည် ။ ထို့ကြောင့် ဝန်ရံလျက်ရှိသော ဓာတ်မ-အီလက်ထရွန် နှင့် တူညီသည့် ဓာတ်ဖိုများ နယူကလိယ အတွင်းရှိနေရမည်။ ထိုကဲ့သို့ တူညီနိုင်ရန် အီလက်ထရွန် နှင့် ပရိုတွန် အရေအတွက် လည်း တူညီနေရမည်။ အီလက်ထရွန် နှင့် ပရိုတွန် တို့သည် ဆန့်ကျင်ဘက် လျှပ်စစ်ဓာတ်များ တူညီကြသော်လည်း ဒြပ်ထုအားဖြင့် နှိုင်းယှဉ်သော် ပရိုတွန် တလုံးသည် အီလက်ထရွန် အလုံးပေါင်း (၁၈၄၀) နီးပါးခန့် ရှိသည်။ နယူကလိယ ထဲတွင် ဓာတ်ဖို-ပရိုတွန် များ ရှိနေသောကြောင့် ပရိုတွန် အားလုံးပေါင်း ၏ ဒြပ်ထုသည် နယူကလိယ၏ ဒြပ်ထုနှင့် တူညီနေရမည် ဟု ယူဆနိုင်သည် ။ သို့သော် ရူသာဖို့ဒ်က လက်တွေ့ တိုင်းတာကြည့်ရာ နယူကလိယ၏ ဒြပ်ထုသည် ပရိုတွန် အားလုံးပေါင်း၏ ဒြပ်ထုထက် နှစ်ဆခန့် ကြီးလေး နေကြောင်း တွေ့ရပြန်သည်။ လျှပ်စစ် သီအိုရီအရ ကိုက်ညီသော်လည်း အမည်မသိသော အမှုန်များသည် နယူကလိယ အတွင်း ရှိနေကြောင်း သိလာရသည်။ ၎င်းအမှုန်များသည် ဓာတ်မ-ဓာတ်ဖို မရှိသောကြောင့် ဓာတ်မဲ့ပရိုတွန်(neutral proton) ဟု သတ်မှတ်ခဲ့ သည်။ လျှပ်စစ်ဓာတ် မရှိသောကြောင့် စမ်းသပ် ကြည့်ရှုရန် ခက်ခဲ နေသော ပုစ္ဆာတပုဒ် ဖြစ်ခဲ့ရလေသည် ဓာတ်မဲ့ ပရိုတွန် ကို သေချာတိကျစွာ မရှင်းပြနိုင်ခဲ့သော်လည်း နယူကလီယ အတွင်း ရှိနေကြောင်းကို ဟောကိန်းထုတ်နိုင်ခဲ့ သည်။
 
၁၉၃၂ ရောက်သောအခါ အင်္ဂလိပ် ရူပဗေဒပညာရှင် [[ဂျိမ်းစ် ချက်ဝစ်]](James Chadwick)သည် နယူကလိယ အတွင်းရှိ ဓာတ်မဲ့ပရိုတွန်ဟု ယူဆခဲ့သော အမှုန်ကို လက်တွေ့စမ်းသပ် တင်ပြနိုင်ခဲ့သည်။ ၎င်းကို နယူထရွန် (neutron) ဟု အမည်ပေးလိုက် သည်။ နယူထရွန် သည် လျှပ်စစ်ဓာတ် မရှိဘဲ ဒြပ်ထုအားဖြင့် ပရိုတွန် နှင့်တူညီ သည်ဟု ယျေဘုယအားဖြင့် သတ်မှတ်နိုင်သည် ။ နယူကလိယ ထဲတွင် နယူထရွန် အရေ အတွက် ပိုများလေလေ အက်တမ်၏ အလေးချိန် ပိုလေး လေလေ ဖြစ်သည်။ အက်တမ် တခု၏ ဖွဲ့စည်းပုံကို (Classical Physics) [[ရှေးရိုးရူပဗေဒ]] နည်းအရ ဆိုသော် အခြေခံ အမှုန် သုံးမျိုးဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ရသည်။ အီလက်ထရွန် ၊ ပရိုတွန် ၊ နယူထရွန် တို့ဖြစ်သည် ။ အက်တမ်တလုံး၏ အရွယ် အစား ကိုလည်း လွယ်ကူစွာ တင်ပြပါဦးမည် ။ ထုထည် (၁)ကုဗစင်တီမီတာ ရှိသော (အံစာတုံးခန့်) ကုဗတုံး တခုကို ယူပါ။ ထို့နောက် ၎င်းကို တဝက်စီအကြိမ်ကြိမ် ခွဲစိပ်ပါ ။ ထိုကဲ့သို့ ခွဲစိတ်ရာတွင် အစိတ် အပိုင်းပေါင်း (သို့မဟုတ်) အမှုန်ပေါင်း ကိုရေတွက်ကြည့်လျင် (စုစုပေါင်းအမှုန်) ကုဋေတစ်ထောင်၏ နှစ်ထပ်ကိန်း ရအောင် ခွဲစိတ်ရမည် ။ ၎င်းခွဲစိတ်ပြီးသော အမှုန်များထဲမှ တခုသော အမှုန်ငယ် လေးသည် အက်တမ် (Atom) တစ်လုံး ဖြစ်ပါသည် ။ သိပ္ပံနည်းကျ သင်္ချာဆိုင်ရာ ပုံသေနည်းဖြင့် တိကျစွာ ဖေါ်ပြရလျှင် (N=ρNa/M) ။ N=၁ကုဗစင်တီတွင် ရရှိမည့်အက်တမ်ပေါင်း ၊ρ = ၁စင်တီ-ကုဗတုံး၏ [[သိပ်သည်းဆ]] ၊MM= အက်တမ်၏ နယူကလိယတန်ဖိုး (mass number) ၊NaNa= [[အက်ဗိုဂါးဒိုကိန်းသေ]] တန်ဖိုး(Avogadro’s number)= (6.02x102302x10<sup>23</sup>) ဖြစ်သည်။
 
==ကိုးကား==
{{Reflist}}