ဗညားဦး: တည်းဖြတ်မှု မူကွဲများ

Added မုတ္တမကို မှ ဒုန်ဝန်းသို့ဆုတ်ခွာရခြင်း
No edit summary
စာကြောင်း ၅၀ -
ညတစ်ညတွင် လသို့ကြယ်တံခွန်ပြေးဝင်သည်ကို ဗညားဦးမြင်လျှင် ပရောဟိတ်တို့ကို နိမိတ်ဖတ်စေ၏။ ပရောဟိတ်တို့ကလည်း ကျွန်များပုန်စားကြမည်ဖြစ်ကြောင်း၊ မကြာမီသိရမည်ဖြစ်ကြောင်း၊ မြို့ရွာကို အကြာကြီးခွာ မနေသင့်ကြောင်း၊ နန်းတော်သို့ ဆောလျင်စွာ ပြန်ဝင်သင့်ကြောင်း လျှောက်ကြလေ၏။ မုတ္တမသို့ပြန်၍ ခရီးလည်သို့ရောက်လျှင် ဗြတ်ထဗပုန်စားကြောင်းကို ဗညားဦးကြားလေသည်။ ထိုအခါ မြို့စားရွာစား မှူးမတ်သေနာပတိအားလုံးကို စုရုံးပြီး ဗညားဦးကိုယ်တိုင် မုတ္တမသို့အပြင်းချီလေသည်။ မုတ္တမသို့ရောက်လျှင် မြို့ပြင်မှနေ၍ အပြင်းတိုက်သည်။ မြို့ထိပ်မှ မီးပေါက်သေနတ်များဖြင့် ပစ်ခတ်ကြသဖြင့် သူ့ရှင်၏ သူရဲများ သေပျောက်ကြ၏။ ဗြတ်ထဗသည် ဗညားဦးနှင့် ပါသောသူတို့၏ မယားများကို နှိပ်စက်သဖြင့် အချို့လည်း မယားကိုသနား၍ ဗြတ်ထဗထံ ညအချိန် ဝင်လာကြ၏။ ထိုအခါပွန်စိုအမတ်က ယောက်ဖတော် သမိန်ဗြထပိုက်၏ စစ်ကူတပ်များကိုစောင့်ရန်၊ မုတ္တမတွင် ယောက်ဖတော်၏တပ်ကို ခံတိုက်စေပြီး မင်းကြီးအား ဒုန်ဝန်းသို့ ပြန်လှည့်နေရန် လျှောက်ထား၏။ သူ့ရှင်လည်း ယောက်ဖတော်ကို ဗိုလ်မင်းခန့်၍ ဒုန်ဝန်းသို့ဆုတ်ချေ၏။
ဗြထပိုက်လည်းမြို့ကိုဝန်းရံထားကာနေ၏။ တစ်လမျှကြာသော် မြို့တွင်း၌ အစာရေစာပြတ်လတ်ကာ ဆန်လည်းရှားလာသည်။ ထိုအခါ ဗြတ်ထဗ၏စေခိုင်းချက်အရ မယားဖြစ်သူမိမဆံလည်း ပရိယာယ် ပြု၍ဗြထပိုက်ကို အဆိပ်ခတ်ကာ လုပ်ကြံလေ၏။ တပ်မင်းဗြထဗိုက် မရှိလျှင် တပ်ပျက်၍ ဒုန်ဝန်းသို့ဆုတ်ချေ၏။
 
ဗြထဗိုက်လွန်သော် ဗညားဦးသည် မှော်ဘီစား ဇေယျသူရကို ဗိုလ်မင်းကြီးခန့်၍ မှူးမတ်သေနာပတိများကို အပ်၍ မုတ္တမကိုလုပ်ကြံစေပြန်သည်။ ဇေယျသူရလည်း အချိန်ကောင်းအခါကောင်းကိုရလျှင် ဗိုလ်ခြေအင်အားကြီးမားစွာဖြင့် မုတ္တမသို့ စစ်ချီကာ အပြင်းတိုက်လေသည်။ စစ်ပရိယာယ်မဆင်ဘဲ စိတ်လိုက်မာန်ပါတိုက်ခြင်းဖြစ်ရကား ဇေယျသူရမှာလည်း သေနတ်မှန်၍ ဆင်ထက်တွင်ပင် ကျလေသည်။ဗိုလ်မင်းကြီးကျလျှင် တပ်ပျက်၍ဆုတ်ပြေးကြသည်။ ဗြတ်ထဗကလိုက်ရာ ဇင်းကျိုက်ရောက်လျှင် ဇေယျသူရ၏ တပ်မှူးအမတ်ငါးယောက်ကို မိလေသည်။၎င်းတို့ကို သဘောတွင် သံခြေချင်းခတ်ကာ ကုလားပြည်သို့ပို့လိုက်လေသည်။
 
ဇေယျသူရကျဆုံး၍ အမတ်ငါးဦးအား ကုလားပြည်သို့ အပို့ခံရသဖြင့် ဗညားဦးလည်း လွန်စွာစိတ်ဆင်းရဲတော်မူသည်။ မုတ္တမတိုက်ပွဲတွင် နှစ်ကြိမ်တိုင်တိုင် တပ်ပျက်ခဲ့သဖြင့် နောက်ထပ်မတိုက်စေတော့ဘဲ၊ ဒုန်ဝန်းမြို့တွင်သာ သူ့ရှင်နေတော်မူသည်။ မြို့၊ ပြ၊ ကျုံးမြောင်း ခိုင်ခံ့အောင် စီရင်တော်မူသည်။
 
== နတ်ရွာစံခြင်း ==