ဗညားဦး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး typo
အရေးမကြီး typo
စာကြောင်း ၄၄ -
 
==မုတ္တမမှ ဒုန်ဝန်းသို့ ဆုတ်ခွာရခြင်း==
ဇင်းမယ်စစ်ကို နိုင်ပြီး သုံးနှစ်အကြာတွင် သက္ကရာဇ် ၇၀၆ခုနှစ်တွင် ဆင်ဖြူတော် အသက် ၇၀၌ အနိစ်စရောက်သည်။အနိစ္စရောက်သည်။ ဗညားဦးမှာ စိတ်မချမ်းမသာ လွန်စွာပူပင်သောကရောက်လေ၏။ ထိုအခါ လဗူတောတွင် ဆင်ကောင်းတစ်စီးကိုတွေ့ရှိခဲ့ကြောင်း ဆင်ရ့ကရိတို့ဆင်ရံကရိတို့ လာရောက်လျှောက်တင်ကြသည်။ ထို့နောက် ဗညားဦးမင်းသည် လဗူတောတွင်းသို့ ဝင်၍ လေးလမျှကြာအောင် ဆင်ရံလေ၏။ လဗူတောသို့သွားရာ သားတော်များ၊ မြေးတော်များ၊ ဆင်မြင်းဗိုလ်ပါနှစ်သောင်းကျော်၊ ယောက်ဖတော် ဗြထဗိုက်၊ အမတ်ပွန်စို၊ အန်နရာ၊ သမိန်ဇိပ်ဗြဲ၊ စောပြလက်စသော စစ်သေနာပတိ မြို့စားကြီးများနှင့် အခြားသော မြို့စားရွာစားများ ပါဝင်သည်။
 
ဤသို့ ဆင်ရံသွားစဥ်အတွင်း စောအဲပြသတ်၏သားများဖြစ်သော ဗြတ်ထဗတို့ ညီနောင်လေးယောက်(ဗြတ်ထဗ၊ အဲပြဗုန်၊ လောက်ဖြား၊ ဥလို)စလုံး ပုန်စားကြလေ၏။ ဗြတ်ထဗ ကမုတ္တမတွင်၊ အဲပြဗုန်က လဂွန်းဗျည်း၊ လောက်ဖြား ကမြောင်းမြနှင့် ဥလိုက မော်လမြိုင်တွင် အခိုင်အမာ နေနှင့်ကြ၏။
 
ညတစ်ညတွင် လသို့ကြယ်တံခွန်ပြေးဝင်သည်ကို ဗညားဦးမြင်လျှင် ပရောဟိတ်တို့ကို နိမိတ်ဖတ်စေ၏။ ပရောဟိတ်တို့ကလည်း ကျွန်များပုန်စားကြမည်ဖြစ်ကြောင်း၊ မကြာမီသိရမည်ဖြစ်ကြောင်း၊ မြို့ရွာကို အကြာကြီးခွာ မနေသင့်ကြောင်း၊ နန်းတော်သို့ ဆောလျင်စွာ ပြန်ဝင်သင့်ကြောင်း လျှောက်ကြလေ၏။ မုတ္တမသို့ပြန်၍ ခရီးလည်သို့ရောက်လျှင် ဗြတ်ထဗပုန်စားကြောင်းကို ဗညားဦးကြားလေသည်။ ထိုအခါ မြို့စားရွာစား မှူးမတ်သေနာပတိအားလုံးကို စုရုံးပြီး ဗညားဦးကိုယ်တိုင် မုတ္တမသို့အပြင်းချီလေသည်။ မုတ္တမသို့ရောက်လျှင် မြို့ပြင်မှနေ၍ အပြင်းတိုက်သည်။ မြို့ထိပ်မှ မီးပေါက်သေနတ်များဖြင့် ပစ်ခတ်ကြသဖြင့် သူ့ရှင်၏ သူရဲများ သေပျောက်ကြ၏။ ဗြတ်ထဗသည် ဗညားဦးနှင့် ပါသောသူတို့၏ မယားများကို နှိပ်စက်သဖြင့် အချို့လည်း မယားကိုသနား၍ ဗြတ်ထဗထံ ညအချိန် ဝင်လာကြ၏။ ထိုအခါပွန်စိုအမတ်က ယောက်ဖတော် သမိန်ဗြထပိုက်၏ စစ်ကူတပ်များကိုစောင့်ရန်၊ မုတ္တမတွင် ယောက်ဖတော်၏တပ်ကို ခံတိုက်စေပြီး မင်းကြီးအား ဒုန်ဝန်းသို့ ပြန်လှည့်နေရန် လျှောက်ထား၏။ သူ့ရှင်လည်း ယောက်ဖတော်ကို ဗိုလ်မင်းခန့်၍ ဒုန်ဝန်းသို့ဆုတ်ချေ၏။
ဗြထပိုက်လည်းမြို့ကိုဝန်းရံထားကာနေ၏။ တစ်လမျှကြာသော် မြို့တွင်း၌ အစာရေစာပြတ်လတ်ကာ ဆန်လည်းရှားလာသည်။ ထိုအခါ ဗြတ်ထဗ၏စေခိုင်းချက်အရ မယားဖြစ်သူမိမဆံလည်း ပရိယာယ်ပရိယာယ်ပြု၍ ပြု၍ဗြထပိုက်ကိုဗြထပိုက်ကို အဆိပ်ခတ်ကာ လုပ်ကြံလေ၏။ တပ်မင်းဗြထဗိုက် မရှိလျှင် တပ်ပျက်၍ ဒုန်ဝန်းသို့ဆုတ်ချေ၏။
 
ဗြထဗိုက်လွန်သော် ဗညားဦးသည် မှော်ဘီစား ဇေယျသူရကို ဗိုလ်မင်းကြီးခန့်၍ မှူးမတ်သေနာပတိများကို အပ်၍ မုတ္တမကိုလုပ်ကြံစေပြန်သည်။ ဇေယျသူရလည်း အချိန်ကောင်းအခါကောင်းကိုရလျှင် ဗိုလ်ခြေအင်အားကြီးမားစွာဖြင့် မုတ္တမသို့ စစ်ချီကာ အပြင်းတိုက်လေသည်။ စစ်ပရိယာယ်မဆင်ဘဲ စိတ်လိုက်မာန်ပါတိုက်ခြင်းဖြစ်ရကား ဇေယျသူရမှာလည်း သေနတ်မှန်၍ ဆင်ထက်တွင်ပင် ကျလေသည်။ဗိုလ်မင်းကြီးကျလျှင် တပ်ပျက်၍ဆုတ်ပြေးကြသည်။ ဗြတ်ထဗကလိုက်ရာ ဇင်းကျိုက်ရောက်လျှင် ဇေယျသူရ၏ တပ်မှူးအမတ်ငါးယောက်ကို မိလေသည်။၎င်းတို့ကို သဘောတွင် သံခြေချင်းခတ်ကာ ကုလားပြည်သို့ပို့လိုက်လေသည်။