သပြေတန်း ခံတပ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီး +img
စာကြောင်း ၁ -
[[File:Thapyaytan Fortress.jpg|thumb|သပြေတန်းခံတပ်]]
'''သပြေတန်းခံတပ်၊ ရွှေကြက်ယက်ခံတပ်၊ ခံတပ်တော်ကြီး'''ဟူ၍ အမည်အမျိုးမျိုးနှင့် ထင်ရှားခဲ့သော ဤ[[ခံတပ်]]ကို [[မင်းတုန်းမင်း]]လက်ထက်၊ ၁၈၆၈-ခုနှစ်ခန့်လောက်က တည်ဆောက်ခဲ့သည်ဟု ခန့်မှန်းရသည်။ ခံတပ်တော်ကြီးကို မူလက တော်ဝင်နန်းသုံး အမည်ပေးခဲ့သော်လည်း အမည်မတွင်ဘဲ [[ရွှေကြက်ယက်]]တောင်ကုန်းကိုစွဲ၍ ရွှေကြက်ယက် ခံတပ်ဟု၄င်း၊ သပြေတန်းရွာငယ်ကို စွဲ၍ သပြေတန်း ခံတပ်ဟု၄င်း ခေါ်တွင်ခြင်းဖြစ်ဟန်ရှိသည်။
==တည်နေရာ==
Line ၆ ⟶ ၇:
 
==ပုံသဏ္ဌာန်==
[[File:Thapyaytan Fortress 2.jpg|thumb|ခံတပ်အလယ်ရှိ မြေကွက်လပ်]]
ခံတပ်တည်ဆောက်ပုံမှာ မြေတိုက်သဖွယ် ဖြစ်သည်။ အပြင်နခမ်းသားမှ တဆင့်ပြီး တဆင့် မြေဖို့ထားသည်။
အတွင်းထပ်ပါ သုံးဆင့် လေးထပ်ဖြစ်သည်။ ခံတပ်အလယ်ဗဟိုတွင် ကွက်လပ်ကျယ်ကြီးတစ်ခု ပြုလုပ်ထားသည်။ ၎င်းကွက်လပ်မှ အရှေ့ဘက် (၁၃၇)ပေ၊ တောင်ဘက်(၁၂၃)ပေ၊ အနောက်ဘက်(၁၅၁)ပေနှင့် မြောက်ဘက်(၁၇၆)ပေ အသီးသီးရှိသည်။ အပေါ်ထပ်မှ အတွင်းဘက် အောက်ထပ်များသို့ ဆင်းရန် ဒေါင့်လေးဒေါင့်တွင် လှေခါးများ ရှိသည်။ အပေါ်ဆုံးထပ်မှ ဗဟိုကွက်လပ်ကျယ်ကြီးသို့ ဆင်းရန် အရှည် ၁၈' အကျယ် ၁၄'၆"ရှိ အုတ်လှေခါးကြီး တစ်ခုကို အနောက်မြောက်ဒေါင့်တွင် ပြုလုပ်တပ်ဆင်ထားသည်။