စောလူးမင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 7 interwiki links, now provided by Wikidata on d:q1395934 (translate me)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁ -
==စောလူးမင်း(အေဒီ၁၀၇၈-၁၀၈၄)==
မင်းလုလင် ဟူ၍လည်း သမိုင်းတွင် ထင်ရှားသည်။ ငယ်ရွယ်သောမင်း ဟုအဓိပ္ပါယ်ရှိသည်။ ဘွဲ့အမည်မှာ''' ဂြီ့ဝဇြာဘရဏဂြီဝဇြာဗရဏ တြိဘုပတိ''' ဖြစ်သည်။ ဖခင်ဖြစ်သူ [[အနော်ရထာ]] တည်ထောင်ခဲ့သည့် တိုင်းပြည်ကို အရည်အချင်းရှိရှိဖြင့် ဆက်ခံနိုင်သူမဟုတ်ဟု သမိုင်းကပြဆိုသည်။ငယ်ရွယ်သူဖြစ်သည့်အလျှောက် တိုင်းပြည်အုပ်ချုပ်ရေးတွင်အားနည်းပြီး၊အပျော်အပါးတွင် ဝါသနာကြီးသူအဖြစ် ဖော်ပြလေ့ရှိကြသည်။တိုင်းပြည်အခြေအနေ ယိုယွင်းလာမည်ကို ကြိုတင်မြင်ကြသည့် မှုးမတ်များ၏ အကြံပြုချက်ကြောင့် အနော်ရထာလက်ထက်က နန်းတော်မှစကာ ထွက်ပြေးနေသည့်[[ကျန်စစ်သား]] အားပြန်လည်ခေါ်ယူခဲ့သည်။သို့သော် မခံချင်စိတ်ဖြင့် ပုန်ကန်သူပဲခူးစား [[ငရမန်ကန်း]]နှင့် စစ်ပြုရာ ၄င်း၏ ပရိယာရ်တွင် ကျဆုံးရပြီး၊ပြည်တော်သာကျွန်းတိုက်ပွဲတွင် ရန်သူလက်သို့ပါရသည်။ ကျန်စစ်သားက ရန်သူတပ်တွင်း စွန့်စားဝင်ရောက်ကာ အချုပ်မှ ကယ်ရန်ကျိုးပမ်းသော်လည်း ယုံကြည်ခြင်းမရှိ၍ အော်ဟစ်ရုန်းကန်သောကြောင့် ရန်သူလက်တွင်း၌သာ အဖမ်းခံဘဝနှင့် အသတ်ခံရပြီးကွယ်လွန်ခဲ့သည်။၄င်းလွန်သော် ကျန်စစ်သားက ပုဂံထီးနန်းကို ဆက်ခံပြီး တိုင်းပြည်အခြေအနေကို ထိန်းသိမ်းခဲ့သည်။
 
==စောလူးမင်း(မြန်မာ ၄၃၉-၄၄၆)==