ကျောက်ခေတ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
No edit summary |
||
စာကြောင်း ၂ -
'''ကျောက်ခေတ်''' ဆိုသည်မှာ ရှည်လျားသော သမိုင်းမတင်မီကာလတစ်ခုဖြစ်ပြီး လူသားတို့သည် လက်နက်[[ကိရိယာ]] တန်ဆာပလာများ ပြုလုပ်ရန်အတွက် ကျောက်ဆိုင်ကျောက်ခဲများ ကို အဓိကထား၍ အသုံးချသော အချိန်ကာလကိုခေါ်သည်။
ထိုခေတ်ထိုအခါက လူသားများသည်
[[File:Arrowhead.jpg|thumb|left|သဘာဝမှန်ဖြင့် ပြုလုပ်ထားသော ထိပ်ချွန်]]
ဤအချိန်ကာလသည် လူ၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်မှုတွင် ပထမဆုံး နည်းပညာကို ကျယ်ပြန့်စွာ အသုံးပြုခြင်းများ နှင့် အရှေ့အာဖရိကရှိ ဆာဗားနားမှာ တကမ္ဘာလုံးသို့ လူသား တို့ပျံ့နှံ့သွားခြင်းတို့ ပါဝင်နေသည်။ ကျောက်ခေတ်သည် [[စိုက်ပျိုးမွေးမြူရေး]] တိုးတက်လာခြင်း ၊ အချို့သော သတ္တဝါများကို ယဉ်ပါးအောင် မွေးမြူလာခြင်း၊ [[ကြေးနီ]]ရိုင်းများကို အရည်ကျို၍ သံဖြစ်အောင် ပြုလုပ်ခြင်းတို့ဖြင့် ပြီးဆုံးခဲ့သည်။ ထိုကာလတွင်
ကျောက်ခေတ်ဆိုသည့် အသုံးအနှုန်းကို ရှေးဟောင်းသုတေသနပညာရှင်တို့က သတ္တုကို အသုံးမပြုမီ ရှည်လျားသော အချိန်ကာလကို ရည်ညွှန်းခေါ်ဆိုလေ့ရှိပြီး ထိုခေတ်အခါက ကျောက်ဖြင့် ပြုလုပ်သော ကိရိယာများမှာ အခြားနုသော ပစ္စည်းများဖြင့် ပြုလုပ်ထားသော ကိရိယာများထက် ပို၍ များပြားစွာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်သည်။ ထိုကာလသည် ခေတ်သုံးခေတ်ပိုင်းခြားထားသော အချိန်ကာလမှ ပထမဆုံးခေတ်ဖြစ်သည်။ ကျောက်ခေတ်ကို ကျောက်ခေတ်ဦးပိုင်း နှင့် ကျောက်ခေတ်နှောင်းပိုင်း ဟူ၍ ပိုင်းခြားခြင်းကို ၁၈၅၉ ခုနှစ်တွင် ဂျန် ဂျက်ကော့ဘ် ဝေါဆာ (Jens Jacob Worsaae) မှ သူ၏ ၁၈၅၁ ခုနှစ်တွင် စတင်ခဲ့သည့် ဒိန်းမတ်တို့နှင့် ဆိုင်သော လူတို့အခြေချနေထိုင်မှုနှင့်ပတ်သက်သည့်တွေ့ရှိချက်များကို အခြေခံ၍ တင်ပြခဲ့သည်။ ယနေ့တိုင် အသုံးပြုနေကြဆဲဖြစ်သော ကျောက်ခေတ်ဟောင်း (Palaeolithic)၊ ကျောက်ခေတ်လယ် (Mesolithic) နှင့် ကျောက်ခေတ်သစ် (Neolithic) ဟူ၍ ထပ်ဆင့်ပိုင်းခြားခြင်းကို ဇွန်လပ်ဘောက် (John Lubbock) က ၁၈၆၅ ခုနှစ်တွင်ထုတ်ဝေခဲ့သည့် သမိုင်းမတင်မီကာလ (Pre-historic Times) ဟူသော ဂန္ထဝင် စာရင်းဝင် စာအုပ်တွင် စတင်ခဲ့သည်။ ထိုအချိန်ကာလ ၃ ခုကို ထပ်မံ၍ အစိတ်အပိုင်း ပိုင်းခြားကြသည်။ လက်တွေ့တွင်မူ ထိုသို့ခေတ်ကာလ ပြောင်းလဲမှုမှာ ဒေသ (ယဉ်ကျေးမှု) ပေါ်မူတည်၍ တနေရာနှင့် တနေရာ အကြီးအကျယ် ကွဲပြားခြားနားကြသည်။ လက်တွေ့တွင်မူ လူသားတို့သည် သံခေတ်များတွင်ပင် နေရာဒေသ အသစ်များသို့ ဆက်လက်၍ ပျံ့နှံ့သွားခဲ့သည်။ ထို့ကြောင့် ကျောက်ခေတ်ကာလများ ဟု ရည်ညွှန်းခြင်းထက် ကျောက်ခေတ်ကာလတစ်ခုဟု ရည်ညွှန်းခြင်းက ပို၍ လျော်ကန်သင့်မြတ်သည်။ ယနေ့ခေတ်လူတို့ သုံးနှုန်းကြသည့် အသုံးအနှုန်းများအရ ကျောက်ခေတ်ဆိုသည့် စကားလုံးသည် အငြင်းပွားဖွယ်ရာ စကားလုံးပင်ဖြစ်သည်။ မနုဿဗေဒ ပညာရှင်များ အသင်းက ထိုအသုံးအနှုန်းကို အားမပေးပေ။
စာကြောင်း ၁၃ -
== မြန်မာနိုင်ငံနှင့် ကျောက်ခေတ်သမိုင်း ==
ကျောက်ခေတ်သမိုင်းနှင့်ပတ်သတ်၍ မြန်မာနိုင်ငံတွင် ရေနံရှာဖွေရန်အတွက် ရောက်ရှိလာသော ဉရောပတိုက်သား ဘူမိဗေဒပညာရှင်များက ယင်းတို့၏ တွေ့ရှိချက်များကို
မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက မြန်မာ့ကျောက်ခေတ်ကာလကို အစောဆုံးအားဖြင့် လွန်ခဲ့သောအနှစ်၅၅၀၀၀၀မှစတင်ခဲ့မည်ဟု ခန့်မှန်းခဲ့သည်။ အဂ်လန်နိုင်ငံမှရှေးဟောင်းသုတေသီ အဲလစ်စဘက်သ်မိုးကမူ ထိုင်းနိုင်ငံမှ ကျောက်ခေတ်ဒေသများနှင့် နှိုင်းယှဉ်ပြီး အရင်အနှစ်၇၅၀၀၀၀ကစတင်ခဲ့သည်ဟု ခန့်မှန်းခဲ့လေသည်။ တောင်ကြီးခရိုင် ရေငံမြို့နယ် ညောင်ကြတ်-ရေပုတ်သွားမြဲလမ်းဘေးရှိ [[ဗဒလင်းဂူ]]၌ ကျောက်ခေတ် လူသားများ၏လက်ရာနံရံပန်းချီများအား ၁၉၆ဝနှစ်များအတောအတွင်း ဘူမိဗေဒပညာရှင် ဦးခင်မောင်ကျော်က စတင်တွေ့ရှိခဲ့သည်။ ၁၉၆၉ ခုနှစ်တွင်ထိုခေတ်ကာလက
ထို့နောက်၁၉၇၀ခုနှစ်များမှ စတင်ပြီးမန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် ကျောက်ခေတ်သစ်ဒေသများကို တူးဖော်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လာသည့် ကျောက်ခေတ်သစ်ယဉ်ကျေးမှုရပ်ဝန်းများကို ထင်ရှားစေခဲ့ပါသည်။ ထိုဒေသတို့မှ အထောက်အထားများအရ ကျောက်ခေတ်ဟောင်းဒေသများနှင့် ကွဲပြားပြီး လူနေမှုအဆင့်အတန်းကွာခြားလာသည့် ကျောက်ခေတ်သစ်ဓလေ့များယဉ်ကျေးမှုများကို သိရှိလာခဲ့သည်။
== ကျောက်ခေတ်အပိုင်းအခြားများ ==
လွန်ခဲ့သော နှစ်ပေါင်း ၆၀ဝ ဝ၀ဝ မှ ၁၂၀၀ဝ ကြားအား ကျောက်ဟောင်းခေတ် [[ကျောက်ခေတ်ဟောင်း]]ဟုလည်းကောင်း၊ နှစ်ပေါင်း ၁၂၀၀ဝ မှ ၉၀၀ဝ ကြားအား ကျောက်လယ်ဟုလည်းကောင်း၊ နှစ်ပေါင်း ၉၀၀ဝ မှ ၅၀၀ဝကြားအား ကျောက်သစ်ခေတ်[[ကျောက်ခေတ်သစ်]]ဟုလည်းကောင်း ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည်။ သို့သော် ထိုအခေါ်အဝေါ်များမှာ အနောက် အာရှဒေသအတွက်သာဖြစ်၍ အခြားနေရာဒေသများအတွက်မူ သီးခြားနှစ်အပိုင်းအခြားများလည်း ရှိမည်ဟု ယူဆထားကြသည်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအတွက်မူ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀၀ဝ မှ ၄၂၀၀ဝ ထိအား ကျောက်ခေတ်ကာလဟုခေါ်သင့်၍ နှစ်ပေါင်း ၄၂၀၀ဝ မှ ၂၂၀၀ဝ ထိကာလအား သစ်သား ကာလဟုခေါ်သင့်ကြောင်း အရှေ့တောင်အာရှသမိုင်းမတင်မီခေတ်ကာလပညာရှင် အမေရိကန်လူမျိုး ဒဘလျူဂျီစိုလ်းဟိမ်းက တင်ပြခဲ့သည်။ ထိုအယူအဆကို မြန်မာ့သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းက ယေဘုယျအားဖြင့် လက်ခံထားသည်ကို ယင်း၏ စာအုပ်စာတမ်းများတွင် အထင်အရှားတွေ့မြင်နိုင်ပါသည်။▼
▲၁၂၀၀ဝ မှ ၉၀၀ဝ ကြားအား ကျောက်လယ်ဟုလည်းကောင်း၊ နှစ်ပေါင်း ၉၀၀ဝ မှ ၅၀၀ဝကြားအား ကျောက်သစ်ခေတ်[[ကျောက်ခေတ်သစ်]]ဟုလည်းကောင်း ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည်။ သို့သော် ထိုအခေါ်အဝေါ်များမှာ အနောက် အာရှဒေသအတွက်သာဖြစ်၍ အခြားနေရာဒေသများအတွက်မူ သီးခြားနှစ်အပိုင်းအခြားများလည်း ရှိမည်ဟု ယူဆထားကြသည်။ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအတွက်မူ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀၀ဝ မှ ၄၂၀၀ဝ ထိအား ကျောက်ခေတ်ကာလဟုခေါ်သင့်၍ နှစ်ပေါင်း ၄၂၀၀ဝ မှ ၂၂၀၀ဝ ထိကာလအား သစ်သား ကာလဟုခေါ်သင့်ကြောင်း အရှေ့တောင်အာရှသမိုင်းမတင်မီခေတ်ကာလပညာရှင် အမေရိကန်လူမျိုး ဒဘလျူဂျီစိုလ်းဟိမ်းက တင်ပြခဲ့သည်။ ထိုအယူအဆကို မြန်မာ့သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းက ယေဘုယျအားဖြင့် လက်ခံထားသည်ကို ယင်း၏ စာအုပ်စာတမ်းများတွင် အထင်အရှားတွေ့မြင်နိုင်ပါသည်။
ထိုသစ်သားကာလ၌ ရှေးကျောက်ခေတ် လူသားများသည် သစ်၊ဝါး နှင့် ကျောက်လက်နက်ကိရိယာများအားပေါင်းစပ်၍ အသုံးပြုလာတတ်ကြသည်။ သို့သော်ရာသီဥတု တိုက်စားသောဒဏ်ကြောင့် သစ်နှင့်ပေါင်းစပ်ထားသော ကျောက်လက်နက် အနည်းငယ်မျှသာ အထောက်အထားဖြစ် ကျန်ရစ်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၂၀၀ဝ မှ ၁၁၀၀ဝ ထိကာလအား ဒေသစွဲကာလဟု ခေါ်သင့်ကြောင်းလည်း ပညာရှင်များက လက်ခံခဲ့ကြသည်။ ထိုခေတ်ကာလ၌ လူတို့သည် မိမိတို့၏ ဒေသအတွင်းတွင်သာနေ၍ အခြားမျိုးနွယ်စုများနှင့် အဆက်ဖြတ်ထားသောကြောင့်ဖြစ်သည်ဟု ယူဆရသော်လည်း အဆိုပါအချက်ကို ငြင်းချက်ထုတ်နိုင်သော ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများကို တွေ့ရှိလာရပြီဖြစ်သည်။ ထိုခေတ်ကာလတွင် လူတို့သည် စိုက်ပျိုးရေးလုပ်ငန်းအား အနည်းငယ်လုပ်ကိုင်လာကြသည်။ ကျောက်လက်နက်ကိရိယာများအားလည်း အနည်းငယ်ချောအောင် သွေးတတ်လာကြသည်။ အိုးများအားလည်း စတင်ပြုလုပ်လာကြသည်။ သို့သော်ဂူအတွင်း၌သာ ဆက်လက်နေထိုင်သူများရှိသလို လွင်ပြင်ဒေသများတွင်နေထိုင်သူများကလည်း အမဲလိုက်ခြင်း၊ အစားအစာစုဆောင်းခြင်းများကို
ကိုပင် ဆက်လက်လုပ်ကိုင်ခဲ့ကြသည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ဝ လောက်မှစတင်ကာ မြေဩဇာကောင်းသော လွင်ပြင်များတွင် ကျောက်ခေတ်လူသားများသည် စိုက်ပျိုးရေး၊ မွေးမြူရေးများကို ပြုလုပ်လာကြသည်။ ထိုအချိန်မှစတင်၍ စိုက်ပျိုးရေးလုပ်ငန်းများအားကောင်းလာပြီး ရှေးဦး သမိုင်းကာလအထိ ယဉ်ကျေးမှုများတိုးတက်လာခဲ့သည်။ ဤသည်တို့မှာ [[မြန်မာနိုင်ငံ]] နှင့်သက်ဆိုင်ဆီလျော်သော ကျောက်ခေတ်ကာလ အပိုင်းအခြားများဖြစ်သည်။
= အကိုးအကား =
[http://en.wikipedia.org/wiki/Stone_age]english wiki
အသစ်မြင်မြန်မာသမိုင်း ဒေါက်တာသန်းထွန်း
[[Category:သမိုင်း]]
|