ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၅၀ -
'''ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်'''သည် ရန်ကုန်မြို့ မြောက်ဘက် ၁၅ ကီလိုမီတာအကွာ မင်္ဂလာဒုံတွင် တည်ရှိသောကြောင့် မင်္ဂလာဒုံလေဆိပ်ဟုလည်း အမည်တွင်သည်။ ယင်းလေဆိပ်သည် [[မြန်မာပြည်|မြန်မာနိုင်ငံ]]တွင် ဒုတိယအကြီးဆုံး လေဆိပ်ဖြစ်ပြီး အဓိကကျသည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုဖြစ်သည်။
 
လေဆိပ်အဆောက်အဦး (၃) ခု တည်ရှိပြီး လေဆိပ်အဆောက်အဦး (၁) နှင့် (၂) မှာ ပြည်ပ ခရီးစဉ်များအတွက် အသုံးပြုကာ လေဆိပ်အဆောက်အဦး (၃) မှာ ပြည်တွင်း ခရီးစဉ်များအတွက် အသုံးပြုသည်။ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၄.၆၈ သန်း ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ ပြည်တွင်းလေကြောင်းလိုင်း (၁၀) လိုင်း နှင့် ပြည်ပ လေကြောင်းလိုင်း (၃၀) လိုင်းတို့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အသုံးပြုနေသည်။ ထိုပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများသည် ပြည်တွင်း (၂၆) မြို့ နှင့် ပြည်ပ (၂၂) မြို့သို့ ရန်ကုန်မြို့နှင့် ချိတ်ဆက်ပျံသန်းလျက်ရှိသည်။
လေဆိပ်၏ တာမီနယ်အဟောင်းမှာ ပြည်တွင်းခရီးစဉ်များအတွက်သာ ဖြစ်ပြီး ၂၀၀၇ ခုနှစ် မေလမှ စတင် အသုံးပြုသည့် တာမီနယ် အသစ်မှာ ပြည်ပခရီးစဉ်များကို စီမံသည်။ နှစ်စဉ် ခရီးသည် အဝင်အထွက် ၂.၇ သန်းခန့်ရှိသည်။ <ref name="xinhua">{{cite news|url=http://english.peopledaily.com.cn/200705/25/eng20070525_377971.html|title=Yangon international airport terminal put into service after renovation|date=2007-05-25}}</ref> ၂၀၀၆ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၈ သိန်းခန့်နှင့် ပြည်တွင်း ခရီးသည် ၁.၂ သန်းခန့် ရှိသည်။<ref name="monster">{{cite news|url=http://www.monstersandcritics.com/news/asiapacific/news/article_1309165.php|title=Yangon International Airport opens new terminal|date=2007-07-25|archiveurl=https://archive.is/nI3aZ|archivedate=2013-01-03}}</ref>
မြန်မာနိုင်ငံသားပိုင်လေကြောင်းလိုင်းစုစုပေါင်း ၇ လိုင်း၊နိုင်ငံတကာလေကြောင်းလိုင်း ၂၀ ခန့်လေဆိပ်ကို အသုံးပြုနေသည်။
၂၀၁၁ ခု ဇွန်လတွင် အစိုးရမှ ကိုင်တွယ်နိုင်သည့်ခရီးသည်ပမာဏကို နှစ်စဉ်နှစ်တိုင်း ၄၀ ရာခိုင်နှုန်း ၊ ၂.၇ သန်းမှ၃.၈ သန်း သို့ တိုးချဲ့ရန်ကြေငြာခဲ့သည်။
 
== သမိုင်း ==
Line ၆၈ ⟶ ၆၆:
ပထမထပ်တွင် နိုင်ငံကူးလက်မှတ် စစ်ဆေးရေးကောင်တာ၊ လုံခြုံရေး စစ်ဆေးရေးဂိတ်၊ ထွက်ခွာဂိတ်များနှင့် ဈေးဆိုင်များ ပါဝင်သည်။ ဒုတိယထပ်တွင် ဈေးဆိုင်များနှင့် တတိယထပ်တွင် အပန်းဖြေရန် နေရာများ ပါဝင်တည်ဆောက်ထားသည်။<ref>{{cite web|url=http://www.moi.gov.mm/npe/?q=news/13/03/2016/id-38733|title=တစ်နှစ်လျှင် ခရီးသည် သန်း ၂ဝ ဝန်ဆောင်မှုပေးနိုင်မည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်မှုစီမံကိန်း အဆင့်သုံးဆင့်အနက် ပထမအဆင့် ပြည်ပခရီးသည် လေဆိပ်အဆောက်အအုံသစ် ဖွင့်လှစ်|pubisher=[[ပြန်ကြားရေး ဝန်ကြီးဌာန]]|date=၁၃ မတ် ၂၀၁၆|accessdate=၁၈ မတ် ၂၀၁၆}}</ref>
 
လေဆိပ်အဆောက်အဦး (၁) ဟု ခေါ်ဆိုပြီး ပြည်ပ ဝင်/ထွက် အဖြစ် အသုံးပြုမည်ဖြစ်သည်။ ဖွင့်ပွဲ အခမ်းအနားကို မတ်လ (၁၂) ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ပိုင်အိုးနီးယား အေရိုဒရုန်း ကုမ္ပဏီက တည်ဆောက်ပေးထားပြီး ယခင်က တစ်နှစ်လျှင် ခရီးသည် ၂.၇ သန်း ဝန်ဆောင်မှု ပေးနိုင်ရာမှ ယခုအခါ ခရီးသည် သန်း သန်းခန့်၂၀ ခန့် ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။
 
လေဆိပ်အဆောက်အဦး (၁) ကို ပထမဦးဆုံး စတင်အသုံးပြုသော လေကြောင်းလိုင်းမှာ [[မြန်မာအမျိုးသား လေကြောင်းလိုင်း]]ဖြစ်လာခဲ့သည်။ ထို့နောက် [[ထိုင်းအဲအေးရှား လေကြောင်းလိုင်း]]သည် ဒုတိယ လေကြောင်းလိုင်းအဖြစ် လေဆိပ် အဆောက်အဦး (၁) ကို အသုံးပြုခဲ့သည်။
 
=== လေဆိပ် အဆောက်အဦး (၂) ===
စင်ကာပူအခြေစိုက် CPG Corporation ၏ လေဆိပ်အဆင့်မြှင့်တင်ရေးဌာနမှ ဒီဇိုင်း ရေးဆွဲကာ မြန်မာနိုင်ငံ၏ ရှေ့ပြေး ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Asia World မှ အမေရိကန်ဒေါ်လာ ၁၃.၃သန်း အကုန်အကျခံကာ တည်ဆောက်ခဲ့သည်။<ref name="monster">{{cite news|url=http://www.monstersandcritics.com/news/asiapacific/news/article_1309165.php|title=Yangon International Airport opens new terminal|date=2007-07-25|archiveurl=https://archive.is/nI3aZ|archivedate=2013-01-03}}</ref> တာမီနယ် အသစ်သည် ဆိုက်ရောက်ခရီးသည် ၉၀၀၊ထွက်ခွာခရီးသည် ၉၀၀ ကို တစ်ပြိုင်တည်း ဝန်ဆောင်မှုပေးနိုင်သည်။လေဆိပ်ကြီးတစ်ခု လုံး၏ဒီဇိုင်းနှင့် အသေးစိပ်ကို အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (IATA) ၏ သတ်မှတ်ချက်များ၊ အပြည်ပြည်ဆိုင်ရာ ပြည်သူပြည်သားနှင့် ဆိုင်သောလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း (ICAO) ၏ လုံခြုံရေးသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရန် [[စင်ကာပူဒေါ်လာ]] သန်း ၃၀ အသုံးပြုထားသည်။ အခြားမှတ်သားစရာအချက်အလက်များမှာ
* ပြွတ်ကြပ်ခြင်းလျော့နည်းစေရန်ဆိုက်ရောက်နှင့်ထွက်ခွာ ကို တစ်ထပ်စီ ထား ထားသည်။
* အလိုအလျှောက်လက်ဆွဲအိတ်ကိုင်တွယ်မှု၊ပေါင်းစပ်ထားသော check-in system