အဘိဓမ္မာပိဋကတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၁ -
{{ဗုဒ္ဓဘာသာ}}
{{ပိဋကတ်သုံးပုံ}}
 
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကိုတာ၀တိံသာနတ်ပြည်တွင် ဝါကပ်တော်မူပြီးမယ်တော်မိနတ်သားအားအမှူးထား၍ အဘိဓမ္မာတရားတော်ကိုဟောကြားတော်မူခဲ့ပါသည်။ ထိုသို့ဟောကြားစဉ် နေ့စဉ်ဆွမ်းခံချိန်၌ နတ်ပြည်တွင် နိမ္မိတရုပ်ပွားကို ကိုယ်စားဟောကြားစေပြီး မြောက်ကျွန်းဥတ္တရကုရုသို့ဆွမ်းခံကြွတော်မူပါသည်။ ထိုနောက် အနောတတ်အိုင်၌ဆွမ်းဘုဉ်းပေးတော်မူပြီးအရှင်သာရိပုတ္တရာအား အဘိဓမ္မာတရားတော်ကို အကျဉ်းချုပ်ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည် ပညာဧတဒဂ်ဖြစ်သည့်အတွက် ဘုရားရှင်ဟောကြားအပ်သော တရားအကျဉ်းကို အကျယ်သိမြင်တော်မူပြီး ရဟန်းတော်များကိုပို့ချခဲ့ပါသည်။ အဘိဓမ္မာပိဋကသည် အရှင်သာရိပုတ္တရာ ဟောကြားပို့ချခဲ့သော ပိဋက ဖြစ်ပါသည်။