"စုစုပေါင်း ပြည်တွင်းထုတ်ကုန်" ၏ တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၃ နှစ်
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၄င်း +၎င်း)
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၄င်း +၎င်း))
[[မက်ခရိုစီးပွားရေး]]ပညာ တွင် ငွေကြေးဆိုင်ရာ ကုန်ပစ္စည်းဝယ်ယူမှုကို စုဆောင်း ငွေအောက်တွင် ထည့်သွင်းပြီး ရင်းနှီး မြှုပ်နှံမှုအောက်တွင် မထည့်သွင်း ချေ။ (ဂျီဒီပီ ဖော်မြူလာအောက်တွင် အသုံးစရိတ် အဖြစ် တွေ့ ရသည်။) ကွဲပြား ခြားနားမှုမှာ (စာတွေ့တွင်) ရှင်းပါသည်။
 
ငွေကြေးကို ကုန် သို့မဟုတ် ဝန်ဆောင်မှုအဖြစ် ပြောင်းလိုက်လျှင်၊ တစ်ခုခုဖြင့် အစားထိုး ပြန် မရနိုင်လျှင် ၄င်းသည်၎င်းသည် ရင်းနှီး မြှုပ်နှံမှုအဖြစ် ယူဆသည်။ ဥပမာအား ဖြင့် ငွေချေးစာချုပ် သို့မဟုတ် ရှယ်ယာတစ်ခုဝယ်လျှင် တန်ဖိုးကို ရယူပိုင်ဆိုင်မှုမှာ အမည်ခံမျှသာဖြစ်ပြီး ဤပြောင်းလဲပေးချေခြင်းကို 'ဂျီဒီပီ' ၏ စုစုပေါင်း တန်ဖိုးထဲတွင်
မထည့်သွင်းပေ။ သာမန်အားဖြင့် ဤဝယ်ယူမှုမျိုးကို ရင်းနှီး မြှုပ်နှံမှုဟုဆိုမည်ဖြစ်သည်။ စီးပွားရေးကဏ္ဍ တစ်ရပ်လုံးကို ခြုံစဉ်းစားလျှင် ဤကိစ္စများမှာ ပိုင်ဆိုင်မှု ဖလှယ်ခြင်းသက်သက် သာဖြစ်ပြီး အမှန်တကယ် စီးပွားရေး သို့မဟုတ် 'ဂျီဒီပီ'ဖေါ်မြူလာတွင် အကျုံးမဝင်ပေ။
 
== ဂျီဒီပီတွင် ပါဝင်သော ကိန်းရှင်‌နမူနာများ ==
 
C,I,G နှင့် NX နမူနာများ - ဧည့်သည်တိုးပြီးလာစေရန် သင်၏ ဟိုတယ်အား မွမ်းမံပြင်ဆင်ခကုန်ကျလျှင် ၄င်းသည်၎င်းသည်
ပုဂ္ဂလိရင်းနှီး မြှုပ်နှံခြင်း ဖြစ်သည်။ ဤကိစ္စကို ဆောင်ရွက်ရန် ယာယီအကျိုးတူပူး ပေါင်းလုပ်ဆောင်ခဲ့လျှင် ၄င်းသည်၎င်းသည်
စုဆောင်း ငွေဖြစ်သည်။ ပထမအဓိပ္ပါယ်မှာ ဂျီဒီပီကို တွက်ချက်ရာ တွင် အကျုံးဝင်သည်။ ဒုတိယအဓိပ္ပါယ်မှာ မပါဝင်ပေ။ သို့သော်လည်း ယာယီအကျိုးတူလုပ်ငန်းသည် မိမိအသုံးစရိတ်ကို တွက်ချက်ရာတွင် မွမ်းမံပြင်ဆင်စရိတ်ကို ဂျီဒီပီထဲ ထည့်သွင်းမည်ဖြစ်သည်။ အကယ်၍ ဟိုတယ်သည် သင်၏ ကိုယ်ပိုင်နေအိမ်လည်း
ဖြစ်ခဲ့လျှင် မွမ်းမံပြင်ဆင်စရိတ် များမှာ စားသုံးမှုဖြစ်မည်။ သို့သော် အကယ်၍ အစိုးရဌာနတစ်ခုက ဤဟိုတယ်ကိုပင်
ဤနည်းနှစ်နည်းဖြင့် ယှဉ်ထိုးနှိုင်းယှဉ်လျှင် နှိုင်းရအဆင့်များ ကွဲပြား ခြားနားစွာ တွေ့ရှိရမည်။
 
-ကမ္ဘာ့ငွေကြေးလဲလှယ်နှုန်း ပေါက်ဈေးကို အသုံး ပြုလျှင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတန်ဖိုးတို့ကို ပြောင်းပစ်ပြီးမှ တွက်ချက်သည်။ ၄င်းသည်၎င်းသည် တိုင်းပြည်တစ်ခု၏ နိုင်ငံတကာ ဝယ်လိုအားနှင့် နှိုင်းရ စီးပြား ရေးတောင့်တင်းမှုကိုပို၍ ထင်ဟပ်စေနိုင်သည်။ ဥပမါ ဂျီဒီပီ၏ ၁ဝ ရာခိုင်နှုန်းကို ခေတ်မီ နိုင်ငံခြား ဖြစ် လက်နက်ဝယ်ယူခဲ့ပါက ဝယ်ယူသည့်လက်နက်အရေအတွက်မှာ ငွေလဲလှယ်နှုန်း ပေါက်ဈေး ပေါ်တွင် မူတည်သည်။ အဘယ့်ကြောင့်ဆိုသော် လက်နက်များမှာ နိုင်ငံတကာ ဈေးကွက်တွင် ဝယ်ယူရခြင်း ဖြစ်သည်။
(ခေတ်မီလက်နက်များအတွက် ပြည်တွင်း ပေါက်ဈေးမရှိချေ။)
 
စီးပွားရေးစနစ်တစ်ခုတွင် လူနေမှုအဆင့်အတန်းကို တစ်ဦးချင်း ဂျီဒီပီနှင့် ပြ လေ့ရှိသည်။ ဤနည်းသည် အားသာချက်များရှိသော်လည်း လူနေမှု အဆင့်အတန်းကို ဖေါ်ပြရာတွင် ယင်းကိုအသုံး ပြုခြင်းအပေါ် ဝေဖန်မှုများစွာ ပေါ်ပေါက်ခဲ့သည်။ တစ်ဦးချင်း ဂျီဒီပီဝင်ငွေကို လူနေမှုအဆင့်အတန်း နှိုင်းယှဉ်မှုပြုရာတွင် အသုံး ပြုခြင်း၏ အားသာချက်များမှာ ဤတိုင်းတာမှုကို မကြာခဏ ပြုလုပ်၍ ရခြင်း၊ ကျယ်ပြန့်စွာ ပြုလုပ်နိုင်ခြင်းနှင့် တစိုက်မတ်မတ် ပြုလုပ်၍ ရခြင်းများ ဖြစ်သည်။ နိုင်ငံများစွာတွင် ဂျီဒီပီကိန်းဂဏန်းများကို ၃ လပတ်တကြိမ် ထုတ်ပေးခြင်း (ဤသို့ဖြင့် စီးပြား ရေးစနစ်၏ ဦးတည်ရာကို ဆောလျင်စွာ ဖေါ်ထုတ်သိရှိနိုင်ခြင်း)၊ ကျယ်ပြန့်စွာရရှိနိုင်သည်ဟု ဆိုရာဝယ် တိုင်းပြည်တိုင်း လိုလို၏ ဂျီဒီပီအချို.အစိတ်အပိုင်းကို သိရှိနိုင်ခြင်း (ဤသို့ဖြင့် နိုင်ငံများ၏ လူနေမှုအဆင့်အတန်းကို အကြမ်းဖျင်းနှိုင်းယှဉ်နိုင်ခြင်း၊) တစိုက်မတ်မတ်ဟု ဆိုရာတွင် ဂျီဒီပီကို အဓိပ္ပါယ်ဖွင့်ဆိုရာ၌ အသုံး ပြုသည့် ဘောင်စနစ်များမှာ နိုင်ငံများအတွင်း တစ်ပုံစံတည်း နှီးပြားတူညီသည်ဟု ယူဆ ထားရှိခြင်းတို့ ဖြစ်ကြသည်။
 
ဂျီဒီပီကို အသုံး ပြုရာတွင် အဓိကအားနည်းချက်မှာ ဤကိန်းသည် တိတိကျကျ ပြောရလျှင် လူနေမှုအဆင့်အတန်းကို မဖေါ်ညွှန်းနိုင်ခြင်း ဖြစ်သည်။ ဂျီဒီပီ၏ ရည်ရွယ်ချက်မှာ နိုင်ငံတစ်ခုအတွင်း စီးပြား ရေးလောက၏ သီးခြားအကန့်များအတွင်း လှုပ်ရှားမှုကို သိရှိနိုင်ရန် ဖြစ်သည်။ ဂျီဒီပီ၏ မည်သည့်အစိတ်အပိုင်းကမျှ ၄င်းသည်၎င်းသည် လူနေမှုအဆင့်အတန်းကို ပြသခြင်းမပြုချေ။ အစွန်း ရောက် ဥပမါတစ်ခုဖြင့် ပြရလျှင် တိုင်းပြည်တစ်ခုသည်
မိမိ၏ထုတ်လုပ်မှု ၁ဝဝ ရာခိုင်နှုန်းကို ထုတ်ကုန်အဖြစ် တင်ပို့ခဲ့လျှင် ဂျီဒီပီမြင့်မား နေသော်လည်း လူနေမှု အဆင့်အတန်းများကမူ နိမ့်ကျနေမည်သာ ဖြစ်သည်။
 
ဂျီဒီပီကို ဖေါ်ညွှန်းရာတွင် ၄င်းသည်၎င်းသည် လူနေမှုအဆင့်အတန်းကို မှန်ကန်စွာ ပြသနိုင်ခြင်း ကြောင့် လက်ခံရခြင်း မဟုတ်ပေ။ (အခြားကက္ဍများအားလုံး တူညီနေပါက) တစ်ဦးချင်း ဂျီဒီပီတက်နေပါက လူနေမှုအဆင့်အတန်းပါ လိုက်တက်သည်ကို တွေ့ရ သောကြောင့်ဖြစ်သည်။ ဤအချက်က ဂျီဒီပီသည် လူနေမှုအဆင့်အတန်းကို တိုက်ရိုက်ပြသနိုင်ခြင်း မရှိသော်လည်း လူနေမှုအဆင့်အတန်းကို ကိုယ်စား ပြုလျက် ရှိခြင်းပင်ဖြစ်သည်။ တစ်ဦးချင်းဂျီဒီပီသည် အလုပ်သမားများ၏ ကုန်ထုန်စွမ်းအားကိုလည်း ပြနိုင်သည်။ ကုန်ထုတ်စွမ်းအား မြင့်မားသည်နှင့်အမျှ အလုပ်ရှင်များသည် လုပ်အားခတိုးပေး ခြင်း ဖြင့် အလုပ်သမားများအား ထိန်းထားရသည်။ ကုန်ထုတ်စွမ်းအား ကျဆင်းလျှင် လုပ်ခကိုပါ လျှော့ပေးရသည်။ သို့မှသာလျှင် မြတ်စွန်းမည်ဖြစ်သည်။ ဂျီဒီပီကို အသုံး ပြုသည့်အပေါ် အငြင်းပြားစရာများစွာ ရှိလေသည်။
 
== ဝေဖန်‌ချက်‌များနှင့် ကန့်သတ်‌အားနည်းချက်‌များ ==
စီးပွားရေးပူဖေါင်း၊ အိမ်ရာ ဆောက်လုပ်ရေးပူဖေါင်း သို့မဟုတ် စတော့ရှယ်ယာပူဖေါင်းနှင့် ပုဂ္ဂလိက ငွေစုဆောင်းနှုန်း နိမ့်ကျနေခြင်းများသည် အပေါ်ယံအား ဖြင့် စားသုံးမှု မြင့်မား စေ သည်။ အနာဂတ်ကို ပေါင်နှံထား ခြင်း ကြောင့် တိုးတက်နှုန်း မြန်ဆန်သည်ဟု ထင်ရတတ်သည်။ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုကို လျစ်လျူရှုခြင်းသည် နဂို အခြေအနေပြန်ရောက်စေရန် ကယ်တင်စရိတ်များ ကြီးမား စေတတ်သည်။ ဂျီဒီပီသည် ဤကဲ့သို့ ကိစ္စများကို ထည့်သွင်း မစဉ်းစားချေ။
 
-အမှန်တကယ်ရောင်းရ ငွေကို တိုင်းတာရာတွင် ဂျီဒီပီသည် ပေးလိုက်ရမည့် ငွေနှင့် ပြန်ရမည့် ပုဂ္ဂလဓိဋ္ဌာန်ကျသော တန်ဖိုးတို့၏ ခြားနား ချက်ကို ထိမိစွာ မဖေါ်ညွှန်းနိုင်ပေ။ ထို့ကြောင့် ၄င်းသည်၎င်းသည် ပျမ်းမျှအသုံးတည့်မှုကို လျှော့ပြနိုင်ချေရှိသည်။
 
-နှစ်စဉ်အမှန်တကယ် ဂျီဒီပီ တိုးတက်နှုန်းကို တွက်ရာတွင် 'ဂျီဒီပီစားကိန်း' ကိုသုံး၍ ညှိရသည်။ ဤချိန်ညှိခြင်း ကြောင့် ထုတ်လုပ်ပစ္စည်းတို့.ဓမ္မဓိဋ္ဌာန် ကျသော အရည်အသွေးများကို အချိန်တစ်ခုအတွင်း လျှော့ပြရာ ရောက်စေသည်။ (စားကိန်းသည် တိကျသော ပုဂ္ဂလဓိဋ္ဌာန် အတွေ့အကြုံများကို တိုင်းတာရာတွင် အခြေခံသည်။ ယင်းမှာ ၁၉၈ဝ ဦးပိုင်းကစြပြီး ကွန်ပျူတာ၏ ထက်မြက်သော စွမ်းပကား ဖြင့် စားသုံးသူများ ရရှိသည့် အကျိုး ကျေးဇူးကို တိုင်းတာခြင်း ဖြစ်သည်။) ထို့ကြောင့် ဂျီဒီပီ ကိန်းဂဏန်းသည် နည်းပညာတိုးတက်မှုကြောင့် ရရှိမည့် အမှန်တကယ် လူနေမှုမြင့်မားလာမည့် ကိစ္စကို လျှော့ပြထား ခြင်းမျိုး ရှိနိုင်သည်။
၄၀၄၄၃

တည်းဖြတ်မှုများ