ဟစ်တလာ: တည်းဖြတ်မှု မူကွဲများ

Infobox updated
အရေးမကြီး →‎အတ္ထုပ္ပတ္တိ
စာကြောင်း ၁၁၆ -
 
၁၉၁၄ ခုနှစ်တွင် [[ပထမ ကမ္ဘာစစ်]]ကြီး စတင်ဖြစ်ပွားခဲ့ရာ ဂျာမန်စစ်တပ်အတွင်းသို့ မိမိသဘောဖြင့်ပင် ဝင်ရောက်အမှုထမ်းခဲ့သည်။ စစ်ကြီးပြီးသောအချိန် ၁၉၁၉ ခုနှစ်တွင် ဂျာမန် အလုပ်သမားများပါတီ (DAP) ဟူသည့် ပါတီအသစ်အတွင်းသို့ အဖွဲ့ဝင်အဖြစ် စာရင်းသွင်းခဲ့သည်။ ထိုပါတီကို ၁၉၂၀ တွင် [[အမျိုးသား ဆိုရှယ်လစ် ဂျာမန် အလုပ်သမားများ ပါတီ]] (NSDAP) အဖြစ် အမည်ပြောင်းလဲ ခေါ်တွင်ခဲ့သည်။
[[File:Hitler WWI.jpg|framethumb|ပထမ ကမ္ဘာစစ်အတွင်းက ဟစ်တလာ]]
 
သူ၏စကားပြောပါးနပ်မှု၊ နားထောင်သူကို ဆွဲဆောင်နိုင်မှု၊ အဟောအပြောကောင်းမှုတို့က သူ့ကို စင်ပေါ်သို့လျင်မြန်စွာပင် တွန်းတင်ပေးခဲ့သည်။ အစိုးရအဖွဲ့အတွင်းမှ ပြဿနာများကြောင့် နာဇီပါတီသည် ပြည်သူလူထုကို စည်းရုံးရန် လွယ်ကူခဲ့သည်။