ရှေးဟောင်းအီဂျစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted edits by Dominic Ye (talk) to last revision by 223.136.175.36
အရေးမကြီး Merged
စာကြောင်း ၁ -
 
{{merge|အီဂျစ်၊ ရှေးခေတ်}}
[[File:All Gizah Pyramids.jpg|thumb|250px|ပိရိမစ်များသည် ရှေးဟောင်း အီဂျစ်လူ့အဖွဲ့အစည်းကို အလွယ်တကူ သိမြင်စေနိုင်သော ပြယုဂ်များပင်ဖြစ်သည်။]]
ရှေးခေတ် အီဂျစ်ဆိုသည်မှာ မြောက်အာဖရိကအရှေ့ပိုင်းမှ ရှေးဟောင်း ယဉ်ကျေးမှု လူ့အဖွဲ့အစည်းဖြစ်သည်။ ယနေ့ခေတ် အီဂျစ်နိုင်ငံတည်ရှိရာ နိုင်းမြစ်၏ အောက်ပိုင်းတစ်လျှောက်တွင် စုစည်းတည်ရှိ ခဲ့ကြသည်။ ထိုလူ့အဖွဲ့အစည်းသည် [[ဘီစီ]] ၃၁၅၀ ခန့် ပထမဆုံး ဖာရိုဘုရင်၏ လက်အောက်တွင် အပေါ်ပိုင်း အီဂျစ်နှင့် အောက်ပိုင်းအီဂျစ်တို့ နိုင်ငံရေးအရ ပေါင်းစည်းခဲ့ရာမှ စတင်ခဲ့သည်။ ထိုမှစ၍ နောက်ပိုင်း ထောင်စုနှစ် ၃ ခု အတွင်းတွင် တိုးတက်ပြောင်းလဲ လာခဲ့သည်။ ရှေးခေတ်အီဂျစ်၏ သမိုင်းတွင် တိုင်းနိုင်ငံများ (kingdoms) ဟု သိရှိကြသော ဆက်တိုက်ဖြစ်နေသည့် တည်ငြိမ်အေးချမ်းသည့် ကာလများနှင့် ကြားကာလများ (Intermediate Periods) ဟုသိရှိကြသော မတည်မငြိမ်ဖြစ်နေသော ကာလများ ပါဝင်သည်။ တိုင်းနိုင်ငံသစ် (New Kingdom) ဟု သိရှိကြသော နောက်ဆုံးတိုင်းနိုင်ငံ ပျက်သုဉ်းပြီးချိန်တွင် ရှေးဟောင်းအီဂျစ် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းသည် ပုံမှန် ဖြည်းဖြည်းချင်း ယုတ်လျော့လာသော ကာလသို့ ရောက်ရှိခဲ့သည်။ ထိုအချိန်အတွင်း၌ အီဂျစ်ကို တိုင်းတပါးအင်အားစုများမှ အကြိမ်ကြိမ်သိမ်းပိုက်ခဲ့ကြသည်။ အစောပိုင်း ရိုမန်အင်ပိုင်ယာမှ အီဂျစ်ကို အောင်နိုင်ခဲ့ပြီး ၎င်း၏ နယ်မြေဒေသအဖြစ် သတ်မှတ်လိုက်ချိန် ဘီစီ ၃၁ ခုနှစ်တွင် ဖာရိုဘုရင်တို့၏ အုပ်စိုးမှု သည် တရားဝင် ပြီးဆုံးခဲ့သည်။
စာကြောင်း ၆၂ -
 
စတင်ထူထောင်သူ အေးမို့စ်မှစကာ စစ်ရေးအားသာချက်ဖြင့် နယ်ပယ်များကို သိမ်းသွင်းခဲ့သည်မှာ အီဂျစ်ပြည်၏ နပိုလီယန် ဟုပင်တင်စားလောက်ရသည့် တတိယမြောက် တုမို့စ်လက်ထက်တိုင် ဖြစ်သည်။ ထိုမင်းဆက်သည် နှစ်ပေါင်း ၂၀၀ ကျော် အုပ်စိုးပြီးနောက်တွင် ဘာသာရေး ပြုပြင်ပြောင်းလဲရန် အာဏာဖြင့် အတင်းအကျပ်ခိုင်းစေသည့် အစ်ခနတွန် လက်ထက်မှစကာ ပဋိပက္ခများဖြစ်ပွားရပြီး ၄င်းအားဆက်ခံသည့် တူတပ်ခမွန် လုပ်ကြံခံရသဖြင့် မင်းဆက်လည် ပြတ်သည်။ ထိုနောက်တွင် အခြားမင်းဆက်များ ဆက်လက်အုပ်စိုးသော်လည်း အင်ပါယာတစ်စစ ယိမ်းယိုင်လာကာ ပထမမြောက် ဆီတီနှင့် ဒုတိယမြောက် ရမ်ဆီ တို့လက်ထက်များတွင်သာ အင်အားကောင်းကြပြီး နောက်ဆုံး [[ဘီစီ]] ၁၁ ရာစုအရောက်တွင် မြောက်ဖက် မြေထဲပင်လည်းမှ ဝင်ရောက်လာသည့် ရန်သူများအား တွန်းလှန်နိုင်ခြင်းမရှိသဖြင့် အီဂျစ်အင်ပါယာ ပျက်စီးသွားသည်။
 
ကမ္ဘာပေါ်တွင် ယဉ်ကျေးမှု၌ ရှေးအကျဆုံး
နိုင်ငံတစ်ခု ဖြစ်သည့် အီဂျစ်နိုင်ငံ၏ ရှေးဟောင်းသမိုင်းသည်
အဆန်းတကြယ် အံ့0x100သဘွယ်တို့နှင့် ပြည့်လျက်ရှိရာ အဆောက်
အအုံ၊ ဝတ္ထုပစ္စည်း၊ စာပေအမှတ်အသားမှစ၍ သက်သေခံ
အထောက်အထားများလည်း ရှိနေလေသည်။
အီဂျစ်နိုင်ငံသည် အာဖရိကတိုက်၏ မြောက်ပိုင်းတွင်
တည်ရှိ၍ ပင်လယ်နီ၏ အနောက်ဘက်ကမ်းအထိ ရောက်၏။
မြောက်ဘက်တွင် မြေထဲပင်လယ်နှင့် ဆက်စပ်လျက်ရှိရာ ၃၈၆၁၉၈
စတုရန်းမိုင်ကျယ် သော်လည်း ထွန်ယက်စိုက်ပျိုး
နိုင်သည့်မြေမှာ စတုရန်းမိုင်ပေါင်း ၁၂ဝဝဝ ခန့်သာ ရှိ၏။
အီဂျစ်နိုင်ငံကို ဖြတ်သန်းစီးဆင်းလျက်ရှိသော နိုင်းမြစ်ကြီးသည်
မိုင် ၄၁၄၅ ခန့်ရှည်လျား၍ ကမ္ဘာပေါ်တွင် အရှည်ဆုံး မြစ်ကြီး
တစ်သွယ်ဖြစ်လေသည်။ ဤမြစ်ကြီးကို ဆန်တက်သော် လွန်ခဲ့သော နှစ်ပေါင်း
ခြောက်ထောင်ခုနစ်ထောင်ခန့်က တည်ထားခဲ့သည့် သင်းချိုင်းဂူ
ကြီးများနှင့် အထိမ်းအမှတ်အဆောက်အအုံကြီးများသည်
ထိုနိုင်ငံ၏ ရှေးခေတ်သမိုင်းကို ကျွနု်ပ်တို့အား ပြန်ကြားပြောဆို
နေဘိသကဲ့သို့ရှိ၏။ လူတို့၏ တိုးတက်မှုသမိုင်းကို ဤနေရာမှာ
ထက်ပို၍ ကမ္ဘာတစ်ဝန်းလုံးရှိ အခြားမည်သည့်နေရာတွင်မျှ
ပြည့်စုံစွာ တွေ့နိုင်မည် မဟုတ်ချေ။ ရွှံမံတဲကုပ်ကလေးများတွင်
နေထိုင်ခဲ့ရာမှ ပိုမိုခိုင်ခန့်သော အဆောက်အအုံများကို
ဆောက်လုပ်တတ်လာခြင်း၊ သတ္တုများကို တူးဖော်အသုံးပြုတတ်လာ
ခြင်း၊ စာဖြင့် ရေးသားမှတ်တမ်းတင်လာခြင်း စသည်ဖြင့် နိုင်း
မြစ်ဝှမ်းတွင် အဓိကအားဖြင့် ရှေးဦးယဉ်ကျေးမှု အစပျိုးခဲ့လေ
သည်။ ထိုဒေသ၏ရာသီဥတု ခြောက်သွေ့ ခြင်း၊ မိုးပါးခြင်း
သဲအတိရှိခြင်းတို့ကလည်း ရှေးဟောင်းယဉ်ကျေးမှု အကြွင်း
အကျန်များကို တာရှည်ခံစေရန် ကူညီ ထိန်းသိမ်းပေးသကဲ့သို့
ရှိနေသောကြောင့် အခြားနိုင်ငံများထက် ဤနိုင်ငံတွင် ပိုမို
တွေ့ရခြင်း ဖြစ်လေသည်။ သဲမြေ၏အောက် ကျောက်မြေလွှာတွင်
ရှေးအခါက လူကောင်မြှုပ်ရာ တွင်ကြီးများနှင့် လူရိုးများကို တွေ့ရ၍
ထိုလူရိုးများမှာ လွန်ခဲ့သော ၆၆ဝဝဝ ခန့် ကျောက်ခေတ်
နှောင်းမှ တောင်သူလယ်သမား များနှင့် အကြီးအကဲတို့၏
အရိုးများ ဖြစ်သည်ဟု ယူဆကြသည်။ ထိုအရိုးစုများ အနီးတွင်
ကျောက်ဖြင့် ပြုလုပ်ထားသော အသုံးအဆောင် ပစ္စည်းများနှင့်
မြေအိုး၊ မြေခွက်များကိုလည်း တွေ့ရလေရာ သတ္တုကို အသုံး
မပြုတတ်သေးမိကပင် အစားအစာနှင့် သောက်ရေသုံးရေထည့်
ရန် အိုးခွက်များကို ကျနစွာ လုပ်နိုင်ကြောင်း သိရလေသည်။
ဆေးရေးအရုပ်များကို ကြည့်ခြင်းအားဖြင့်လည်း အကြီးအကဲ
လုပ်သူများသည် ရေသွယ်တူးမြောင်း တာတမံများကို ကြီးကြပ်
အုပ်ချုပ်ပုံနှင့်တကွ ကောက်ပဲသီးနှံနှင့်လျှော်များကို အခွန်တော်
အဖြစ် ခံယူပုံများကို သိရ၏။ ထိုမှတစ်ပါး ထိုခေတ်က အသုံး
ပြု၍ ကြွင်းကျန်ရစ်ခဲ့သော အဝတ်ပိုင်းများ၊ ဂျုံစပါး၊ မုယော
စပါးများ၊ လှေငယ် တက်စင်းပုံများ ရေးခြယ်ထားသည့် ပန်း
စိုက်အိုးကြီးများကို မြင်ရသဖြင့် ထိုခေတ်က အခြေအနေကို
ခန့်မှန်း နိုင်လေသည်။ အလွန်ရှေးကျသည်ဆိုသော ဂရိတို့ပင်
အီဂျစ်နိုင်ငံနှင့်စာသော် ကလေးအရွယ်မျှသာရှိသေး၏။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ခန့်က
အီဂျစ်နိုင်ငံကို အုပ်စိုးသွားသည့် ကလီယိုပါးထရား
ဘုရင်မခေတ်မတိုင်မီကပင် နှစ်ပေါင်း ၂ဝဝဝ ခန့်
ကျော်လွန်ခဲ့ပြီဟု သမိုင်းများတွင် ဖော်ပြထားသောကြောင့်တည်း။
လွန်ခဲ့သော နှစ်ပေါင်း အနည်းငယ်က ရှေးဟောင်းပစ္စည်း
ကမ္ပည်းကျောက်စာများ တူးဖော်သူတို့၏ ကျေးဇူးကြောင့်သာ
အီဂျစ်နိုင်ငံ၏သမိုင်းစဉ်များကို ကောင်းစွာသိရှိနိုင်ကြပြီးလျှင်
ခရစ်မပေါ်မီ နှစ်ပေါင်း ၅ဝဝဝ ခန့်က အီဂျစ်ပြည်သား
များသည် ထိုစဉ်က ရွှံမံထားသည့် တဲပုတ်များ၌နေထိုင်ကာ
ကျောက်တုံးများ၊ အမဲရိုးများကို လက်နက်ကိရိယာများ
ပြုလုပ်အသုံးပြုခဲ့ကြကြောင်း၊ သတ္တု၏အမျိုးမျိုးအသုံးဝင်ပုံကို
တစ်စ တစ်စ သိလာကြကြောင်း၊ ထိုစဉ်ကပင် လူများသည်
လယ်မြေများတွင် ရေကိုသွင်းယူ၍ စပါး၊ ဂျုံ စသည်တို့ကို
စိုက်ပျိုးကြောင်း၊ အထည်ရက်ခြင်း၊ အိုးခွက်လုပ်ခြင်းစသည့်
အလုပ်များကိုလည်းလုပ်ခဲ့ကြောင်း စသည်တို့သည် ဘွင်းဘွင်း
ကြီး ပေါ်လာလေသည်။ ၁၇၉၉ ခုနှစ်၌ နပိုလီယန်
စစ်သည်တော်များသည် အီဂျစ်နိုင်ငံ၌ ကတုတ် ကျင်းများကို
တူးဖော်ရာတွင် အလျားသုံးပေ ကိုးလက်မ အနံ နှစ်ပေ
လေးလက်မခွဲရှိ၍ ချော်နက်ကျောက် တုံးကြီးတစ်ခုကို
တွေ့ကြရ၏။ နိုင်းမြစ်ဝတစ်ခုရှိ ရိုမ္ဘက်တာမြို့အနီးတွင် တွေ့ရ၍
ထိုကျောက်တုံးကို ''ရိုမ္ဘက်တာကျောက်တုံး'' ဟု အမည်
ပေးထားလေသည်။
( ရိုဇက်တာကျောက်စာ။)
 
ကျောက်တုံးပေါ်ရှိ စာများမှာ ထိုစဉ်ကရုံးသုံးစာဖြစ်သည့်
ဂရိဘာသာနှင့် အီဂျစ်ဘာသာများဖြင့် ရှေးအီဂျစ်ဘုရင်တစ်ပါး
၏ အမိန့်ပြန်တမ်းအကြောင်းကို ရေးသားထားသည်။ အီဂျစ်
ဘာသာဖြင့် ရေးထိုးရာတွင် ဟိုင်ယာရို ဂလစ်ဖစ်ခေါ် ရုပ်ပုံ
စာရေးနည်းဖြင့်လည်းကောင်း၊ ဒီမိုတစ်ခေါ် လူသိများသော
ရှေးအီဂျစ်စာရေးနည်းဖြင့်လည်းကောင်း ရေးထားသည်ကို
တွေ့ရလေသည်။ ဤသို့ဖြင့် ကျောက်စာပညာရှိများသည်
ဂရိဘာသာပြန်ကို အီဂျစ်စာမူများနှင့် တိုက်ဆိုင်နှိုင်းရှည်ကာ
ီဂျစ်ရုပ်ပုံစာများဖြင့် ရေးသားထားသည့်စာများကို
ဖတ်လာနိုင်ကြပြီးလျှင် အီဂျစ် နိုင်ငံ၏ ရှေးဟောင်း
သမိုင်းများကို အတော်စုံလင်စွာ လေ့လာလိုက်စားနိုင်ခဲ့ကြသည်။
နှောင်းခေတ်များတွင် အီဂျစ်လူမျိုးတို့ တည်ဆောက်ခဲ့သည့်
သင်းချိုင်းဂူများကို ကြည့်ခြင်းဖြင့် သမိုင်းအစဉ်အဆက်နှင့်တကွ
သူတို့၏ တိုးတက်လာပုံကို ကောင်းစွာ သိရလေသည်။ ထို
အချိန်သို့ရောက်သောအခါ အီဂျစ်နိုင်ငံသားများသည် ပပိုင်းရပ်
စာခွေများ ပြုလုပ်တတ်နေပြီဖြစ်ကြောင်း၊ ရုပ်ပုံစာမှ အက္ခရာ
ဖြင့် ရေးသောစာသို့ တိုးတက်လာပြီဖြစ်ကြောင်း သိရ၏။
ထိုအပြင် အံ့0x100သဖွယ် အကောင်းဆုံးမှာ မပုပ်မသိုး မပျက်
မစီးဘဲ ပကတိအတိုင်း တည်နေသည့် ရှေးဘုရင်များ၏
အလောင်းများကို တွေ့ရခြင်း ဖြစ်သည်။
( ပ ပိုင်းရပ်ပင်။)
 
( မံမီရုပ်ကလာပ်-။)
 
ကမ္ဘာ့သမိုင်းတွင် အဖြစ်အပျက်တစ်ရပ်နှင့်
စပ်လျဉ်း၍ အစောဆုံးနှင့် အတိကျဆုံးပြောနိုင်သော
ခုနှစ် သက္ကရာဇ်မှာ ဘီစီ ၄၂၄၁ ခုနှစ်ဖြစ်၍ ထိုနှစ်တွင်
အီဂျစ်လူမျိုးတို့သည် ရက်ပေါင်း ၃ဝ စီရှိ၍ လပေါင်း
၁၂ လပါဝင်သည့် ပြက္ခဒိန်ကို တီထွင်ခဲ့ကြသည်။
ဘီစီ ၃၄ဝဝ ခန့်တွင် သီးနစ်မြို့၌ ဖွားရာဇာတိရှိသော
မီးနီး ဘုရင်သည် ထိုစဉ်က အီဂျစ်အထက်ပိုင်းနှင့်အောက်ပိုင်း
ဟူ၍ ကွဲပြားနေခဲ့သော နှစ်နိုင်ငံလုံးကို စုပေါင်း အုပ်ချုပ်ခဲ့၏။
သီးနစ်မြို့မှာ ကိုင်ရိုမြို့တောင်ဘက် မိုင် ၃၅ဝ ခန့်အကွာ
တွင်ရှိ၍ မြို့ပတ်ဝန်းကျင်တွင် မြေအောက်ဂူကြီး အများအပြား
ကို တွေ့ရ၏။ တစ်ခုသောဂူမှာ မီးနီးဘုရင်သင်းချိုင်းရာပင်
ဖြစ်ဟန်ရှိ၍ ထိုဂူတွင်း၌ မှတ်တမ်းများ ရေးထိုးထားသည့်
ကျောက်စီဆင်စွယ်များ၊ အက်ဗနီသစ်သားပြားများကို တွေ့ရ၏။
ထိုမှတ်တမ်းများ၌ ထိုခေတ်ကမင်းများ ကုသိုလ်ကောင်းမှုလုပ်ပုံ၊
စီမံအုပ်ချုပ်ပုံ၊ သဲကန္တာရအတွင်းမှ လူရိုင်းများနှင့် စစ်တိုက်ပုံ
များ ပါရှိလေသည်။ ဂရိသမိုင်း ဆရာကြီး ဟီရော့ဒိုးတပ် အဆိုအရ ရှေးအီဂျစ်
လူမျိုးများသည် အယူဝါဒဆိုင်ရာတွင် အလွန် ရိုသေကိုင်းရှိုင်း
သူများ ဖြစ်သည့်အတိုင်း လူ၏ဝိညာဉ်သည် သေပြီးနောက်
မပျောက်မပျက်ဘဲ တည်နေ၍ ဘဝတစ်ပါးတွင် အိုဆိုင်းရစ်
နတ်မင်းကြီးထံ မိမိဘဝ ကောင်းမှုပြုလုပ်ခဲ့သည့် ကောင်းမှု
မကောင်းမှုတို့ကို အစီရင်ခံရကြောင်း။ ထိုဝိညာဉ်သည်
မိမိ၏ရုပ်အလောင်း ရှိရာသို့ပြန်လာ၍ မိမိအတွက်ထားသော
စားဖွယ်သောက်ဖွယ်များကို စားသောက်ခြင်း၊ ကျမ်းစာများကို
ဖတ်ခြင်း၊ အခြားအသုံးအဆောင်များကို ခံစားခြင်းစသော
အမှုများကို ပြုလုပ်နိုင်ကြောင်း အယူရှိသည်ဟု ဆိုလေသည်။
သို့ဖြစ်၍လည်း ရှေးအီဂျစ်ပြည့်ရှင် ဖဲရိုးဘုရင်များသည်
မိမိတို့သင်းချိုင်းရာအတွက် မြေထဲတွင် အုတ်ဖြင့် ပြီးသော
ဂူကြီးများကို မသေမီကပင် ကြိုတင်တည်ဆောက်ထားလေ့ရှိကြ
၏။ ဘီစီ ၃ဝဝဝ ခန့်သို့ ရောက် လတ်သော် ပိရမစ်ဂူသင်္ချိုင်း
ကြီးများကို တည်ဆောက် လာကြလေသည်။
( ပိရမစ်-။)
 
အီဂျစ်နိုင်ငံသမိုင်း၏ ဒုတိယအခန်းကို အောက်ပါအမှတ်
အသားများဖြင့် သိရ၏။ ကိုင်ရိုမြို့တောင်ဘက် ၁၂ မိုင်ခန့်
အကွာတွင် ရှေးမြို့တော်ကြီး ဖြစ်သော မင်းဖစ်မြို့ကြီးရှိရာ
ခုနစ်ရာခုနှစ် အတွင်းက အာရပ်လူမျိုးများ၊ ဖျက်ဆီးပစ်လိုက်
သောကြောင့် ယခုအခါ ဂရင်းနိုက် ကျောက်တုံးအချို့၊ ကျောက်
ရုပ်တု အကျိုးအပဲ့ အချို့နှင့် အုတ်ကျိုးအုတ်ပဲ့အပုံများ အနည်း
ငယ်သာ တွေ့ရလေတော့သည်။ ရှေးဘုရင်များ၏
အလောင်းများထားရာ ပိရမစ်ကြီးများကား
ယခုတိုင် ကျောက်တောင်သဖွယ် မားမား မတ်မတ် တည်ရှိကြ
သေး၏။ ထိုပိရမစ်များ အတွင်း၌ ဘုရင်၏ရုပ်ကလာပ်ထားသော
သီးခြားအခန်းတစ်ခုစီ ရှိမြဲဖြစ်ပေသည်။ ဤအခန်းတွင် ဖဲရိုးခေါ်
ရှေးဘုရင်တို့၏ ရုပ်ကလာပ်ကို အီဂျစ်လူမျိုးများ
တတ်မြောက်သည့်နည်းဖြင့် နှစ်ပေါင်းများစွာ ခံလေအောင်
ဆေးဆိမ်လျက် ကျောက်မျက်ရတနာများ၊ အဖိုးတန်အထည်
ကောင်းများဖြင့် ရစ်ပတ်ခြယ်လယ်၍ထား၏။
( မံမီရုပ်ကလာပ်-။)
 
သို့သော် ကျောက်ခေါင်းများကို ရှေးနှစ်ပေါင်း
များစွာကပင် လူမသမာတို့ ထွင်းဖောက်၍
အဖိုးတန်ပစ္စည်းများကို ခိုးယူသွားခဲ့ကြပြီးဖြစ်သည်။ မင်းဖစ်မြို့
အနီးတွင် ရှေးအကျဆုံးဖြစ်သော အုတ်ဂူကြီး တစ်ခုရှိရာ
ထိုဂူကြီးမှာ ဇိုဇာဘုရင်၏ သင်္ချိုင်းဂူဖြစ်၍ မူလ ထိပ်ပြား
အုတ်ဂူကြီးတစ်ခုအပေါ်တွင် အုတ်ဂူငယ်များကို အဆင့်ဆင့်
ထပ်ကာပုံကျအောင် တည်ထားသောဂူမျိုး ဖြစ်လေသည်။
အခြားအံ့ဘနန်း ပိရမစ်သင်းချိုင်းဂူတစ်ခုလည်း ရှိသေး၏။
ထိုဂူမှာ ဘေးတဘက်လျှင် ၇၅၅ ပေကျော် အလျားရှိ၍ ပေ
၅ဝဝ ခန့် မြင့်သည်။ ဂူကြီး၏ အောက်ခြေမှာ ၁၃ ဧကခန့်
ရှိသည်။ ထိုပိရမစ်ဂူကြီးသည် ထုံးကျောက်တုံးပေါင်း
၂၃ဝဝဝဝဝ ဖြင့် တည်ဆောက်ထားသဖြင့် တစ်နေ့လျှင်
လူကြမ်းတစ်ယောက် အလုပ်လုပ်နိုင်သည့် အင်အားဖြင့်
ခန့်မှန်းသော်လူပေါင်း ၁ဝဝဝဝဝ နှင့် နှစ်ပေါင်း ၂ဝ
မျှတည်ဆောက် ပြီးပေလိမ့်မည်။ ထိုဂူကြီးမှာ ကိုင်ရိုမြှို့နှင့်
မျက်နှာချင်းဆိုင် ဂီးဇာသင်္ချိုင်း ရာတွင် ရှေးအခါက
ခူးဖူးဘုရင် တည်ထားခဲ့သော် ဂရိတ်ပိရမစ်ပေတည်း။
လူ၏မျက်နှာနှင့်ခြင်္သေ့ကိုယ်ပုံသဏ္ဌာန် တည်ထားသည့်
စဖင့်ကျောက်ရုပ်ကြီးများအကြောင်းကား ဤသို့ ဖြစ်၏။
( စဖင့်ရုပ်များ-။)
 
အထက်ပါ ခူးဖူးပိရမစ်ဂူကြီးနှင့်
မနီးမဝေး၌ အတန် ငယ်သေးသော ခါဖရာဘုရင်၏
ပိရမစ်သင်္ချိုင်းဂူ တစ်ခုရှိရာ ထိုရှေ့၌ စဖင့်ရုပ်ကြီးတစ်ခု ရှိ၏။
ထိုစဖင့်ရုပ်ကြီး၏ ဦးခေါင်းမှာ ခါဖရာဘုရင်၏ ဦးခေါင်းပုံတူ
ဖြစ်သည်ဟု အဆိုရှိသဖြင့် အခြားစဖင့် ရုပ်များ၏
ဦးခေါင်းများသည်လည်း အခြားဘုရင်များ၏ ဦးခေါင်း
ပုံတူများဖြစ်ရမည်ဟု ခန့်မှန်းရ၏။ ထိုပိရမစ်များအနီးတွင်
အမိုးပြားနှင့် ဆောက်လုပ်ထားသော ဂူငယ်ကလေးများ ရှိရာ၊
ယင်းသည့် ဂူငယ်ကလေးများမှာ မှူးမတ်သေနာပတိများ၏
သင်္ချိုင်းဂူများ ဖြစ်သည်။ ခါဖရာအမည်ရှိ ပိရမစ်ဂူကြီး အနီးတွင်
ဘုရားရှိခိုးကျောင်း ကြီးတစ်ဆောင်ရှိ၍ ခန်းမကြီးမှာ အလွန်
ကျယ်ဝန်းပြီးလျှင် လေးမြေ|ာက်ကျောက်တိုင်ကြီးများဖြင့်
ဆောက်လုပ်ထား၏။ အမိုးပေါ်တွင် ဘုံသုံးဆင့်ရှိရာ အလယ်ဘုံသည်
ဘေးနှစ်ဘက်ရှိ ဘုံများထက် မြင့်၏။ အလယ်အမိုးနှင့်အောက်အမိုး
ဆက်သွယ် ထားသည့် နံရံပေါက်များမှ အလင်းရောင်ဝင်နိုင်၍ ဆောက်
ထားပုံ လက်ရာများသာမက အင်ဂျင်နီယာအတတ်နှင့်တကွ ပုံစံ
ထုတ်သည့်အတတ်ပညာများသည် အလွန် ချီးကျူးထိုက်ပေ၏။
မှူးမတ်သေနာပတိများ၏ သင်္ချိုင်းဂူများ၌လည်း ဝတ်ကျောင်းများရှိရာ
ပေးကမ်းထောက်ပံ့ကြ၏။ ဘုန်းကြီးများကမူ သေသူ၏
ဝိညာဉ်အတွက် အစာကျွေးခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း၊
ဂါထာမန္တရားရွတ်ဖတ်ခြင်းများကို အချိန်မှန် ပြုလုပ်ပေးလေသည်။
နှောင်းလူများလက်ထက်၌ ပပိုင်းရပ် စာခွေများပေါ်တွင်
ဆုတောင်းစာများ၊ ဂါထာ မန္တရားများကို ရေး၍ လူသေနှင့်
တစ်ပါတည်း မြှုပ်နှံခဲ့သည်ကို တွေ့ရသည်။ ပိရမစ်များ
တည်ဆောက်ခဲ့သည့်ခေတ်က ပန်းချီ၊ ပန်းပု၊ ကျောက်ဆစ်စသည့်
အနုသုခုမပညာရပ်များ တိုးတက်ထွန်းကား နေကြောင်း ထင်ရှား၏။
ပုံတူရုပ်ထုလုပ်သူများက သစ်သားကို သော်လည်းကောင်း၊
ကျောက်ကိုသော် လည်းကောင်း၊ ပုံတူထု လုပ်နိုင်ပြီးလျှင်
မျက်လုံးနေရာ၌ ကျောက်သလင်းများကို ထည့်ထားခြင်းဖြင့်
သဘာဝကျအောင် ကြိုးစားခဲ့၏။ ဆေးရောင်စုံဖြင့်လည်း
နဂိုအတိုင်းနှင့်တူအောင် ဆေးခြယ်ထား၏။ သို့သော်
အဝေးကြည့် အချိုးအစားနှင့်တကွ အကြီးအငယ် အချိုးအစား
များတွင် မှန်ကန်ခြင်း မရှိသေးချေ။ ဘုရားရှိခိုးကျောင်း နံရံနှင့်
အမိုးများ၌ ထုလုပ်ရေးခြယ် ထားသော ရုပ်လုံးနှင့်ပန်းချီကားများမှာ
မှူးမတ်မြေ ပိုင်ရှင်ကြီးများ အုပ်စိုးရာ ဒေသ၏ ပတ်ဝန်းကျင်ဘဝကို
ဖော်ပြသည်။ ယင်းတို့၏ ကျွဲအုပ် နွားအုပ်များကို လည်းကောင်း၊
လယ်သမားတို့ ထွန်ယက်စိုက်ပျိုးနေပုံကိုလည်းကောင်း တွေ့ရသည်။
ထိုပြင် လက်မှုပညာ သည်များသည် မိမိတို့ ဆိုင်ရာလုပ်ငန်း
များ လုပ်ကိုင်နေပုံကိုလည်း ဖော်ပြထားသည်ကို တွေ့ရလေ
သည်။ ပိရမစ်များကို စတင်တည်ဆောက်သည့် ဘုရင်များ
လက်ထက်တွင် အီဂျစ်နိုင်ငံ၌ ယဉ်ကျေးမှုအနုပညာများ
ထွန်းကားနေရုံမျှမက လက်မှုပညာများလည်း ထွန်းကားခဲ့
ကြောင်း သိရ၏။ ထိုပြင် ဘုရင်များ ကိုယ်တိုင်လည်း ပစ္စည်း
ဘဏ္ဍာ ရတနာရွှေငွေနှင့် ပြည့်စုံကြောင်း၊ တန်ခိုးအာဏာ
0x100သဇာတိက္ကမနှင့်ပြည့်စုံကြောင်း ထင်ရှား၏။ ထိုခေတ်က
ကောက်ပဲသီးနှံကိုသော်လည်းကောင်း၊ သက်ရှိတိရစ္ဆာန်များကို
သော်လည်းကောင်း အထည်အလိပ်၊ ဝိုင်အရက် ပျားရည်မှ စ၍
သက်မဲ့ဝတ္ထုပစ္စည်းများကိုသော်လည်းကောင်း အခွန်တော်အဖြစ်
ပေးဆောင်ကြရ၏။ ဘုရင်များကိုယ်တိုင်ကပင် ဖီနီရှားနိုင်ငံနှင့် အာဖရိကတိုက်
အရှေ့ဘက်ကမ်းရိုးတန်းသို့ သင်္ဘောများ စေလွှတ်ကုန်သွယ်
စေခြင်း၊ ဆူဒန်နယ်သို့ မြည်းဝန်တင်များ လွှတ်ကာ ဆင်စွယ်၊
ငှက်ကုလားအုပ်မွေး၊ အမွှေးနံသာများကို လဲလှယ်ဝယ်ယူစေခြင်း
စသည်တို့ကို ပြုလုပ်ခဲ့လေသည်။ ဤသို့ ယဉ်ကျေးမှုများ
ထွန်းကားသည့်ခေတ် (ပိရမစ် ခေတ်)မှာ နှစ်ပေါင်း ၅ဝဝ ခန့်
တည်နေခဲ့ပြီးနောက် ဘီစီ ၂၅ဝဝ ခန့်တွင် အီဂျစ်မှူးကြီးမတ်ကြီး
များသည် ဆင်းရဲသား၊ လယ်သမားနှင့်အလုပ်သမားတို့ အပေါ်တွင်
ကံကျွေးချစနစ်ဖြင့် လွှမ်းမိုးလာစ ပြုတော့၏။ ဤသို့ဖြင့်
ဘုရင်များ အပေါ်၌ပင် တုပြိုင် ကျော်လွန် နိုင်ခဲ့ကြလေသည်။
ထိုမြေပိုင်ရှင် မှူးမတ်ကြီးများ၏ သင်္ချိုင်းဂူများကို နိုင်းမြစ်ဝမှ
မိုင် ၂ဝဝ ခန့် မြစ်ညာ သို့ ဆန်တက်သောအခါ မြစ်ကမ်းဘေးတွင်
တွေ့မြင် နိုင်လေသည်။ ထိုသင်္ချိုင်းဂူများတွင် ရှေးအကျဆုံးသော
ပပိုင်းရပ်စာခွေ စာအုပ်များကို တွေ့ရ၏။ အချို့စာအုပ်များ၌
ပုံဝတ္ထုများ ပါရှိ၍ အာရှတိုက်အတွင်း စွန့်စားသွားရောက်ပုံများ
သင်္ဘောပျက်ပုံများ ပါရှိကာ၊ အချို့စာအုပ် များ၌ မျက်လှည့်အတတ်များ
ပါရှိသည့် ပြင် အချို့စာအုပ်များ၌ ဘုရင်များအား ချီးကျူးရေးသား
ထားသည့် ကဗျာလင်္ကာများကိုလည်း တွေ့ရ၏။ ဂူတစ်ခုတွင်
ဆေးကျမ်းတစ်ကျမ်းကိုလည်းကောင်း၊ အခြားဂူတစ်ခုတွင်
မင်းသမီး တစ်ပါး၏ လက်ဝတ်ရတနာများကိုလည်းကောင်း
တွေ့ရလေသည်။ ထိုခေတ်ဖဲရိုးဘုရင်များသည် ရေသွင်းစိုက်ပျိုးရန်အတွက်
ဆည်မြောင်းများ တူးဖော်ခဲ့၍ ပင်လယ်နီ၏ မြောက်ဘက်အစွန်း
မှသည် နိုင်းမြစ်၏အနီးဆုံးသော မြစ်လက်တက်သို့ အရောက်
တူးမြောင်းတစ်ခု သွယ်တန်းဖောက်လုပ်ခဲ့၏။ ကံကျွေးချ စနစ်ခေတ်၏
အရှိန်အဝါသည် ဘီစီ ၂ဝဝဝ ခန့်မှ ၁၈ဝဝ ခန့်အတွင်း အမြင့်မားဆုံး
ဖြစ်ခဲ့၏။ ထိုနောက် တွင် အီဂျစ်နိုင်ငံကို တိုင်းတစ်ပါးမှ မင်းများ
ဝင်ရောက်အုပ်စိုး ခဲ့၏။ ထိုမင်းများကို သိုးထိန်း ဘုရင်များဟု
အသိအမှတ်ပြုကြ ၏။ မြင်းများကိုအီဂျစ်နိုင်ငံသို့ ရှေးဦးစွာ
ယူဆောင်လာသူများမှာ ထိုသိုးထိန်း ဘုရင်များပင် ဖြစ်လေသည်။
ကိုင်ရိုမြို့ အထက် မိုင်ပေါင်း ၄ဝဝ ခန့်ကွာသော နေရာ
တွင် မြစ်သည် ကျယ်ပြန့်သွား၍ အနောက်ဘက်ကမ်း သီးဗီး
လွင်ပြင်တွင် တတိယအေမင်ဟိုတက် ဘုရင်၏ရုပ်တုကြီးနှစ်ခု
တည်ရှိ၏။ အီဂျစ်အင်ပိုင်ယာကြီး အထွန်းကားဆုံးအချိန်က
ကျဉ်းမြောင်းသော နိုင်းမြစ်ဝှမ်း၌သာမဟုတ်ပဲ နိုင်းမြစ် စတုတ္ထ
မြစ်ကျဉ်းမှသည် မက်ဆိုပိုတေးမီးယားရှိ ယူဖရေးတီးမြစ်သို့
တိုင်အောင် ကျယ်ပြန့်ခဲ့၏။ ဤသို့အားဖြင့် သီးဗီးလွင်ပြင်
ဒေသတွင် ရှေးဟောင်း အဆောက်အအုံ အပျက်အစီးတို့ဖြင့်
ပြည့်နှက်လျက် ရှိလေသည်။ လတ်ဇောမြို့၏ အရှေ့မြောက်ဘက်တွင်
ကာနက်မြို့ရှိ၍ ထိုမြို့မှ ဘုရားရှိခိုးကျောင်းများ ရှိရာသို့သွားရာ
လမ်းတစ်လျှောက် တစ်ဖက်တစ်ချက်တွင် သိုးခေါင်းနှင့် စဖင့်ရုပ်များ
စီတန်းတည်ရှိနေသည်ကို တွေ့ရ၏။ ထိုမြို့တွင်ပင် တိုင်လုံးကြီး
များဖြင့် စီတန်းစိုက်ထူထားသည့် အလွန်ကြီးကျယ် ခမ်းနား
သော ခန်းဆောင်ကြီး တစ်ခု ရှိ၏။ အလယ်စင်္ကြံတိုင်ကြီးများ
မှာ ၆၈ ပေမြင့်၍ လုံးပတ် ၃၃ ပေရှိသည်။ ထိုဘုရားရှိခိုး
ကျောင်းကြီးများအနီး၌ ကျောက်တုံးတစ်တုံးပေါ်တွင် ရုပ်ကြွများကို
ထွင်းထု၍ထားရာ ထိုကျောက်တုံးကြီးမှာ ပေ ၉ဝ ခန့်မြင့်၍
ထိုရုပ်ကြွများသည် အာရှတိုက်တွင် အီဂျစ်တို့ စစ်ခင်းခဲ့ပုံကို
ဖော်ပြလေသည်။ ထိုဘုရားရှိခိုးကျောင်းများ၏ ပရဝုဏ်များအတွင်းတွင်
ယခင်က ဘုန်းကြီးများ နေထိုင်ခဲ့ကြ၍ ယင်းတို့သည်
တိုင်းသူပြည်သားများက လှူဒါန်းသောပစ္စည်းများဖြင့်
ချမ်းသာလာပြီးလျှင် ရွှေငွေရတနာ လယ်ယာ ခြံမြေများကို
ပိုင်ဆိုင်ကြ၏။ သူတို့သာ ပညာတတ် လူတန်းစားမျိုး ဖြစ်
သည်။ တန်ခိုးဣဒ္ဓိပါဒ် အမျိုးမျိုးနှင့် ပြည့်စုံသည်ဟု ယူဆကြ
၏။ သို့ဖြင့်လည်း ဘုန်းကြီးများ တန်ခိုးအလွန်ကြီးလာ၍
0x100သဇာတိက္ကမနှင့် ပြည့်စုံခဲ့ကြလေသည်။ သီးဗီးလွင်ပြင်ဒေသ၌
အီဂျစ်ဘုရင်နှင့် မိဖုရားသင်္ချိုင်းဂူ
အချို့မှာ ယနေ့တိုင်အောင် မဖွင့်ရသေးဘဲ ရှိနေ၏။ ကျောက်ဂူ
ကြီးများအတွင်းတွင် အိမ်ထောင်ပရိဘောဂများ ခြံရံကာ
ကျောက်ခေါင်းဖြင့် ထည့်ထားသော ဆေးစီရင်ထားသည့်
အလောင်းကြီးများ ရှိသည့်နေရာသို့ အခန်းအမျိုးမျိုး လမ်း
အသွယ်သွယ်ဖြင့် ဝင်ကြရ၏။ ၁၉ဝ၅ ခုနှစ်က သဲများအတွင်း
တူးဖော်ရာ၌ အီဂျစ်သမိုင်းတွင် ဘီစီ ၁၅ဝဝ ခန့်လောက်က
အုပ်စိုး၍ ထင်ရှားခဲ့သော ဟက်ရှက်စွတ် အမည်ရှိ ဘုရင်မ၏
သင်္ချိုင်းဂူနှင့် ဝတ်ကျောင်းတို့ကို တွေ့ရလေသည်။
ဝတ်ကျောင်း၏ နံရံတွင်သူ၏အတ္ထုပ္ပတ္တိကို ရေးထား၍
သူ့လက်ထက် နိုင်ငံခြားသို့ စွန့်စားစေလွှတ်ပုံများ၊
ကျောက်တိုင်ကြီးများကို နိုင်းမြစ်တစ်လျှောက်မှ ရေတပ်မတော်၏
ဖောင်ကြီးများဖြင့် သယ်ဆောင်လာပုံများကို ဆေးရေးအရုပ်များဖြင့်
ဖော်ပြထားလေသည်။ ကျောက်တိုင်ကြီးများမှာ ပေ ၁ဝဝ ခန့်ရှည်၍
ထိပ်ဝကား ရှစ်ပေခန့်မျှ ကျယ်၏။ ထိုထက် အံ့0x100သဖွယ်ကောင်းသော
တွေ့ရှိခြင်းမှာ အောက်ပါ အတိုင်းဖြစ်၏။ ဘီစီ ၁၃၅ဝ ခန့်က
အီဂျစ်နိုင်ငံကို တူတန်ခမန်ဆိုသူ ဘုရင်တစ်ပါး အုပ်စိုးဘူူးရာ
သူ၏အကြောင်းသည် နှစ်ပေါင်း ၃ဝဝဝ ကျော်ခန့်မျှ
အမှတ်မထင်တိမ်မြှုပ်နေခဲ့ပြီးနောက် တူတန်ခမန်၏သင်းချိုင်းဂူနှင့်
တကွသောအတွင်းမှ အဖိုးထိုက်တန်၍ ထူးဆန်းအံ့0x100သဖွယ်ကောင်းသော
ပစ္စည်းများကို တွေ့ရပြီဟူသော သတင်းကို ကမ္ဘာက အံ့0x100သစွာ
ကြားသိရ၏။ ထိုအချိန်မှာ ၁၉၂၂-၁၉၂၄ ခုနှစ်ဖြစ်၍ လော့ကာနာဗွန်နှင့်
ဟောင်းဝပ်ကာတာတို့ ခေါင်းဆောင်သော ရှေးဟောင်းပစ္စည်း
ရှာဖွေ တူးဖော်သော လူတစ်စုသည် ရှစ်နှစ်တိုင်တိုင် ဇွဲနှင့်
ရှာဖွေပြီးနောက် ဤသို့ တူးဖော်တွေ့ရှိခြင်း ဖြစ်သည်။ သင်္ချိုင်းဂူ၏
အတွင်းဆုံးအခန်းတွင် တောက်ပစွာသော
ရတနာကျောက်မျက်ရွဲအမျိုးမျိုးဖြင့် မွမ်းမံစီခြယ် ထားသော
တူတန်ခမန် ဘုရင်၏ ဆေးစိမ်ထားသည့် ရုပ်အလောင်းကို
တွေ့ရ၏။ အပြင်ခန်းများ၌ တွေ့ရ သည့်ပစ္စည်းများမှာ အလွန်
ကောင်းသော လက်ရာဖြင့် ထုလုပ်ထားသော ရွှေ၊ ဆင်စွယ်နှင့်
ရောင်စုံမှန်များ တပ်စီထားသည့် ရထားလေးစီး၊ သလွန်များ၊
ကုလားထိုင်များ၊ ထိုင်ခုံများ၊ ကျောက်မျက်ရတနာများ စီခြယ်
ထားသည့် ရာဇပလ္လင်တစ်ခု၊ သေတ္တာအမျိုးမျိုးနှင့်ထိုအထဲတွင်
နှစ်ပေါင်းများစွာ ခံလေအောင် ဆေးဖြင့် စီရင်ထားသည့်
အစားအစာများနှင့် အခြားပစ္စည်းများ ဖြစ်လေသည်။ ဤသို့
တွေ့ခြင်းဖြင့် အီဂျစ်နိုင်ငံ ရှေးဟောင်း ခေတ်ယဉ်ကျေးမှုနှင့်
အနုပညာရပ်များသည် မည်မျှလောက် အဆင့်အတန်း မြင့်ခဲ့သည်ကို
သိသာနိုင်ပေသည်။ ၁၉ဝ၅ ခုနှစ်တွင် တွေ့ခဲ့သော သင်္ချိုင်းဂူရှင်ဟက်ရှက်
စွတ်ဘုရင်မ မရှိသည့်နောက်၊ တတိယတော့ တမီးဆိုသူက
ထီးနန်းကို ဆက်ခံ၍ နှစ်ပေါင်း ၅ဝ ကျော်ကျော် အုပ်စိုးခဲ့
ပြီးလျှင် အာရှတိုက် အနောက်ပိုင်း များကိုပင် တိုက်ခိုက်
အောင်မြင်ခဲ့၏။ ထိုဘုရင်ကို ရှေးအီဂျစ်နပိုလီယန်ဟုလည်း
အမည်မှည့်ထားလေသည်။ ထိုခေတ်က အီဂျစ်လူမျိုးများသည်
ဘုရားအမျိုးမျိုးကို ကိုးကွယ်ကြရာ အက်ခနာတန်ဆိုသူ
ဘုရင်တစ်ပါးသည် ဘုရားအများ ကိုးကွယ်ယုံကြည်မှုကို
ဖျက်သိမ်း၍ ဘုရားတစ်ဆူတည်းကိုသာ ကိုးကွယ်ကြရန်
စီမံခဲ့ဘူး လေသည်။ ထိုအက်ခနာတန်ဘုရင်ကား
တူတန်ခမန်ဘုရင်၏ ယောက္ခမဖြစ်၏။ အဆိုပါ
အက်ခနာတန်ဘုရင်သည် အားလုံးသောဘုရင်များအနက် သိန်းငှက်၏
ဦးခေါင်းရှိသော ရားခေါ် နေဘုရားတစ်ဆူတည်းကိုသာ အားလုံး
ကိုးကွယ်ရန် စီမံခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုအခါက
နွား၊ မိကျောင်း၊ ကြောင်၊ အိမ်မြေ|ာင်စသည်တို့ကို ကိုးကွယ်ကြ၍၊
အမြတ်တနိုး ဆေးစိမ် ထားသော ထိုသတ္တဝါ အကောင်များကိုပင်
အချို့နေရာ၌ တွေ့ရှိရလေသည်။ ထိုဘုရင်သည် သူ၏မြို့တော်ကို
ကာနက်အရပ်မှ အမားနား အရပ်သို့ ရွှေ့ပြောင်းခဲ့၏။ အမားနားအရပ်၌
တယ်လ-အယ်လ -အမားနား စာချုပ်များကို တွေ့ရ၏။ ယင်းတို့မှာ
ကျူနီဖောင်း စာပါသည့် မီးဖုတ်ရွှံ့ပြားများ ဖြစ်၍ အာရှတိုက်အနောက်
ပိုင်းနေ ဘုရင်တစ်ပါးက ဆက်လိုက်ခြင်း ဖြစ်ပေမည်။
( ကျူနီးဖောင်းစာ ။)
 
ဤအချက်ကို ထောက်ခြင်းဖြင့် ဆီးရီး
ယား မြောက်ပိုင်းကို အာရှမိုင်းနားရှိ ဟစ်တိုက်လူမျိုးတို့က
တိုက်ခိုက်အောင်မြင်ကြောင်းနှင့် တောင်ပိုင်းကို သဲကန္တရ
အတွင်းမှ ဟီဗြူးတို့က သိမ်းယူခဲ့ကြောင်း သိရလေသည်။
ဟစ်တိုက်လူမျိုး၌ သံဖြင့်ပြုလုပ်သော လက်နက်များရှိပြီးလျှင်
အီဂျစ်လူမျိုးတို့တွင်မူ ကြေးညိုဖြင့် ပြုလုပ်သော လက်နက်များ
ရှိသည်။ ပထမဆေတီးနှင့် သူ၏သား ဒုတိယရမ်မီဆီးဘုရင်တို့
အုပ်ချုပ်စဉ်က အီဂျစ်နိုင်ငံကြီးသည် တန်ခိုး အာဏာ အလွန်
ကြီးခဲ့၏။ ရမ်မီဆီးဘုရင်သည် နှစ်ပေါင်း ၆ဝ ကျော်အုပ်စိုးခဲ့၍၊
အဆောက်အအုံပေါင်း များစွာကို တည်ဆောက်ခဲ့၏။ အာရှ
တိုက်ဘက်သို့ပင် ချီတက်တိုက်ခိုက်ကာ နယ်ချဲ့ခဲ့လေသည်။ ထိုနောက်
အီဂျစ်နိုင်ငံကြီးကား တဖြည်းဖြည်း ပျက်စီးခြင်း
ရောက်ရတော့၏။ ဘီစီ ခုနစ်ရာစုနှစ်တွင် အဆီးရီးယန်းလူမျိုး
တို့က နှိမ်နင်းခြင်းခံရ၍ ခြောက်ရာစုနှစ်တွင် ပါးရှင်းတို့က
နှိမ်နင်းခြင်းခံရလေသည်။ ထိုနောက် ဘီစီ ၃၃၂ ခုနှစ်တွင်
မက်ဆီဒိုးနီးယန်းဘုရင် အယ်လက်ဇန္ဒာက တစ်ခါတည်း
သိမ်းပိုက်ခဲ့ရာ သူ၏ လက်ထက်တွင် ခေတ်သစ်ထူထောင်
သကဲ့သို့ ဖြစ်လာခဲ့လေသည်။ ဘီစီ ၃၂၃ ခုနှစ်တွင်
အယ်လက်ဇန္ဒာဘုရင် ကွယ်လွန်၍ သူ၏ စစ်ဗိုလ်ကြီးတစ်ဦးသည်
ပထမတော်လမီ ဟူသော ဘွဲ့ဖြင့် ဘီစီ ၃ဝ၅ ခုနှစ်တွင် ထီးနန်းကို
ဆက်ခံပြီးနောက် တော်လမီမင်းဆက်သည် နောက်ဆုံး
ကလီယိုပါးထရားဘုရင်မ ကွယ်လွန်သည့်အချိန် (ဘီစီ ၃ဝ)တိုင်ရောက်မှ
အဆုံးသတ် လေသည်။
( တော်လမီ။)
 
( ကလီယိုပါးထရားဘုရင်မ-။)
 
တော်လမီဘုရင်များသည် မိမိတို့၏ မြို့တော်ဖြစ်သော အယ်လက်ဇန္ဒြီးယား
ဆိပ်ကမ်းမြို့မှနေ၍ အုပ်ချုပ် ခဲ့၏။ ယင်းတို့၏ သင်္ဘောတပ်များသည်
အိန္ဒိယသမုဒ္ဒရာမှသည် ဟယ်လက်စပွန့်အထိ ဖြစ်သော
ပင်လယ်ပြင်များကို ကြီးစိုးခဲ့သည်။ သူတို့သည် ပယ်လက်စတိုင်နှင့်
အယ်လက်ဇန္ဒြီးယား မြို့တော်ကိုလည်း ပြန်လည် သိမ်းပိုက်ခဲ့၍
အယ်လက်ဇန္ဒြီးယား မြို့တော်ကိုလည်း ကမ္ဘာပေါ်တွင် စီးပွားရေးရာ၊
စာပေရေးရာနှင့် သိပ္ပံပညာ ရေးဆိုင်ရာ မြို့တော်အဖြစ်သို့
ရောက်အောင် စွမ်း ဆောင်ပေးခဲ့လေသည်။ ဦးစွာ၌
အက်လက်ဇန္ဒြီယားမြို့တွင် ခရစ်ယာန်များကို နှိပ်ကွပ်ခဲ့သော်လည်း
နောင်သောအခါ အယ်လက်ဇန္ဒြီယားမြို့သည် ခရစ်ယာန် အယူဝါဒ
ရေးရာတွင် ဦးဆောင်မှုပေးရာ ဌာနကြီးတစ်ခု ဖြစ်ခဲ့လေသည်။
သို့သော် ဘီစီ ၃ဝ ပြည့်နှစ်တွင် ကလီယိုပါးထရားဘုရင်မ
မရှိသည့်နောက် အီဂျစ်နိုင်ငံသည် ရောမတို့ လက်အောက်ခံ
ပြည်နယ်တစ်ခု ဖြစ်ခဲ့ရ၏။ ရောမတို့သည် အီဂျစ်နိုင်ငံမှ အခွန်
အမျိုးမျိုးကို ထုခွဲ ကောက်ခံခဲ့၏။ ဤသို့ဖြင့် ရောမတို့လက်
အောက်မှ တစ်ဖန်၊ ဗိုင်ဇင်းတိုင်ဘုရင်များ လက်အောက်တွင်
နှစ်ပေါင်း ၃ဝဝ မျှ ည|ဉ်းပန်းနှိပ်စက် အုပ်စိုးခြင်း ခံခဲ့ရ၍
ခရစ်နှစ် ၆၄၁ ခုနှစ်တွင် ဆာရာဆင်တို့လက်အောက်သို့
ကျရောက်ပြီးလျှင် အရှေ့တိုင်းယဉ်ကျေးမှုများ လွှမ်းမိုးခဲ့ရာ
နှစ်ပေါင်း ၁၂ဝဝ ခန့်မျှ ကြာမြင့်ခဲ့၏။ ထိုအချိန်မှစ၍ အီဂျစ်
နိုင်ငံတွင်းသို့ အစ္စလာမ်အယူဝါဒ ဝင်ရောက်ခဲ့လေသည်။
၁၅၁၇ ခုနှစ်တွင် တူရကီတို့သည် အီဂျစ်နိုင်ငံကို အော်တိုမန်
အင်ပိုင်ယာထဲသို့ သိမ်းသွင်းလိုက်ရာ ၁၉၁၄ ခုနှစ်အထိ
အနည်းဆုံး အမည်ခံ အားဖြင့် တူရကီနိုင်ငံ၏ လက်အောက်ခံ
ဖြစ်ခဲ့ရလေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
 
==ကိုးကား==
{{Reflist}}
 
 
[[Category:သမိုင်း]]