ကင်းဘဲလမ်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၄င်း +၎င်း)
စာကြောင်း ၂ -
 
==ရာဇဝင်သမိုင်း==
ရာဇဝင်အဆို အတိုင်း ဆာ-အာ-ချီဘော ကင်းဘဲကို အမှတ်တရဖြစ်စေဖို့ မှည့်ခေါ်ထား၏။ ၄င်းသည်၎င်းသည် ၁၈ဝဝ-၁၈ဝ၃ ခုနှစ်လောက်က အင်းဝကို သံအဖြစ်နှင့် သွားရသော ကာနယ်ဆိုင်း၏လက်အောက်ခံအမှုထမ်း ရိုးရိုးတစ်ဦးဖြစ်သူ မစ္စတာကင်းဘဲဖြစ်ဟန်တူ၏။ ၁၈၂၄ ခုနှစ်၊ ပထမစစ်ဖြစ်စဉ် မြန်မာပြည်ကို ပထမဆုံး စတိုက်သော စစ်တပ်အုပ်ချုပ်လာသော ဗိုလ်ချုပ်ကြီးသည် ဤပုဂ္ဂိုလ်ပင် ဖြစ်၏။ ရန္တပို စာချုပ်အရ ပထမစစ်ပွဲ ပြီး၍ အင်္ဂလိပ်များ ထွက်ခွာသွားသည့် ၁၈၂၆ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့အထိ အင်္ဂလိပ်စစ်တပ်ကို ထိုသူပင်အုပ်ချုပ်သွားလေသည် ။ ဤသို့ ၂ နှစ်နှင့်၇ လခန့် အုပ်ချုပ်သွားသည့် အတွင်း ထူးဆန်းသောအချက်ကြီး ၂ ချက် တွေ့ရ၏။
 
ပထမတစ်ချက်ကား မြန်မာနှင့်မွန်ကို ရန်တိုက်ပေး၏။ ရန်တိုက်ပေးပုံကား ၁၈၂၄ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းမှာ ဤစစ်ဗိုလ်ကြီးက အမိန့်ပြန်တမ်းတစ်ခု ထုတ်ထားရာ၌ "မွန်လူမျိုးတို ့သည် အင်္ဂလိပ်အလံတော် အောက် ခိုလှုံကြ၊ အသင်တို့အထဲက အကြီးအကဲရွေးချယ်ကြတော့၊ သင်တို့ ရွေးချယ်သောသူအား ကျွန်ုပ်တို့က အသိအမှတ်ပြုမည်" စသည်ဖြင့် ရန်ကုန်ရာဇဝင်တွင် ပါရှိလေသည်။