ကျိုက္ကဆံစေတီတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီး typofix
စာကြောင်း ၁၃ -
==ဘုရားသမိုင်း==
===ကိုးတိုင်းကိုးဌာန သာသနာပြုခရီးမှသည်===
ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးအတွက် ကိုးတိုင်းကိုး ဌာနသို့ သာသနာပြုခရီးနှင်ခဲ့သည်။ ရဟန္တာအရှင်မြတ် တို့သည် ဘုရားရှင်၏ ဆံတော်မြတ် (၁၆)ဆူနှင့် စက်တော် (၃၂)ဆူတို့အား သာသနာပြု ဓာတုစေတီတော်များ၊ တည်ထား ကိုးကွယ်ရန် အလို့ငှာ တပါတည်း ပင့်ဆောင်ပူဇော်ခဲ့ကြသည်။ သထုံပြည် ဒုတိယ သီရဓမ္မာသောကမင်းကြီးနှင့် တိုင်းသူ ပြည်သားများသည် ကြိုဆိုပင့်ဆောင်လျှက် လှူဒါန်းပူဇော်မှုများလည်း ပြုကြ၏။ မူလကိုးတိုင်းကိုးဌာန သာသနာပြုခရီးစဉ်နှင့် သာသနာပြု ရောက်ရှိလာမည့် ရှင်ဥတ္တရ၊ ရှင်သောဏ ဦးဆောင်သည့် သာသနာပြု ရဟန္တာကြီးများနှင့် ၄င်းတို့၏၎င်းတို့၏ တပည့်ရဟန်းတော်များ နှင့်လည်းတွေ့ဆုံခွင့်ရခဲ့၏။
ရဟန္တာအရှင်မြတ်တို့သည်မြန်မာနိုင်ငံ၏ သာသနာ ပြုလုပ်ငန်း အခြေအနေနှင့်သာ သာသနာတော် ထွန်းကားပြန့်ပွား မှုအတွက် သာသနာပြုမှုဆိုင်ရာ စကားများအား လျှောက်ထား ဦးခိုက်ခွင့်လည်း ရခဲ့၏။ ထို့ကြောင့်ရဟန္တာ အရှင်မြတ်တို့သည် ဓမ္မ ခရီးစဉ် ချဲ့ထွင်မှုနှင့် အတူ သာသနာပြုရမည့် ခရီးစဉ်နှင့် ဒေသတို့အားလည်း ဦးတည်နိုင်ရန် အခြေအနေ ရှိခဲ့ပြီး ဖြစ်၏။
 
စာကြောင်း ၅၀ -
အရှေ့တောင်ဘက် တံတိုင်းအနီး၌ ပရိဘောဂစေတီ ထိုက်သော မြတ်ဗုဒ္ဓအရှင် အမှီပြုပွင့်တော်ခဲ့ရာ မဟာဗောဓိပင် ကြီးတစ်ပင်နှင့် ရင်ပြင်တော် တောင်ဘက်မျက်နှာ၌ လင်းလွန်းပင်၊ အင်ကြင်းပင်၊ ဇမ္ဗူသပြေပင်စသည့် ဗုဒ္ဓဝင်ဆိုင်ရာ အပင်ကြီး များဖြင့် အရိပ်အာဝါသ ကောင်းမွန်လျှက် စိမ်းလန်းဝေဆာစွာ တည်ရှိနေ၏။ မူလက ကျိုက္ကဆံစေတီတော် အနောက်ဘက် မုခ်ဦးအနီး၌ မင်းတုန်းမင်းကြီး၏ ကုသိုလ်တော်အဖြစ် ဇရပ်ကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်းထားကြောင်း သိရ၏။
 
ကျိုက္ကဆံစေတီတော်မြတ်ကြီးအား သာသနာတော် ၂၃၁၇- ခုနှစ်တွင် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်နေသည်ကို စကုမြို့သား ရှင်သာရကိတ္တိအရှင်သူမြတ်မှ ဦးဆောင်ပြုပြင်မှုပြုခဲ့သည်ဟု မှတ်တမ်းရှိသည်။ သာသနာသက္ကရာဇ် ၂၃၇၆-ခုနှစ်တွင် ပျက်စီးယိုယွင်းလာပြန်သဖြင့် ဝန်ရှင်တော်မင်းကြီးမင်းလှရာဇာမှ ပြုပြင်ပြီး ရွှေထီးတော်ကြီးတွင် အထွတ်တင်လှူခဲ့ ပြန်သည်။ သာသနာတော် ၂၃၉၂-ခုနှစ်၌ ဟံသာ၀တီအရေးပိုင် ဝန်ထောက် မင်းကြီး သတိုးမင်းကြီး မဟာမင်းခေါင်ရာဇာသူနှင့် လက်အောက် အမှုတော်ထမ်းများ ဆိုင်ရာနယ်များမှ ရွာသူရွာသား များမှ ပြုပြင်ကြရာ တတိယဖောင်းရစ်ဌာပနာတိုက်အတွင်းမှ ဓာတ်တော်ငါးဆူ၊ ငွေဆင်းတူ ငါးဆူနှင့် ကြေးဆင်းတစ်တစ်ဆူတို့ကို တွေ့ရှိကြမည်။ သုံးလတာ ကာလပတ်လုံးပူဇော်ကြပြီး ပြန်လည် ဌာပနာပြုကြသည်။ သာသနာတော် ၂၃၉၄-ခုနှစ်၌လည်း ၄င်းဝန်ထောက်မင်း၎င်းဝန်ထောက်မင်း နှင့် မိသားစုများက မူလပြုပြင်စဉ်က အပြီးမသတ်ခဲ့သည့် အုတ်ရိုး၊ အင်္ဂတေလုပ်ငန်းများကို အပြီးသတ်ပြုပြင်ဆောင်ရွက်ခဲ့သည်။ ဆည်လည်းလုံးရေ၁၆၄လုံးကိုလည်း စုပေါင်းလှူ ဒါန်း ခဲ့သည်။
<ref>ကျိုက္ကဆံ ဆံတော်ရှင် သမိုင်းသစ် (ရှင်လက္ခဏာ)</ref>