ကြယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး typofix
စာကြောင်း ၁ -
[[File:Starsinthesky.jpg|thumb|right|[[နာဆာ]]မှ ရိုက်ကူးထားသော မက်ဂလင်းနစ် ကြယ်တိမ်တိုက် အစုအဝေးကြီး]]
'''ကြယ်'''ဆိုသည်မှာ ကြီးမား တောက်ပ၍ ဆွဲငင်အားဖြင့် စုစည်းထားသော ပလာစမာ အလုံးကြီးဖြစ်သည်။ [[ကမ္ဘာ]]နှင့် အနီးဆုံးကြယ်မှာ [[နေ]]ဖြစ်ပြီး ၄င်းသည်၎င်းသည် ကမ္ဘာမြေအတွက် စွမ်းအင်အများစု၏ အရင်းအမြစ်ဖြစ်သည်။ အခြားကြယ်များကို နေရောင်ခြည် ထွန်းလင်း တောက်ပ မနေသော ညဖက် ကောင်းကင်ယံတွင် တွေ့မြင်နိုင်သည်။ သမိုင်းအစဉ်အဆက်တွင် ကောင်းကင်ထက်ရှိ ထင်ရှားသော ကြယ်များကို အစုဖွဲ့၍ နက္ခတ်တာရာ အဖြစ် သတ်မှတ်ကြပြီး အတောက်ပဆုံးသော ကြယ်များမှာ စနစ်တကျ အမည်ပေးခြင်း ခံရသည်။ နက္ခတ်ဗေဒပညာရှင်များက ကြယ်များအတွက် အလွန် စေ့စပ်သော ကက်တလောက်များကို ပြုစုထားပြီး စံနှုန်းအဖြစ် သတ်မှတ်ထားသော နာမည်များကို ထိုကက်တလောက်များမှ လေ့လာတွေ့ရှိနိုင်သည်။
 
ကြယ်သည် ၄င်း၏သက်တမ်းတလျှောက်တွင်၎င်း၏သက်တမ်းတလျှောက်တွင် သူ၏ဗဟိုထုတွင်းမှ သာမိုနျူကလီးယား ပေါင်းစပ်မှုများဖြင့် စွမ်းအင်ကို လွှတ်ထုတ်လေ့ရှိပြီး ထိုစွမ်းအင်များသည် ကြယ်၏ အတွင်းပိုင်းကို ကန့်လန့်ဖြတ်ဖြတ်သွားကြပြီးနောက် ပြင်ပအာကာသအတွင်းသို့ ပျံနှံ့ထွက်ခွာသွားကြသည်။ [[ဟိုက်ဒရိုဂျင်]]နှင့် [[ဟီလီယမ်]]တို့ထက်လေးသော [[ဒြပ်စင်]]များအားလုံးလိုလိုသည် ကြယ်များအတွင်းရှိ ထိုသို့ပေါင်းစပ်ခြင်း အဖြစ်အပျက်များမှထွက်ပေါ်လာကြခြင်းဖြစ်သည်။ အာကာသသိပ္ပံပညာရှင်များသည် ကြယ်တို့၏ ဒြပ်ထု၊ သက်တမ်း၊ [[ဓာတုဗေဒ]]ဓာတ်များပေါင်းစပ်ခြင်း အချိုးအစားနှင့် အခြား ဂုဏ်သတ္တိများတို့ကို ကြယ်တို့၏ ဖြာထွက်ရောင်ခြည်များ၊ အလင်းရောင် ထွန်းလင်းတောက်ပမှုများနှင့် အာကာသအတွင်း ရွေ့လျားပုံတို့မှတဆင့် သိရှိနိုင်သည်။ ကြယ်တို့၏ စုစုပေါင်းဒြပ်ထုသည် ၄င်းတို့၏၎င်းတို့၏ ဆင့်ကဲဖြစ်ပေါ်တိုးတက်လာခြင်း နှင့် အဆုံးသတ်မှေးမှိန်ပျောက်ကွယ် သွားခြင်းတို့အတွက် အဓိက အဆုံးအဖြတ်ပေးသည့် အရာဖြစ်သည်။ ကြယ်၏ အခြားစရိုက်သဘာဝများကိုမူ ကြယ်၏အချင်း၊ လည်ပတ်ပုံ၊ ရွေ့လျားပုံ နှင့် အပူချိန်တို့အပါအဝင် ၄င်း၏၎င်း၏ ဆင့်ကဲဖြစ်ပေါ် ပြောင်းလဲတိုးတက်လာခြင်း သမိုင်းကြောင်း မှ ဆုံးဖြတ်ပေးသည်။ ကြယ်များ၏ အပူချိန်နှင့် ၄င်း၏၎င်း၏ အလင်းရောင်ထွန်းလင်းတောက်ပမှု တို့အား နှိုင်းယှဉ်ရေးဆွဲထားသော ပုံကို [[ဟတ်ဇပရင်း-ရပ်ဆဲလ်ပုံ]] (Hertzsprung-Russell diagram) သို့ H–R diagram ဟုခေါ်ဝေါ်ကြပြီး ထိုပုံမှတဆင့် ကြယ်၏ သက်တမ်းနှင့် ဆင့်ကဲဖြစ်ပေါ် ပြောင်းလဲမှု တို့ကို တိုင်းတာနိုင်သည်။
 
ကြယ်များသည် အဓိကအားဖြင့် ဟိုက်ဒရိုဂျင်ပါဝင်ပြီး ဟီလီယမ်နှင့် အခြားလေးလံသော ဒြပ်စင်များ အနည်းငယ်မျှ ပါဝင်သော အရာဝတ္ထု အစုအဝေးတို့ သိပ်သည်းစွာ စုစည်းခြင်းမှ တဆင့် စတင်ဖြစ်ပေါ်လာကြသည်။ ကြယ်၏ အတွင်းပိုင်းတွင် လုံလောက်သော သိပ်သည်းမှု ရရှိသော အချိန်တွင် အချို့သော ဟိုက်ဒရိုဂျင်ဓာတ်တို့သည် နျူးကလီးယား ပေါင်းစပ်ခြင်း နည်းလမ်းအားဖြင့် ဟီလီယမ် အဖြစ်သို့ ပြောင်းလဲသွားကြသည်။<ref name="sunshine">{{cite web
စာကြောင်း ၂၀ -
| accessdate = 2006-06-08 }}</ref>
 
[[ဒွိကြယ်]] နှင့် ကြယ်များစု စနစ်များတွင် ကြယ်နှစ်လုံး သို့မဟုတ် နှစ်လုံးထက်ပိုသော ကြယ်များ ပါဝင်ကြပြီး ၄င်းတို့ကို၎င်းတို့ကို ဆွဲငင်အားဖြင့် အချင်းချင်း ထိန်းချုပ်ထားကြကာ ကြယ်တစ်ခုနှင့်တစ်ခု ပုံသဏ္ဌန်မပြောင်းသော ပတ်လမ်းအတွင်းတွင် ယေဘူယျအားဖြင့် လှည့်ပတ်နေကြသည်။ ထိုသို့ အချင်းချင်းလှည့်ပတ်နေသော ကြယ်နှစ်လုံးတွင် အလွန်နီးကပ်သော ပတ်လမ်းရှိပါက ၄င်းတို့၏၎င်းတို့၏ ဆွဲငင်အား အချင်းချင်း အပြန်အလှန် သက်ရောက်မှုသည် ၄င်းတို့၏၎င်းတို့၏ ဆင့်ကဲဖြစ်ပေါ်မှုတွင် သိသာစွာ အကျိုးသက်ရောက်မှု ရှိသည်။ <ref name="iben">{{cite journal
| last = Iben | first = Icko, Jr.
| title=Single and binary star evolution
စာကြောင်း ၃၃ -
| title=Firmamentum Sobiescianum, sive Uranographia
| location=Gdansk }}</ref>]]
သမိုင်းကြောင်းအား ပြန်လည်ကြည့်ရှုမည် ဆိုလျှင် ကြယ်တို့သည် ကမ္ဘာတဝှမ်းလုံးရှိ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းတို့အတွက် အရေးပါသော ကဏ္ဍတွင် ပါဝင်ခဲ့သည်။ ကြယ်တို့သည် ဘာသာရေး ထုံးတမ်းစဉ်လာများ၏ အစိတ်အပိုင်းဖြစ်ခဲ့ရုံသာမက ကောင်းကင်ကို အသုံးပြု၍ လမ်းကြောင်းရှာ သွားလာခြင်းနှင့် အရပ်မျက်နှာရှာဖွေခြင်းတို့တွင်လည်း ပါဝင်ခဲ့သည်။ ရှေးခေတ် နက္ခတ္တ ပညာရှင်အများစုတို့က ကြယ်များသည် ကောင်းကင်ဘုံနှင့် သက်ဆိုင်သော စက်ဝန်းကြီးတစ်ခုတွင် အသေနေရာချထားပြီး မပြောင်းလဲနိုင်သော အရာများဟု ယုံကြည်ခဲ့ကြသည်။ ထုံးတမ်းစဉ်လာအရ နက္ခတ္တ ပညာရှင်တို့သည် ကြယ်များကို အစုဖွဲ့၍ နက္ခတ်တာရာများ အဖြစ်သတ်မှတ်ခဲ့ကြပြီး ၄င်းတို့ကို၎င်းတို့ကို အသုံးပြု၍ ဂြိုဟ်တို့၏ ရွေ့လျားပုံနှင့် နေကို ရည်ညွှန်း၍ ရောက်ရှိနေသော နေရာတို့ကို ခြေရာခံ စောင့်ကြည့်ခဲ့ကြသည်။ <ref name="forbes">{{cite book
| author=Forbes, George | title=History of Astronomy
| publisher=Watts & Co. | location=London | year=1909
စာကြောင်း ၆၇ -
| accessdate=2007-10-21 }}</ref>
 
ကောင်းကင်သည် ပြောင်းလဲနိုင်ခြင်းမရှိဟု အမြင်အားဖြင့် ထင်ရသော်လည်း ကြယ်အသစ်တို့ ပေါ်ထွက် လာနိုင်ကြောင်းကို တရုတ်လူမျိုး နက္ခတ္တဗေဒ ပညာရှင်တို့ သတိပြုမိ ခဲ့ကြသည်။ တိုင်ချို ဘရာဟေ (Tycho Brahe) တို့ ကဲ့သို့သော အစောပိုင်း နက္ခတ္တဗေဒ ပညာရှင်တို့သည် ညဖက်ကောင်းကင်ပြင်တွင် နောက်အခါတွင် နိုဗေး ဟု ခေါ်ဆို သုံးစွဲကြသည့် ကြယ်အသစ်များကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ကောင်းကင်ဆိုသည်မှာ မပြောင်းမလဲနိုင်သည့် အရာမဟုတ်ကြောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။ ၁၅၈၄ ခုနှစ်တွင် ဂျော်ဒါးနိုး ဘရူနိုက ကြယ်များသည် နေနှင့် သဏ္ဌန်တူသော အရာများဖြစ်ကြပြီး ၄င်းတို့တွင်၎င်းတို့တွင် အခြားဂြိုဟ်များလည်း ရှိနိုင်ကြောင်း၊ ၄င်းတို့၏၎င်းတို့၏ ပတ်လမ်းကြောင်းတွင် ကမ္ဘာနှင့် တူသော ဂြိုဟ်များပင် ရှိနိုင်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။ ထိုအယူအဆကို ရှေးခေတ် ဂရိတွေးခေါ်ရှင်များ ဖြစ်ကြသော ဒီမိုကရိတပ် နှင့် အက်ပီကျူးရပ်စ် တို့ကလည်း ဆွေးနွေးတင်ပြခဲ့ဖူးသည်။ နောက်ရာစုနှစ် တစ်ခုသို့ ကူးပြောင်းသော အချိန်တွင် ကြယ်များသည် ဝေးလံသော ဒေသမှ နေများဖြစ်သည်ဆိုသော အယူအဆသည် နက္ခတ္တဗေဒ ပညာရှင်အများစုတို့ သဘောတူလက်ခံသော အယူအဆ ဖြစ်လာခဲ့သည်။ ကျမ်းစာဆရာ ရစ်ချက် ဘန်တလေ က ထိုကြယ်များသည် အဘယ့်ကြောင့် နေအဖွဲ့အစည်းသို့ ပေါင်းစပ်ဆွဲငင်အား သက်ရောက်မှု မရှိရသနည်း ဆိုသောမေးခွန်းကို စတင်တင်ပြခဲ့ပြီး ကြယ်များသည် အရပ်မျက်နှာ အသီးသီး၌ ညီမျှစွာ ဖြန့်ကြက်တည်ရှိနေခြင်းကြောင့် ဖြစ်သည်ဟု အိုင်ဆက်[[နယူတန်]]က ပြန်လည် ဆွေးနွေးတင်ပြခဲ့သည်။
 
အီတလီလူမျိုး နက္ခတ္တဗေဒ ပညာရှင် ဂျီမီနီယာနို မွန်တာနာရီ (Geminiano Montanari) က အယ်လ်ဂေါလ် (Algol) ကြယ်၏ အလင်းရောင်ထွန်းလင်း တောက်ပမှုများ၏ အပြောင်းအလဲကို လေ့လာတွေ့ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။ [[အက်မော ဟေလီ]] (Edmond Halley)က အနီးအနားရှိ တစ်နေရာတည်းတွင် တည်ရှိနေသည်ဟု ယူဆရသော ကြယ်စုံတွဲ၏ တိကျသေချာသော ရွေ့လျားမှု ကို တိုင်းတာနိုင်ခဲ့ပြီး ၄င်းတို့သည်၎င်းတို့သည် ရှေးဟောင်း ဂရိခေတ် တော်လေမီ နှင့် ဟစ်ပါးကပ်တို့လက်ထက်က မှတ်သားထားခဲ့သော နေရာမှ ရွေ့ပြောင်းသွားကြောင်း ပြသနိုင်ခဲ့သည်။ ၁၈၃၈ ခုနှစ်တွင် ဖရိုင်းဒရစ် ဘပ်ဆဲလ် (Friedrich Bessel) က parallax နည်းလမ်းကို အသုံးပြု၍ ကြယ်သို့ အကွာအဝေး (61 Cygni နှင့် [[အလင်းနှစ်]] ၁၁.၄ နှစ် ဝေးကြောင်း) ကို ပထမဆုံး အကြိမ်အဖြစ် တိုင်းတာနိုင်ခဲ့သည်။ Parallax တိုင်းတာခြင်း နည်းလမ်းမှ ကောင်းကင်ယံ၌ ကြယ်တို့အကြား အလွန်တရာ ကွာဝေးကြောင်းကို ပြသနိုင်ခဲ့သည်။
 
[[ဝီလီယံ ဟာရှယ်]] (William Herschel) သည် ကောင်းကင်ယံတွင် ကြယ်တို့ပျံ့နှံ့တည်ရှိပုံကို ဆုံးဖြတ်ရန် ကြိုးစားသော ပထမဆုံး နက္ခတ္တဗေဒ ပညာရှင်ဖြစ်သည်။ ၁၇၈၀ နှစ်များအတွင်းတွင် သူသည် ဦးတည်ရာအရပ် ၆၀၀ ခန့်တွင် တိုင်းတာမှုများကို ဆက်တိုက် ပြုလုပ်ခဲ့ပြီး ထိုအရပ်များတွင် တွေ့ရှိရသော ကြယ်တို့ကို ရေတွက်ခဲ့သည်။ ထိုသို့ တိုင်းတာမှု ပြုလုပ်ပြီးနောက် ကြယ်တို့၏ အရေအတွက်သည် နဂါးငွေ့တန်း ဂလက်ဆီ၏ ဗဟိုထုရှိရာသို့ ဦးတည်၍ ကောင်းကင်၏ အရပ်မျက်နှာ တစ်ဖက်တည်းသို့ တဖြည်ဖြည်းချင်း တိုးပွားသွားကြောင်း ကောက်ချက်ချ ခဲ့သည်။ သူ၏ သားဖြစ်သူ ဂျွန်ဟာရှယ် (John Herschel) ကလည်း အလားတူ စမ်းသပ်ချက်ကို တောင်ကမ္ဘာခြမ်းတွင် ထပ်မံပြုလုပ်ခဲ့ပြီး တူညီသောအရပ်မျက်နှာသို့ပင် ကြယ်အရေအတွက် တိုးပွားသွားကြောင်း တွေ့ရှိခဲ့သည်။ ဝီလီယမ် ဟာရှယ်၏ အခြားသော ပြောင်မြောက်သည့် တွေ့ရှိချက်မှာ အချို့ကြယ်များသည် အခြားကြယ်တို့နှင့် မျဉ်းတစ်ဖြောင့်တည်း ကျရုံသာမက အဖော်အဖြစ် တည်ရှိပြီး ဒွိကြယ်စနစ်ကို ဖြစ်ပေါ်စေကြောင်း ရှာဖွေတွေ့ရှိချက် ဖြစ်သည်။
"https://my.wikipedia.org/wiki/ကြယ်" မှ ရယူရန်