ဒဂုန် ခင်ခင်လေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး typofix
စာကြောင်း ၅၅ -
သူရိယမဂ္ဂဇင်းနှင့် မြန်မာ့အလင်းမဂ္ဂဇင်း နှစ်စောင်တွင် ‘သစ္စာနှင့် မေတ္တာ’၊‘စိန်နှင့် ဘေး’၊ ‘အချစ်နှင့် အမြစ်’၊ ‘စကားပြေ ဝတ္ထုတိုလေးများ’ ရေးပြီးပို့ခဲ့သည်။ ခင်ခင်လေးဝတ္ထုတိုလေးများမှာ သုံးလတစ်ကြိမ် အလှည့်ကျပါလာခဲ့၏။ ၂ နှစ်အတွင်း သူ့လက်ရာလေးတွေ အဆက်မပြတ် ပါလာပြီး ၁၉၂၁ ခု နှစ်တွင် မန္တလေးမြို့မှနေ၍ ကိုယ်တိုင်အမျိုးသမီးမဂ္ဂဇင်းကို ‘ကြည်တော်ဆက်’ မဂ္ဂဇင်းအမည်ဖြင့် (၁၅) ရက်တစ်ကြိမ် အချိန်မီထွက်နိုင်အောင် ကြိုးပမ်းခဲ့၍ သူကိုယ်တိုင်ထုတ်ဝေခဲ့သည်။
 
သမီးဖြစ်သူ ဒဂုန်ခင်ခင်လေးက ‘ကြည်တော်ဆက်’ မဂ္ဂဇင်း ထုတ်ဝေရန်ပူဆာ၍ မိခင်ဖြစ်သူသည် ကားတစ်စီးနှင့် စိန်နားကပ်တစ်ရံရောင်းကာ မဂ္ဂဇင်း ထောင်ပေးရသည် ဟူ၏။ ဤမျှအထိ သမီးအလိုကိုလိုက်ခဲ့မှုကြောင့် အများ၏ မေးငေါ့ခြင်းကိုပင် ခံခဲ့ရသည်ဆိုလေသည်။ ဒဂုန်ခင်ခင်လေးသည် မိမိပိုင် ‘ကြည်တော်ဆက်မဂ္ဂဇင်း’ကို မန္တလေးမြို့၊ ဆိုင်းတန်းရပ်၊ ဝဇီရာ မဏ္ဍလပုံနှိပ်တိုက်တွင် ရိုက်နှိပ်သည်။ မြန်မာ အမျိုးသမီး စာရေးဆရာများ ဦးစီး ထုတ်ဝေသော မဂ္ဂဇင်းများတွင် အစောဆုံး ဖြစ်သည်။ ကြည်တော်ဆက်မဂ္ဂဇင်းမှာ သူ့ခေတ်နှင့်သူ တွင်ကျယ်လာခဲ့သည်။ ပုံနှိပ်ခွင့်ကို သွားတောင်းစဉ်ကမူ မျက်နှာဖြူအရေးပိုင်မှာ ငယ်ရွယ်သူ အယ်ဒီတာမလေးကိုကြည့်ပြီး မအံ့သြဘဲမအံ့ဩဘဲ မနေနိုင်ခဲ့။ ခင်ခင်လေး၏သတ္တိကား ဤသို့ဖြစ်ပါသည်။ ကိုယ့်ကိုယ်ကို ကိုယ်အားကိုးသော ဉာဉ်ကား (၁၂) နှစ်သမီးအရွယ်ကစ၍ အမြစ်တွယ်ခဲ့သူဖြစ်ပါသည်။ သူ့ဝတ္ထုများကို ထုတ်ဝေသော ဝဇီရာမဏ္ဍလပုံနှိပ်တိုက်ပိုင်ရှင် ဒေါ်ဒေါ်ရွက်၏ ဟုမ္မရုးသတင်းစာ၌ ဟုမ္မရုးလမ်းညွှန်ခန်းကို ဒဂုန်ခင်ခင်လေးသည် လျှို့ဝှက်နာမည်နှင့် ရေးခဲ့ရာ တိုက်အုပ်လက်ရာဟု ထင်ခဲ့ကြသည်။
 
ထို့နောက် တိုက်ပိုင်ရှင်နှင့်အတူ ''နေရှင်နယ်ဂျာနယ်''ထွက်ရန် ကြိုးစားခဲ့သည်။ သို့သော် နိုင်ငံရေးရုန်းရင်းဆန်ခတ်ဖြစ်၍ နေရှင် နယ်ဂျာနယ်နှင့် ကြည်တော်ဆက်မဂ္ဂဇင်းပါ ရပ်စဲထားလိုက်ရသည်။ အလုပ်မရှိလျှင်လည်း မနေတတ်သဖြင့် ဝါသနာအရ ဇာထိုး၊ ပန်းထိုး၊ လက်မှုပညာနှင့်ဘဲ အချိန်ကုန်လွန်ခဲ့ရသည်။ စတိုး ဆိုင်ကြီးများတွင် ဒေါ်ခင်ခင်လေး၏လက်ရာဖြစ်သော ရေခဲချည်စောင်၊ တက်တင်းဇာ၊ ပုတီးစေ့လက်ပွေအိတ်၊ ရေးဆေးဆီဆေးခြယ်ထားသည့် ပိုးတွန့်ဖဲလုံချည်များစသဖြင့် ကန်ထရိုက်စနစ်နှင့်သွင်းခဲ့သည်။ အနုပညာရှင်၏ မွမ်းမံမှုဖြစ်သဖြင့် အလွန် လူကြိုက်များခဲ့ပြီး ဝင်ငွေကောင်းခဲ့သည်။ ဇာထိုး၊ ပန်းထိုးရင်း ဝတ္ထုတွေ စဉ်းစားလိုက်၊ ကောက်ရေးလိုက်နှင့် ဒဂုန်မဂ္ဂဇင်း ဝတ္ထုပြိုင်ပွဲသို့ ရွှေဥဒေါင်းညိုဝတ္ထုကို ပို့လိုက်ရာ ပထမဆုရရှိခဲ့သည်။
စာကြောင်း ၉၈ -
၁၉၅ဝ ပြည့်နှစ်တွင် ဒဂုန်ခင်ခင်လေးတို့မောင်နှံသည် ဗဟန်းမြို့နယ် ဘောင်ဒရီလမ်း (ဓမ္မစေတီလမ်း)၊ အမှတ် ၂၅၃ ရှိ သုံးဧကကျယ်ဝန်းသော မြေကွက်ပေါ်ရှိ နှစ်ထပ်တိုက်အိမ်ကြီးကိုဝယ်ယူ၍ ‘ဗမာ့ခေတ်’ ဗိမာန်သစ်ကြီးတို့ကို ထူထောင်ခဲ့လေသည်။
 
ထို့နောက် ဒဂုန်ခင်ခင်လေးနှင့် မိုးကြိုးဦးအုန်းခင်တို့သည် အကြောင်းအမျိုးမျိုးတို့ကြောင့် စိတ်သဘောထားခြင်း မတိုက်ဆိုင်ကြတော့သဖြင့် ၁၉၆ဝ ပြည့်နှစ်၊ သြဂုတ်လဩဂုတ်လ ၁၄ ရက်နေ့တွင် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြသည်။ ဒဂုန်ခင်ခင်လေးသည် ဗမာ့ခေတ်သတင်းစာကို ၁၉၆၁ ခု၊ မတ်လ ၃၁ ရက်နေ့အထိ ထုတ်ဝေခဲ့သည်။
 
ဗမာ့ခေတ်သတင်းစာတိုက်ကို ၁၉၆၁ ခု၊ ဧပြီလ ၁ ရက်နေ့တွင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်လိုက်ရသောအခါ အမှတ် ၃၊ ကိုယ့်မင်း ကိုယ်ချင်းလမ်း၊ ဗဟန်းမြို့နယ်တွင် ၁၉၆၁ ခု၊ မေလ (၁) ရက်နေ့၌ ယုဝတီသတင်းစာကို ဦးစီး ထုတ်ဝေခဲ့ပြန်သည်။ ယုဝတီသတင်းစာတွင် ဒဂုန်ခင်ခင်လေးသည် ပင်တိုင်ဆောင်းပါးများရေးသည်။ ယင်းသတင်းစာ၌ပင် ‘နှစ်ပေါင်း ၆ဝ’ ကိုယ်ရေး အတ္တုပ္ပတ္တိကို အခန်းဆက်ရေး၍ ‘အာကောင်နီ’ ကလောင်အမည်ဖြင့် ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးများကို ပင်တိုင်ရေးသား ခဲ့သည်။