ဟာမင်း ခန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး typofix
စာကြောင်း ၇ -
သည် ဘိုးအင်းလေကြောင်းဌာနတွင် လည်းကောင်း၊ စတန်းဖို့ဒ် သုတေသနဌာနတွင် လည်းကောင်း အတိုင်ပင်ခံ အဖြစ်လည်း ဆောင်ရွက်သည်။
 
ဟာမင်းခန်းသည် အတွေးအခေါ်ရဲရင့်ပြတ်သားသော အနာဂတ် အတွေးအမြင် ပညာရှင်တစ်ဦးဖြစ်သည်။ ၄င်း၏၎င်း၏ သာမိုနျူးကလီးယားစစ်ပွဲ စာအုပ်တွင် ပါဝင်သော အတွေး အမြင် အယူအဆများသည် ကမ္ဘာသူ ကမ္ဘာသားများအား လှုပ်လှုပ် ရှားရှား ဖြစ်စေခဲ့သည်။
 
ဟာမင်းခန်းသည် စီးပွားရေး တိုးတက်လာမည့် ဂျပန်နိုင်ငံ ၏ အနာဂတ်ကို ဟောကိန်းထုတ်ခဲ့သည်။ အမေရိကန် ပြည်ထောင်စုသည် ရှေ့အနှစ် ၂ဝ အတွင်း သယံဇာတများ အလျှံ ပယ် ထွက်ရှိ၍ ကြွယ်ဝဖွံ့ဖြိုးပြီး တစ်ခေတ်ဆန်းလာလိမ့်မည် ဟူ၍လည်း ဟောကိန်းထုတ်သည်။ ထို့အပြင် အမေရိကန် စာပို့ လုပ်ငန်းတွင် အီလက်ထရွန်းစနစ်ဖြင့် စာပို့ရေးကိစ္စ၊အမေရိကန် ပြည်ထောင်စု၏ အခွန်အကောက် ပြဿနာ၊ ဆိုဗီယက် ပြည်
ထောင်စု၏ ရေတပ်အင်အား စသည်တို့ တွေးတောသုံးသပ်၍ ဖြစ်နိုင်မည့် အခြေအနေကို ထုတ်ဖော်ပြခဲ့သည်။
 
ဟာမင်းခန်းသည် အမေရိကန်သမ္မတ ထရူးမင်းမှစ၍ အမေရိကန် ပြည်ထောင်စု၏ သမ္မတအဆက်ဆက်အား ၄င်းတို့၏၎င်းတို့၏ နိုင်ငံရေးဝါဒနှင့် စပ်လျဉ်း၍ အကြံဉာဏ်များပေးခဲ့သူဖြစ်သည်။ သမ္မတရေဂင်သည် ၁၉၈၁ ခုနှစ်တွင် မိမိ၏ ဝါဒရေးရာနှင့် စပ်လျဉ်း၍ ဟာမင်းခန်းထံမှ အကြံဉာဏ်များ ရယူခဲ့သည်။ဟာမင်းခန်းရေးသားခဲ့သော စာအုပ်များအနက် သာမို နျူကလီးယားစစ်ပွဲ (၁၉၆၁)၊ မတွေးရဲသော ပြဿနာကို တွေးတောခြင်း(၁၉၆၂)၊ သက္ကရာဇ် ၂ဝဝဝ မှာ (၁၉၆၇)၊ ဂျပန်၏ စိန်ခေါ်သံ (၁၉၇၉) စာအုပ်များသည် ထင်ရှားသည်။
 
ဟာမင်းခန်းသည် ၁၉၈၃ ခုနှစ် ဇူလိုင်လတွင် [[နယူးယောက်မြို့]] နေအိမ်၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဂျိန်းနှင့် သားတစ်ယောက်၊ သမီးတစ်ယောက် ကျန်ရစ်သည်။