ခြောက်ရက်စစ်ပွဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး removed ZWSP
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၂၅ -
}}
 
'''ခြောက်ရက်စစ်ပွဲ''' ကို ဇွန်လစစ်ပွဲ၊ ၁၉၆၇ အာရပ်-အစ္စရေးစစ်ပွဲ သို့ တတိယ အာရပ်-အစ္စရေး စစ်ပွဲ စသည်ဖြင့် ရည်ညွှန်းလေ့ ရှိကြပြီး ၁၉၆၇ ဇွန်လ ၅ ရက်နှင့် ၁၀ ရက် အတွင်း အစ္စရေး နှင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော အီဂျစ်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံ နှင့် ဆီးရီးယားနိုင်ငံ တို့ တိုက်ခိုက်ကြသော စစ်ပွဲ ဖြစ်သည်။ အစ္စရေးနှင့် ၄င်း၏၎င်း၏ အိမ်နီးချင်းနိုင်ငံများ အကြား အလွန်အမင်းတင်းမာမှုများ ဖြစ်ပွားပြီးနောက် ဇွန်လ ၅ရက်နေ့တွင် အစ္စရေးက အာရပ်တပ်များအား လေကြောင်းတိုက်ခိုက်မှု အမှတ်မထင် ရုတ်တရက် စတင်ရာမှ စစ်ပွဲစတင် ဖြစ်ပွားခဲ့သည်။ ရလာဒ်မှာ အစ္စရေး အနေနှင့် လျင်မြန်စွာပင် အောင်မြင်မှု ရလိုက်ခြင်း ဖြစ်သည်။ အစ္စရေးသည် အီဂျစ်ထံမှ ဂါဇာကမ်းမြောင်ဒေသ နှင့် ဆီနိုင်း ကျွန်းဆွယ်၊ ဂျော်ဒန်ထံမှ အနောက်ဘက်ကမ်းခြေနှင့် ဂျေရုဆလင် အရှေ့ပိုင်း၊ ဆီးရီးယားထံမှ ဂိုးလန်း ကုန်းမြင့် တို့ကို ရရှိ ထိန်းချုပ်နိုင်ခဲ့သည်။ အစ္စရေး၏ တိုက်ခိုက်မှုသည် တမင်သက်သက် ရန်လိုခြင်း သို့မဟုတ် ကာကွယ်ရန် အတွက် လက်ဦးမှု ရယူခြင်းဟု အယူအဆ အမျိုးမျိုး ကွဲပြားကြသည်။
 
တကယ်တမ်းဆိုသော် ဤစစ်ပွဲသည် ဝမ်းနည်းဖွယ်ရာဖြစ်ရပ်တစ်ခုဟုဆိုနိုင်ပေ၏။ ဤစစ်ပွဲကို မည်သူကမျှ မတိုက်ချင်ခဲ့ကြဘဲ စစ်ပွဲကြီးအဖြစ် မထင်မှတ်ဘဲ ပြောင်းလဲသွားခဲ့ရပေသည်။ ဤစစ်ကိုမီးမွှေးခဲ့သူ အဓိက တရားခံဟုဆိုနိုင်သူ အီဂျစ်သမ္မတ နာဆာ၏ ရည်ရွယ်ချက်မှာ အမေရိကန်ပြည်အား အကျပ်ကိုင်ရန်သာဖြစ်၏။ အမေရိကန်ပြည်၏ဘဏ္ဍာရေး၊ စားနပ်ရိက္ခာ အကူအညီများဖြင့် ရှင်သန်ရပ်တည်ခဲ့ရာမှ ဆိုဗီယက်ပြည်ထောင်စု၏ စစ်ရေးအထောက်အပံ့များဖြင့် ဒေသတွင်း အင်အားတောင့်တင်းလာပြီးနောက် အမေရိကန်ပြည်အပေါ် မိတ်ဆွေမဆန်သည့် ဆက်ဆံရေးများ ပြုလုပ်လာခဲ့သောကြောင့် အမေရိကန်ပြည်က အီဂျစ်နိုင်ငံအပေါ် စီးပွားရေးအထောက်အပံ့အားလုံး ရုတ်သိမ်းလိုက်၏။ ပြည်တွင်းစားသုံးမှုအတွက် အမေရိကန်ဂျုံအပေါ် မှီခိုအားထားနေရသော အီဂျစ်နိုင်ငံတွင်း စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် မကျေနပ်မှုများ၊ အုံကြွမှုများ ဖြစ်ပေါ်လာခဲ့၏။ ထိုအကျပ်အတည်းမှ အာရုံလွှဲရန် အာရပ်ကမ္ဘာ၏ ထောက်ခံမှုကို ရယူရန်ရည်ရွယ်ကာ ဘုံရန်သူ အစ္စရေးအား ရင်ဆိုင်ရဲသည့် အာရပ်သူရဲကောင်းအဖြစ် မိမိကိုယ်ကိုပွဲထုတ်လေတော့၏။