စန်းယု (နိုင်ငံတော်သမ္မတ): တည်းဖြတ်မှု မူကွဲများ

+infobox; general fix
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၆၅ -
 
ဦးစန်းယုသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လတွင် [[မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ]] ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ၌ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။ ၁၉၆၃ ခုနှစ်၊ စက်တင်ဘာလတွင် ပါတီစည်းရုံးရေး ဗဟိုကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၆၄ ခုနှစ်၊ ဩဂုတ်လတွင် ပါတီစည်းရုံးရေး ဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီ
လတွင်ပါတီစည်းရုံး ရေး ဗဟိုကော်မတီကို တိုးချဲ့ဖွဲ့စည်းရာ အထွေထွေအတွင်းရေးမှူးအဖြစ် ဆက်လက်တာဝန် ပေးအပ်ခြင်းခံရသည်။ ၁၉၆၇ ခုနှစ်၊ အောက်တိုဘာလတွင် ဆိုရှယ်လစ်စီးပွားရေး စီမံကိန်းကော်မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်သည်။ ၁၉၇၁ ခုနှစ်၊ မတ်လတွင် ဆိုရှယ်လစ်စီးပွားရေး စီမံကိန်းကော်မတီကို ပြန်လည်ဖွဲ့စည်းရာဒုတိ ယဥက္ကဌအဖြစ်ယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၇၁ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းသောအဖွဲ့ဝင် ၉၇ ဦးပါဝင်သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် (မူကြမ်း) ရေးဆွဲရေး ကော်မရှင်ဥက္ကဌအဖြစ်လည်းကောင်း၊ကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပြည်သူများ၏ ဆန္ဒသဘောထားနှင့် အကြံ
ပေးချက်များ ရယူရေး အဖွဲ့ခွဲ ၅ ကချင်ပြည်နယ်)၊ အဖွဲ့ခွဲ ၁၂ (မန္တလေးတိုင်း)၊ အဖွဲ့ခွဲ ၁၅ (ရန်ကုန်တိုင်း) တို့တွင် အဖွဲ့ခွဲခေါင်းဆောင်အဖြစ်လည်းကောင်း ဆောင်ရွက်သည်။ ၁၉၇၄ ခုနှစ်၊ ဇူလိုင်လတွင် တပ်မတော် ပါတီကော်မတီ ဥက္ကဌအဖြစ်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ် ခြင်းခံရသည်။
 
ဦးစန်းယုသည် ၁၉၇၁ ခုနှစ် ပထမအကြိမ်ပါတီ ညီလာခံ၊ ၁၉၇၃ ခုနှစ် ဒုတိယအကြိမ်ပါတီညီလာခံ၊ ၁၉၇၇ ခုနှစ် တတိယအကြိမ် ပါတီညီလာခံနှင့် ၁၉၇၇ ခုနှစ် အရေးပေါ် ပါတီညီလာခံတို့တွင် ပါတီဗဟို ကော်မတီဝင်နှင့် ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခြင်း ခံရသည်။ ၁၉၈၁ ခုနှစ် စတုတ္ထအကြိမ် ပါတီညီလာခံတွင် ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီ ဥက္ကဌအဖြစ်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တာဝန်
ပေးအပ်ခံ ရသည်။ ၁၉၈၅ ခုနှစ် ပဉ္စမ အကြိမ်ပါတီညီလာခံတွင် ပါတီဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဒုတိယဥက္ကဌအဖြစ်ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၈၈ ခုနှစ် အရေးပေါ် ပါတီညီလာခံတွင် ပါတီဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဒုတိယဥက္ကဌအဖြစ်မှဒုတိယဥက္ကဋ္ဌအဖြစ်မှ အနားယူသည်။
 
ဦးစန်းယုသည် ၁၉၇၄ ခုနှစ် ပထမအကြိမ် [[ပြည်သူ့လွှတ်တော် (၁၉၇၄)|ပြည်သူ့လွှတ်တော်]]နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေး ချယ်တင်မြှောက်ပွဲ၊ ၁၉၇၈ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ် တင်မြှောက်ပွဲများတွင် [[ဗဟန်းမြို့နယ်]] မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီးသက် ဆိုင်ရာပြည်သူ့လွှတ်တော် ပထမအစည်းအဝေးများက နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးအဖြစ် ရွေးချယ်တင် မြှောက်ခြင်းခံရသည်။ ၁၉၈၁ ခုနှစ် တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့်ရွေးချယ်တင်မြှောက်ပွဲတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီး တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးက နိုင်ငံတော် ကောင်စီဥက္ကဌနှင့်ကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်သည်။
 
၁၉၈၅ ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲတွင် ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရပြီး စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးက နိုင်ငံတော်ကောင်စီ ဥက္ကဌနှင့်ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတအဖြစ် ထပ်မံရွေးချယ် တင်မြှောက် သည်။ ၁၉၈၈ ခုနှစ် စတုတ္ထအကြိမ်ပြည်သူ့ လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် နိုင်ငံတော်ကောင်စီ ဥက္ကဌနှင့်ဥက္ကဋ္ဌနှင့် နိုင်ငံတော် သမ္မတအဖြစ်မှ အငြိမ်းစားယူသည်။
 
ဦးစန်းယုသည် ၁၉၅၂ ခုနှစ်၊ အောက်တိုဘာလတွင် [[ဗိုလ်ချုပ်ကြီးနေဝင်း]] ဦးစီးသည့် စစ်မစ်ရှင် အဖွဲ့၏ အတွင်းရေးမှူး အဖြစ်ဆောင်ရွက်၍ အမေရိကန်နိုင်ငံသို့ သွားရောက်သည်။ ၁၉၅၄-၅၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ Command and General Staff College Course တစ်နှစ်သင်တန်း တက်ရောက်သည်။ ၁၉၆ဝ ပြည့်နှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နှစ်ကြိမ်သွားရောက်၍ တရုတ်-မြန်မာ နယ်ခြားကိစ္စ ဆောင်ရွက်သည်။ ချစ်ကြည်ရေးခရီးအဖြစ် ၁၉၈၄ ခုနှစ် ဇွန်လတွင် ဂျပန်နိုင်ငံနှင့် အောက်တိုဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လည်းကောင်း၊ ၁၉၈၆ ခု နိုဝင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်
စာကြောင်း ၈၂ -
 
==မိသားစုဘဝ==
ဦးစန်းယုသည် ၁၉၄၇ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့နေ ပညာမင်းကြီး၏ အပါးတော်မြဲ ဦးရှိန်ဝှက်နှင့် ဒေါ်သန်းရွှေတို့၏ သမီး၊ အင်းစိန်အစိုးရကျောင်း ကျောင်းဆရာမ ဒေါ်သန်းရှိန်နှင့် လက်ထပ် ခဲ့သည်။ သမီးလေးဦးထွန်းကား၍ သမီးများမှာ ဒေါ်လဲ့လဲ့ယု၊ ဒေါ်ခင်ဆွေယု၊ ဒေါ်အေးသန်းယု၊ ဒေါ်စောယုမွန် တို့ဖြစ်ကြသည်။ မြန်မာ့လွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး နိုင်ငံ့တာဝန်များကို ကိုယ်ကျိုးမဖက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သော နိုင်ငံတော်ကောင်စီဥက္ကဌနိုင်ငံတော်ကောင်စီဥက္ကဋ္ဌ (အငြိမ်းစား)၊ နိုင်ငံတော်သမ္မတ (အငြိမ်း စား)နှင့် ကာကွယ်ရေးဦးစီးချုပ် (အငြိမ်းစား) ဦးစန်းယုသည် ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက် နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်သန်းရှိန်နှင့် သမီးလေးဦး၊ မြေးခြောက်ဦးကျန်ရစ်သည်။ <ref>စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၉၇)</ref>
 
== ကိုးကား ==