ဂဠုန်ဦးစော: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၅၅ -
ဂျပန်မှအပြန် ဦးစောသည် “ကိုယ်တွေ့ဂျပန်ပြည်”စာအုပ်ကိုရေးကာ သူရိယမှ ထုတ်ဝေခဲ့သည်။ ထို့နောက်သူရိယ သတင်းစာရှယ်ယာများ ထပ်မံဝယ်ယူပြီး ၁၉၃၆ ခုနှစ်တွင် သူရိယသတင်းစာ၏ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်လာသည်။
 
၁၉၃၇ ခု၊ မေလ (၁၂) ရက်နေ့တွင် ဂဠုန်ဦးစောနှင့် ဇနီးဒေါ်သန်းတင်တို့က အိန္ဒယ ခေါင်းဆောင် ပန်ဒစ်ဂျဝါဟလာနေရူးနှင့် သမီး အင်ဒီရာဒေဝီတို့အား ဧည့်ခံဂုဏ်ပြုခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် သူရိယသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်။ သူရိယသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဩဇာကြီးမား လာသည်နှင့်အမျှ သတင်းစာ၏ မူဝါဒကို ၄င်းစိတ်ကြိုက်၎င်းစိတ်ကြိုက် ပြောင်းလဲခဲ့သည်။
 
၁၉၃၆ ခုတွင် ဂဠုန်စစ်သူကြီးဘွဲ့ခံကာ ဂဠုန်တပ်၏ ဗိုလ်ချုပ် အဖြစ်ဆောင်ရွက်သည်။ ၁၉၃၆ ခု ဒုတိယ ကျောင်းသား သပိတ်ကာလတွင် ကျောင်းသားများနှင့် ရင်းနှီးမှုရရန် ကြိုးစားခဲ့သည်။ ၁၉၈၃ ခု၊ မတ်လတွင် မျိုးချစ်ပါတီကို ဖွဲ့စည်းခဲ့သည်။ မျိုးချစ်ပါတီဌာနချုပ်ကို သူရိယသတင်းစာ တိုက်မျက်နှာချင်းဆိုင် နေရာနှင့် ဦးစော၏ မရမ်းကုန်းမြို့နယ်ရှိ အေဒီလမ်း (ယခု မေခလမ်း) အမှတ် (၄) နေအိမ်တွင်ထားရှိသည်။ မျိုးချစ်ပါတီတွင် ဝတ်လုံတော်ရ ဦးအေး၊ ဖျာပုံသူဌေး၊ ဦးအုန်းခင်၊ ဟင်္သာတဦးမြ၊ ပဲခူးဦးစိန်ဝင်းတို့ ခေါင်းဆောင်များ အဖြစ်ပါဝင်သည်။
စာကြောင်း ၆၄ -
အင်္ဂလန်မှအပြန် ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့အရောက် ဂျပန်ကောင်စစ်ဝန်ရုံးသို့သွားပြီး ပေါ်တူကီနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင်းသို့ ဂျပန်များ ဝင်ရောက်လာပါက ဗြိတိသျှတို့ကို တိုက်ခိုက်ရာတွင် ကူညီဦးမည်ဟု စကားကမ်းလှမ်းခဲ့သည်၊ ထို့အကြောင်းကို ဗြိတိသျှစုံထောက်များ သိရှိပြီး ဂျပန်သံရုံးနှင့် ဆက်သွယ်မှုဖြင့် ပါလက်စတိုင်း (အစ္စရေး) ပြည် ဟိုင်ဖာမြို့တွင် အင်္ဂလိပ်အစိုးရ၏ ထိန်းသိမ်း ထားခြင်းခံရသည်။
၁၉၄၂ ခု၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် နန်းရင်းဝန်ဦးစောအား မြန်မာပြည်သို့ ပြန်ခွင့်မပြုဘဲ ဆက်လက်ထိန်းသိမ်းလိုက် ကြောင်း အင်္ဂလိပ်အစိုးရက ကြေညာခဲ့သည်။ ဦးစောအား ဒုတိယ ကမ္ဘာစစ်အတွင်း အာဖရိကတိုက် ယူဂန္ဒာနိုင်ငံ၏ အကျဉ်းချ အိုင်စီအက်စ် ဦးတင်ထွတ်အား အိန္ဒိယနိုင်ငံ ဆင်မလားသို့ပို့ပြီး မြန်မာပြည်စစ်ပြေးအစိုးရ၏ အကြံပေးအဖြစ် ဆောင်ရွက်စေခဲ့သည်။
ထို့နောက် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခု၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် နန်းရင်းဝန်ဟောင်း ဦးစောသည် ယုဂန္ဒာနိုင်ငံမှ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသည်။ မေလတွင် မျိုးချစ်ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၄၆ ခု၊ စက်တင်ဘာလ (၁၂)ရက်နေ့တွင် မြန်မာပြည်ဘုရင်ခံ ဆာဟူးဘတ်ရန့် ခေါ်ယူတွေ့ဆုံခြင်းခံရသည်။ ထိုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့တွင် ရန်ကုန်မြို့ မြေနီကုန်း (အထက ၂ စမ်းချောင်းကျောင်းရှေ့) စိန့်ဖလိုမီနာကျောင်းရှေ့၌ သေနတ်ပစ်ခံရ၍ မျက်စိဒဏ်ရာရခဲ့သည်။ ၄င်းလုပ်ကြံမှုအား၎င်းလုပ်ကြံမှုအား ဗိုလ်ချုပ်အောင်ဆန်းက နောက်ကွယ်မှ စေခိုင်းခဲ့သည်ဟု အထင်မှားကာ ဗိုလ်ချုပ်အောင်ဆန်းအပေါ် အငြိုးအတေးထားခဲ့သည်။
စက်တင်ဘာလ (၂၆) ရက်နေ့တွင် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၌ ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၄၇ ခု၊ ဇန်နဝါရီလ(၉) ရက်နေ့တွင် ဗြိတိသျှအစိုးရ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဆွေးနွေးရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် အင်္ဂလန်သို့ သွားရောက်ခဲ့သည်။ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေး အတွက် ချုပ်ဆိုသော အောင်ဆန်း-အက်တလီစာချုပ်ကို ထိုစဉ်ကအဖွဲ့ဝင်အဖြစ်လိုက်ပါသော သခင်ဗစိန်နှင့်အတူ လက်မှတ်ထိုးရန် ငြင်းဆိုပြီး စာချုပ်ကို ကန့်ကွက်ခဲ့သည်။
မြန်မာပြည်ပြန်ရောက်ပြီး ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် သခင်ဗစိန်နှင့်အတူ ဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သည်။