ဆွန်ချင်လင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၆၀ -
၁၉၂၆ ခုနှစ်တွင် မဒမ်ဆွန်သည် ဒေါက်တာဆွန်ယတ်ဆင်၏ နေရာကိုဆက်ခံလာသူ [[ချန်ကေရှိတ်]]၏ ဗဟိုအစိုးရ အမှုဆောင်ကောင်စီ အဖွဲ့ဝင်တစ်ဦးအဖြစ်ဖြင့် ဆောင်ရွက်ခဲ့၏။ သို့ရာတွင် ၁၉၂၇ ခုနှစ်၌ ချန်ကေရှိတ်သည် မြောက်ပိုင်းပြည် နယ်တို့သို့ ချီတက်ရေးနှင့်စပ်လျဉ်း၍ ကွန်မျူနစ်တို့နှင့် သဘော ကွဲလွဲလာခဲ့ပြီးလျှင် အမျိုးသားညွန့်ပေါင်းအဖွဲ့ထဲမှ ကွန်မျူနစ် တို့ကို နှင်ထုတ်လိုက်သောအခါ၊ မဒမ်ဆွန်သည် ချန်ကေရှိတ်အား ဒေါက်တာဆွန်၏ လမ်းစဉ်မှ သွေဖည်ခဲ့ပြီဟု ပြစ်တင်ပြုကာ၊ တရုတ်နိုင်ငံမှ ထွက်ခွာသွားခဲ့၏။ ထိုနောက်၌ကား ဥရောပတိုက်တွင် လှည့်လည်၍၊ မောစကိုနှင့် ဘာလင်မြို့တော်တို့၌ ခေတ္တနေထိုင်ခဲ့သည်။
 
၁၉၂၉ ခုနှစ်၌ကား တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက်၊ ချန်ကေရှိတ်၏ လမ်းစဉ်ကို အမြဲတမ်းဝေဖန်ကာ စက်မှုလက်မှု သမဝါယကလုပ်ငန်းအပါအဝင် လူမှုဝန်ထမ်းလုပ်ငန်းတို့ကို ပြင်ပမှနေ၍ ဆောင်ရွက်ပေးခဲ့သည်။ မဒမ်ဆွန်၏ လူမှုဝန်ထမ်းလုပ်ငန်းများအနက် ယနေ့တိုင် ထင်ရှားတည်ရှိသော လုပ်ငန်းတစ်ရပ်မှာ သူကိုယ်တိုင်ကြီးကြပ်သော ကလေးထိန်းဌာနနှင့် ကင်ဒါဂါတင်ကျောင်း ဖြစ်၏။ ချန်ကေရှိတ်သည်တရုတ်အမျိုးသား၏သမ္မတအဖြစ်ဖြင့် ဆောင်ရွက်နေစဉ်၊ မဒမ်ဆွန်သည် ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘဲ သီးခြားနေခဲ့၏။ ထိုနောက် ၁၉၄၉ ခုနှစ်တွင် [[မော်စီတုံး]] ခေါင်းဆောင်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်လာသောအခါ၊ ပြည်သူ့အစိုးရဗဟိုကောင်စီတွင် ဒုတိယဥက္ကဌတစ်ဦးဒုတိယဥက္ကဋ္ဌတစ်ဦး ဖြစ်လာလေသည်။
 
မဒမ်ဆွန်၌ ဆွန်းအိုင်လင်း၊ ဆွန်းမေလင်းဟူသော ညီအစ်မနှစ်ဦးနှင့် ဆွန်းဇူဝင်ဟူသော မောင်တစ်ယောက်ရှိသည်။ ဆွန်း မောင်နှမတစ်စုမှာ ရာထူးဌာနန္တအားဖြင့်၎င်း၊ ပစ္စည်းဥစ္စာအားဖြင့်၎င်း ထင်ရှားကျော်ကြားသူ ချည်းဖြစ်သည်။ ဆွန်းအိုင်လင်းမှာ ကွန်းရှန်းရှီးခေါ် အိပ်ချ၊အိပ်ချ၊ ကွန်း၏ဇနီးဖြစ်သည်။ ကွန်းသည် ကမ္ဘာပေါ်တွင် အကြွယ်ဝဆုံးသောသူများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ တရုတ်အမျိုးသား အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးဌာနဝန်ကြီးအဖြစ်ဖြင့် ထမ်းရွက်ခဲ့သည်။ ဆွန်းမေ
လင်းမှာ မဒမ်ချန်ကေရှိတ်ဟု အများသိကြသော ချန်ကေရှိတ်၏ ဇနီးပင်ဖြစ်သည်။ ဆွန်းဇူဝင်မှာမူ တီ၊ ဗွီ၊ ဆွန်းဟု ကျော်ကြားသော ဘဏ်သူဌေးဖြစ်လေသည်။ တီ၊ ဗွီ၊ ဆွန်းသည်လည်း ချန်ကေရှိတ်အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးဝန်ကြီး အဖြစ်ဖြင့်၎င်း၊ ဝန်ကြီးချုပ် အဖြစ်ဖြင့်၎င်း ထမ်းရွက်ခဲ့ဘူးသည်။ အိပ်ချ၊ အိပ်ချ၊ ကွန်းနှင့် တီ၊ ဗွီ၊ ဆွန်းတို့ အိမ်ထောင်စုများမှာ ယခုအခါ အမေရိကန်ပြည်ထောင်စု၌ နေထိုင်လျက်ရှိကြ၏။
 
၁၉၅၆ ခုနှစ် ဇန္နဝါရီလ၌ မဒမ်ဆွန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကွန်ဂရက်၏ အမြဲတမ်းကော်မီတီ ဒုတိယဥက္ကဌအဖြစ်ဖြင့်ဒုတိယဥက္ကဋ္ဌအဖြစ်ဖြင့် မြန်မာနိုင်ငံသို့လာရောက်ခဲ့၏။ ဇန္နဝါရီလ ၆ ရက်နေ့တွင် [[ရန်ကုန်မြို့တော်ခန်းမ]]၌ ကျင်းပသော လူထု အစည်းအဝေးတွင် သဟဇာတမူငါးချက်ကို အခြေတည်၍၊ တရုတ်ပြည်သူ့နိုင်ငံနှင့် မြန်မာပြည်ထောင်စုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပုံကို ဟောပြောခဲ့သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)</ref>
==ကိုးကား==
<references/>