ဒုံးလွှတ်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၁၈ -
ဒုံးလွှတ်သည့် ဓလေ့သည် ပင်လောင်းမြို့နယ်တွင် ရေပန်းအစားဆုံး ဖြစ်၏။ ပင်လောင်း မြို့နယ်တွင် ဒုံးအကြီးများကို ပြုလုပ်ကြ၏။ တောင်ကြီးမြို့နယ်တွင် ဒုံးအလတ်စား လောက်ကိုသာ ပြုလုပ်ကြသည်။ ပင်လောင်းမြို့နယ်တွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသား တို့သည် လွန်ခဲ့သည့် နှစ်(၅၀)ခန့်က `ပန်တုံ´ခေါ် ဒုံးကို စတင်ခဲ့ ကြသေး၏။ ထိုဒုံးကို ငြမ်းစင်ပေါ်တင်ပြီး လွှတ်ပါက ဦးတည်ထားသည့် နေရာသို့ မသွားဘဲ သွားချင်သည့် နေရာကိုသွား၏။ သွားချင်သည့် နေရာကိုသွားသဖြင့် ထိုဒုံးကို ပအိုဝ်းတိုင်းရင်းသား တို့က ”မေႏပန်တုံ” (ဒုံးပန်တုံ) ဟုခေါ်ကြ၏။ ဤဒုံးကိုရှို့လွှတ်ပါက ယခုခေတ် အာကာသသို့ ပစ်လွှတ်သည့် ဒုံးပျံများနှင့်ဆင်၏။ ယမ်းအားပေါ်တွင် မူတည်၍ သွား၏။ ထို့ကြောင့် ပအိုဝ်း တိုင်းရင်းသားတို့က ”ဒုံးပျံကို လွန်ခဲ့တဲ့နှစ်(၅၀) ကတည်းက လုပ်ခဲ့တာ” ဟုဂုဏ်ယူ၍ ပြောစမှတ်ပြုကြသည်။
 
ဒုံးလွှတ်သည့် ဓလေ့သည် ရှမ်းပြည်နယ် တောင်ပိုင်းတွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသားများ မှတစ်ဆင့် အောက်မြန်မာပြည်တွင် နေထိုင်ကြသည့် ပအိုဝ်းတိုင်းရင်းသား များဆီသို့ ပျံုနှံ့သွားကြောင်းဖြင့်ပျုံနှံ့သွားကြောင်းဖြင့် မှတ်သားရသည်။
 
ရှေးက ဒုံးလွှတ်ပွဲကို ရှင်ပြုပွဲများ ပြီးဆုံးသောအခါ ရှင်ပြုပွဲ ပြီးဆုံးခြင်း၏ အထိမ်း အမှတ်အဖြစ် လည်းကောင်း၊ ရာသီဥတု ကောင်းမွန်သာယာရေး၊ တောင်ယာထွက်သီးနှံများ အောင်မြင်ရေး ၊ပိုးမွှားဖျက်ဆီးမှု ကင်းဝေးစေရေး၊ စီးပွားရေးဖွံ့ဖြိုးရေး၊ နှစ်သစ်ကူးပွဲတွင် မိမိတို့ဒါန အောင်မြင်မှု အထိမ်းအမှတ်အဖြစ်ဖြင့် မြတ်စွာဘုရားကို ပူဇော်ဆုတောင်းသည့် ပွဲအဖြစ် ကျင်းပခဲ့ကြသည်။ ယနေ့တိုင်ပင် ကျင်းပဆဲဖြစ်၏။ ဒုံးလွှတ်ပွဲသည် စည်ကားပြီး အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသဖြင့် ဤပွဲတွင် တစ်နယ်တစ်ရွာစီ ကွာဝေးသော ဆွေမျိုး မိတ်သင်္ဂဟများကိုလည်း ပြန်လည်ဆုံတွေ့ ကြရလေသည်။