နယူးဇီလန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၆၈ -
 
=== ဥရောပမှ စွန့်စားရှာဖွေသူများ ===
နယူးဇီလန်သို့ ပထမဆုံး ရောက်ရှိသည်ဟု ယုံကြည်ရသော ဥရောပသားများမှာ ၁၆၄၂ ခုနှစ်တွင် ရောက်ရှိခဲ့သော ဒတ်ခ်ျစွန့်စားရှာဖွေသူ အေဘယ်လ် ဂျန်ဇွန်း တက်စ်မန်း နှင့် သူ၏ သင်္ဘောသားများ ဖြစ်သည်။ မောင်အုိရီတို့သည်မောင်အိုရီတို့သည် သင်္ဘောသား ၄ ယောက်ကို သတ်ပစ်ခဲ့ကြပြီးနောက် ၁၇၆၈-၇၁ ခုနှစ်တွင် ဗြိတိသျှ စွန့်စားရှာဖွေသူ [[ကွတ်၊ ကက်ပတိန်|ဂျိမ်းစ်ကွတ်]] ရောက်ရှိလာသည့် အချိန်အထိ မည်သည့် ဥရောပသားမှ လာရောက်ခြင်း မရှိတော့ပေ။ ကွတ်ခ်သည် နယူးဇီလန်ကို ၁၇၆၉ တွင် ရောက်ရှိခဲ့ပြီး ကမ်းရိုးတန်း တစ်ခုလုံးကို မြေပုံဆွဲခဲ့သည်။ ကွတ်ခ် လာရောက်ပြီးသည့် နောက်တွင် ဥရောပနှင့် မြောက်အမေရိကမှ ဝေလငါးဖမ်း သင်္ဘောများ၊ ဖျံဖမ်း သင်္ဘောများနှင့် ကုန်သွယ်ရေး သင်္ဘောမျိုးစုံတို့ လာရောက်ခဲ့ကြသည်။ သူတို့သည် ဥရောပမှ သတ္တု ပစ္စည်းကိရိယာများနှင့် လက်နက်များကို မောင်ရီတို့၏ သစ်၊ အစားအသောက်၊ လက်မှုပစ္စည်းနှင့် ရေတို့ဖြင့် လဲလှယ်ကြသည်။ ရံဖန်ရံခါ ဆိုသလိုပင် ဥရောပသားတို့သည် ပစ္စည်းပေး၍ လိင်ကိစ္စကို ရယူကြသည်။
 
အာလူးနှင့် ပြောင်းချောသေနတ်တို့သည် ဥရောပသားတို့ မကြာခဏ ရောက်ရှိလေ့ရှိသည့် မြောက်ဖက်ပိုင်းမှ စတင်၍ တောင်ဖက်သို့ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ပြီး မောင်အိုရီတို့၏ လယ်ယာစိုက်ပျိုးရေးနှင့် စစ်ရေးတို့ကို ပြောင်းလဲစေခဲ့သည်။ အကျိုးဆက်အနေဖြင့် ၁၈၀၁ ခုနှစ်မှ ၁၈၄၀ အတွင်းတွင် တိုက်ပွဲပေါင်း ၆၀၀ ကျော်ဖြစ်စေခဲ့သော ပြောင်းချောသေနတ် စစ်ပွဲများ ဖြစ်စေခဲ့ပြီး လူပေါင်း ၃ သိန်းမှ ၄ သိန်း အထိ သေဆုံးစေခဲ့သည်။ ၁၉ ရာစုအတွင်းတွင် စတင်ဖြစ်ပွားခဲ့သော ရောဂါများမှလည်း မောင်အိုရီတို့၏ လူဦးရေကို ယခင်ထက် ၄၀ ရာခိုင်နှုန်းခန့် လျော့ကျ သွားစေခဲ့သည်။ ၁၉ ရာစု အစောပိုင်းမှ အစပြု၍ ခရစ်ယာန် သာသနာပြု တို့မှာ နယူးဇီလန်တွင် စတင်၍ အခြေချခဲ့ကြသည်။ သူတို့၏ အစပထမ ဦးတည်ရာမှာ လူ့အဖွဲ့အစည်း အတွင်းရှိ အုပ်ချုပ်သူတို့ကို ဆန့်ကျင်သူများသာ ဖြစ်သော်လည်း နောက်ဆုံးတွင် မောင်အိုရီ လူဦးရေ အတော်များများကို ခရစ်ယာန်ဘာသာသို့ ပြောင်းလဲ နိုင်ခဲ့သည်။