နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၁ -
မြန်မာနိုင်ငံတွင် ၁၉၆၂-ခုမှစ၍ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဖြင့် တစ်ပါတီအာဏာရှင် အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့ပါသည်။ ထိုသို့ အကောင်အထည်ဖော်ခဲ့ရာ (၂၆)နှစ်အကြာ ၁၉၈၈-ခုနှစ်တွင် ပြည်သူလူထုတစ်ရပ်လုံး၏ ကြီးမားကျယ်ပြန့်သော အုံကြွဆန့်ကျင်မှု ပေါ်ပေါက်ခဲ့ရပြီး သမိုင်းဝင် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးနှင့် ရင်ဆိုင်ခဲ့ရပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ စနစ်ကြီးသည်လည်း ချုပ်ငြိမ်းခဲ့ရပြီး ၁၉၈၈-ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူခဲ့ရာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကို ဖွဲ့စည်း၍ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။ ထိုစဉ်က နဝတ အစိုးရအဖွဲ့မှ တာဝန်ယူပြီးသည်နှင့်တပြိုင်နက် ၄င်းတို့၏၎င်းတို့၏ တာဝန်ကြီး (၄)ရပ်ကို ကမ္ဘာသိ ကြေငြာခဲ့ရာတွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပါဝင်ခဲ့ပါသည်။ တစ်ဆက်တည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ၁၉၈၈-ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။
 
== နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကြေညာချက် (ကြေညာချက်အမှတ် ၁/၉၀) ==
စာကြောင်း ၄၂ -
၁၇။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် လွတ်လပ်ရေးမရမီရေးဆွဲသည့် ဥပဒေဖြစ်ပြီး၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် လွတ်လပ်ရေးရပြီးမှရေးဆွဲသည့် ဥပဒေဖြစ်ကြောင်း ကွာခြားချက်ကို အထူးသတိပြုရန်လိုသည်။
 
၁၈။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီအများစု၏ဆန္ဒမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရေးဖြစ်ကြောင်း၊ ယင်းတို့၏ သဘောထားကြေညာချက်များအရ သိရှိနိုင်သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲစဉ်က တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ ပင်လုံညီလာခံတွင် ရှမ်း၊ ကချင်၊ ချင်း လူမျိုးစုများနှင့်သာ ဆွေးနွေးညှိုနှိုင်းခဲ့ပြီး မွန်၊ ရခိုင်စသော လူမျိုးစုများနှင့် ဆွေးနွေး ညှိုနှိုင်းမှု မရှိကြောင်း တွေ့ကြရမည်ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ နိုးကြားလာသော တိုင်းရင်းသား လူမျိုးများ အများအပြားရှိရာ ၄င်းတို့၏၎င်းတို့၏ ဆန္ဒသဘောထားများကို ညှိုနှိုင်းရယူပြီး ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်တရပ် ရေးဆွဲပြဋ္ဌာန်းရန် အထူးလိုအပ်ကြောင်း ထင်ရှားနေသည်။
 
၁၉။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် စစ်အစိုးရတရပ်ဖြစ်သည်နှင့်အညီ မာရှယ်လော (Martial Law) ဥပဒေကို ကိုင်စွဲကျင့်သုံးနေသည့် အစိုးရဖြစ်သည်။ ထိုသို့ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအား အောက်ပါအတိုင်း အာဏာ (၃) ရပ်ဖြင့် ကျင့်သုံးလျက်ရှိသည်။