နိုင်ငံရေးဘောဂဗေဒ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၇ -
 
ယခင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပေါ်ပြူလာ အလွန်ဖြစ်ခဲ့ဖူးသည့် စီးပွားရေးစနစ်မှာ ဆိုရှယ်လစ် စီးပွားရေး စနစ်ဖြစ်လေသည်။ ဘုံ စီးပွားရေး (Commond economy) ကို ယခင် ကွန်မြူနစ်နိုင်ငံများ ဖြစ်သော ဆိုဗီယက်ယူနီယံနှင့် တရုတ်အပါအဝင် ကမ္ဘာပေါ်ရှိ လက်ဝဲနိုင်ငံများ ကျင့်သုံး အကောင်အထည် ဖော်ခဲ့ကြလေသည်။ ဘာသာရပ်အခေါ်အဝေါ်အားဖြင့် Socialist mode of production ဟုခေါ်လေသည်။ မြန်မာနိုင်ငံတွင်လညး် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်(၁၉၆၂-၁၉၈၈) တွင်ကျင့်သုံးခဲ့သည်။ ယင်းလက်ဝဲနိုင်ငံများသာမက ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ကျင့်သုံးသော နိုင်ငံအချို့ တွင်လည်း အမိန့်ပေးစီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ကြလေသည်။ (ဥပမာ- အိန္ဒိယနိုင်ငံ)
ဆိုရှယ်လစ်ဝါဒ၏ အခြေခံအယူအဆမှာ အလုပ်သမားများ နိုင်ငံရေးအင်အားရရှိရေးဖြစ်သည်။ အလုပ်သမားများသည် ဓနကို ထုတ်လုပ်ပေးသူများ ဖြစ်ရာ ၄င်းတို့၏၎င်းတို့၏ ငွေကြေးဓန ကြွယ်ဝရေးအတွက် အစိုးရမှ ဓနပြန်လည်ခွဲဝေဖြန့်ဖြူးရေးများလုပ်ဆောင်နိုင်ရန် အလုပ်သမားများ နိုင်ငံရေးအင်အားရရှိမှသာ လုပ်ဆောင်နိုင်မည်ဖြစ်လေသည်။ တစ်နည်းအားဖြင့်ဆိုသော် (အစိုးရမှ ဝင်ရောက်ခြယ်လှယ်သော)အမိန့် ပေး စီးပွားရေးစနစ်၊ သာတူညီမျှ ကောင်းစားရေးစနစ် ဖြစ်လေသည်။ ဥစ္စာဓနများကို သာတူညီမျှ ခွဲဝေသောစနစ်ဖြစ်သောကြောင့် သာမန်အားဖြင့် ကြည့်သော် ဆင်းရဲချမ်းသာကွာဟမှု မရှိသည်မှာ ၊ ကောင်းသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် ကြီးပွားချမ်းသာ လာသောသူများ၏ လုပ်ငန်းများကို ပြည်သူပိုင်သိမ်းခံခဲ့ရလေသည်။ ကြိုးစားအားထုတ်မှုမရှိဘဲ ၊ဝင်ငွေ တိုးအောင် မဆောင်ရွက်လိုသော လူတန်းစားများမှာ ဘဝကို အေးဆေးသက်သာစွာဖြင့် အချောင်ခိုလိုစိတ် ကိုပိုမိုဖြစ် ထွန်းစေခဲ့သည်။ အားလုံးသာတူညီမျှ မွဲကြလေသတည်း ဆိုသကဲ့သို့ဖြစ်နေသည်။ ဆိုရှယ်လစ် စနစ်သည် အရင်းရှင်စနစ်ကို တရားကိုယ်အားနည်းချက်ဖြစ်သော မညီမျှမှုကို တိုက်ဖျက်လိုပြီး အခြေခံလူတန်းစားများ ဘက်မှ ရပ်တည်လိုသည့် သဘောအပေါ်အခြေခံ၍ ပေါ်ပေါက်လာသည်။
 
၁၉၉၀ ပြည့်နှစ်တွင် ဆိုဗီယက်ယူနီယမ်ကြီး ပြိုလဲအပြီး ယင်းနှင့် တနွယ်ငင်တစ်စင်ပါ အမိန့်ပေးစီးပွားရေးစနစ်မှာလည်း လက်တွေ့ အလုပ်မဖြစ်တော့သည့် စနစ်ဖြစ်ကြောင်း မြင်ဝါးထင်ထင် တွေ့လိုက်ကြသည်ဖြစ်ရာ မည်သည့်နိုင်ငံမှ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ကျင့်သုံးခြင်းမျိုးမပြုလုပ် တော့ပေ။ သို့နှင့် အရင်းရှင်စီးပွားရေးစနစ်ကို နိုင်ငံများ ဦးလှည့် သွားကြသော်လည်း အရင်းရှင်စနစ်ဆို သော နာမည်ကိုတော့မသုံး။ ယင်းအစား ဈေးကွက်စီးပွားရေးစနစ်ဟု သုံးနှုန်းခေါ်ဝေါ်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် အရိုင်းဘဝမှ ယဉ်ကျေးလာသည့် အရင်းရှင်စနစ်၏ မညီမျှတက်မှုအပေါ် သံသယမျက်လုံးများဖြင့် ကြည့်နေကြဆဲကြောင့်ဖြစ်လေသည်။