နု၊ ဦး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎တပ်မတော်ခေတ်
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၅၀ -
 
== ငယ်ဘဝ ==
ဦးနုသည် [[ဧရာဝတီတိုင်း]]၊[[မြောင်းမြခရိုင်]]၊ [[ဝါးခယ်မမြို့]]၌ အဖ ဦးစံထွန်း၊ အမိ ဒေါ်စောခင်တို့မှ ၁၉၀၇ ခုနှစ်၊မေလ၊၂၅ ရက်၊ စနေနေ့ နံနက် ၈နာရီ၊ ၃၉မိနစ်၊ ၁၂စက္ကန့် ၌ မွေးဖွားသည်။ မွေးချင်းနှစ်ဦးတွင် အကြီးဆုံးဖြစ်၍ ညီငယ် အမည် မှာ မောင်ဥ ဖြစ်သည်။ ၁၉၂၀ ခုနှစ်၊ တက္ကသိုလ်ကျောင်းသားသပိတ်တွင် ဝါးခယ်မမြို့အစိုးရကျောင်း၌ ပဉ္စမတန်းမှ ပါဝင်ခဲ့သည်။ ၆-တန်း၌ ပညာသင်ကြားနေစဉ် ဝါးခယ်မ အမျိုးသားကျောင်းတွင် ဆရာ အခက် အခဲ ရှိနေ၍ ဆရာတစ်ဘက် ကျောင်းသားတစ်ဘက် ဆောင်ရွက်ခဲ့သည်။ ၁၉၂၅-ခုနှစ်တွင် [[ရန်ကုန်မြို့]] [[မြို့မ အထက်တန်းကျောင်း]] မှ ဆယ်တန်းအောင်မြင်ခဲ့သည်။ [[မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်|မြို့မကျောင်း]] သည် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ ဗဟန်း မြို့နယ်တွင် စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ [[၁၉၂၉]] ခုနှစ်တွင် [[ရန်ကုန်တက္ကသိုလ်]]၌ ဘီ.အေ (ဝိဇ္ဇာ) ဘွဲ့ကို ရယူခဲ့သည်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ လူငယ်များအစည်းအရုံး တည်ထောင်ရာတွင် ကမကထလုပ်၍ ပါဝင်ခဲ့သည်။ [[ဦးသန့်]]၏ တိုက်တွန်းချက်အရ [[ပန်းတနော်မြို့]] အမျိုးသားကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်သည်။ [[သုံးခွမြို့]] အမျိုးသားကျောင်းသို့ ကျောင်းအုပ်အဖြစ် ပြောင်းရွေ့ခဲ့သည်။ [[၁၉၃၅]]ခုနှစ်တွင် ပန်းတနော် မြို့ အမျိုးသားကျောင်း ကော်မတီ ဥက္ကဌဥက္ကဋ္ဌ သမီး ဒေါ်မြရီ နှင့် အိမ်ထောင်ကျသည်။ ပန်းတနော် အမျိုးသားကျောင်းတွင် ပြန်လည်၍ တာဝန် ထမ်းဆောင်သည်။ ဦးနုတွင် သားနှစ်ဦး၊ သမီး နှစ်ဦး မွေးဖွားခဲ့သည်။ သားအကြီးမှာ ဦးသောင်းထိုက်ဖြစ်ပြီး ယခုအခါ အမေရိကန်တွင် နေထိုင်သည်။
 
== နိုင်‌ငံရေးဘဝ ==
=== လွတ်လပ်ရေး ===
သူ၏ နိုင်‌ငံရေးဘဝသည် [[တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ|ရန်‌ကုန်‌တက္ကသိုလ်‌ ကျောင်းသားများ သမဂ္ဂ]] ဥက္ကဌဥက္ကဋ္ဌ တာဝန်‌ကို ရယူခဲ့ချိန်မှ စတင်‌ခဲ့သည်‌။ ထိုအချိန်တွင် [[အောင်ဆန်း|ဗိုလ်ချူပ်အောင်ဆန်း]]မှာ သမဂ္ဂ၏ အတွင်းရေးမှုးဖြစ်ခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် သမဂ္ဂတွင်ပါသော ဆောင်းပါးတစ်ပုဒ်ကြောင့် ကျောင်းမှထုတ်ပစ်ခြင်းခံခဲ့ရပြီး ထိုကိစ္စကြောင့် ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ်ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ ကျွန်ပညာကို အလိုမရှိဟူသော သဘောဖြင့် ဘီအေဘွဲ့ကိုပြန်အပ်ခဲ့သည်။ ၁၉၃၇ခုနှစ်တွင် သတင်းဆရာ ဦးဘခိုင်၊ [[ဘချို၊_ဦး_(ဒီးဒုတ်)|ဒီးဒုတ်ဦးဘချို]]တို့ ဖွဲ့စည်းထားသော [[ဖေဘီယံ]] နိုင်ငံရေးပါတီတွင် ဝင်ရောက်ကူညီခဲ့သည်။ ဦးနုနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့သည် ၁၉၃၀ ခုနှစ်က ဖွဲ့ခဲ့သော [[တို့ဗမာအစည်းအရုံး]] အဖွဲ့ဝင်များ ဖြစ်လာကြပြီး သူတို့၏ နာမည်ရှေ့တွင် 'သခင်' ဟူသော ဂုဏ်ပုဒ်ကို တပ်ခဲ့ကြသည်။ မိမိတို့နိုင်ငံတွင် မိမိတို့သာ သခင်များဖြစ်ကြောင်း ပြယုဂ်အဖြစ် တပ်ခြင်း ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီး နှစ်အနည်းငယ်အထိ သခင်တပ်ခြင်းကို ဆက်ထိမ်းပြီး ၁၉၅၂ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး ဖြစ်၍ ‘[[ရဲဘော်သုံးကျိပ်|သခင်]]’ ဟုအမည်ရှေ့တွင်တတ်ရန် မလိုတော့သည့်အတွက် ‘[[သခင်]]’ကို မသုံးတော့ပဲ ဦးနုဟုသာပြန်လည်သုံးနှုန်းစေခဲ့သည်။ ၁၉၃၇ ခုနှစ်က သခင်သန်းထွန်းနှင့်အတူ ‘နဂါးနီ’ စာပေတိုက်ကို ပူးတွဲထူထောင်ခဲ့ပြီး ၎င်းပါတီသည် နောင်တွင် ဆိုရှယ်လစ်ပါတီ ဖြစ်လာသည်။ ထို့နောက် ပေါင်းစည်းထားသည့် အဖွဲ့အစည်းဖြစ်သည့် ဖက်ဆစ်တော်လှန်ရေးပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ကြီးကိုပါ ပူးတွဲထူထောင်ခဲ့ပြီး ၁၉၄၀ ပြည့်လွန်နှစ်များဝန်းကျင်ကတည်းက [[ဂျပန်နိုင်ငံ|ဂျပန်]]နှင့် [[ဗြိတိန်နိုင်ငံ|ဗြိတိသျှ]]တို့၏ သိမ်းပိုက်မှုလက်အောက်မှ ရုန်းထွက်ရန် ဆော်ဩတိုက်တွန်းခဲ့ကြသည်။ ကိုလိုနီအစိုးရ၏ ၁၉၄၀ ပြည့်နှစ်တွင် [[သခင်စိုး]]၊ [[သခင်သန်းထွန်း]]၊ [[ဦးကျော်ငြိမ်း]]၊ [[ဒေါက်တာဘမော်]] တို့နှင့်အတူ ထိန်းသိမ်းခြင်းခံခဲ့ရသည်။ ၁၉၄၇ ခုနှစ် [[၁၉ ဇူလိုင်|ဇူလိုင် ၁၉]] ရက်တွင် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင် ဗိုလ်ချူပ်[[အောင်ဆန်း]]နှင့် တကွ အစိုးရဝန်ကြီးအဖွဲ့ဝင်များ လုပ်ကြံခြင်းခံရပြီးနောက် ၁၉၄၇ ခုနှစ် အောက်တိုဘာလတွင် [[ဗြိတိသျှဝန်ကြီးချူပ်]] ကလဲမင့်အက်တလီနှင့် အတူ လွတ်လပ်ရေးသဘောတူညီမှုစာချူပ် (နု-အက်တလီ စာချူပ်) ကို ဦးနုဦးဆောင်သည့် ဖဆပလအဖွဲ့ကြီးက လက်မှတ်ရေးထိုးခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ထင်ရှားခဲ့ကြသောဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်များတွင် [[ဗိုလ်ချုပ်အောင်ဆန်း]] ၊ ဦးနု၊ [[ကိုဗဟိန်း]]၊ [[ဦးဗဆွေ]] ၊ [[မြို့မ-ဦးသန်းကြွယ်]]၊ သူရိယ ဦးသန်းမောင်၊ ဒေါက်တာ[[သန်းထွန်း]]၊ အာဏာရှင် လှရွှေ တို့ပါဝင်ကြသည်။
 
=== ပါလီမန်ခေတ် ===
စာကြောင်း ၇၁ -
 
=== ရှစ်လေးလုံး ===
မြန်မာနိုင်ငံနှင့် [[အမေရိကန်နိုင်ငံ]]တို့တွင် [[ဗုဒ္ဓဘာသာ]]သင်တန်းများပို့ချပြီး ([[၁၉၈၇]] ခုနှစ်က ဦးနုသည် [[မြောက်အီလီနွိုင်း တက္ကသိုလ်]]တွင် ဗုဒ္ဓဘာသာဆိုင်ရာသင်တန်းများ ပို့ချခဲ့သည်။) မထင်မရှားနေနေခဲ့ပြီး ဦးနုသည် [[ရှစ်လေးလုံးအရေး]]တော်ပုံ၌ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီကို ထောင်ကာ ပြန်လည်လှုပ်ရှားခဲ့သည်။ လန်ဒန်မြို့တွင် [[၁၉၆၉]] ခုနှစ်က သူသည် မြန်မာနိုင်ငံ၏ တရားဝင်ဝန်ကြီးချုပ်‌ဖြစ်ကြောင်း ကြေငြာခဲ့သည်ကို ပဲ့တင်ထပ်၍ [[၁၉၈၈]] ခုနှစ် [[စက်တင်ဘာ ၉]] ရက်တွင် ထပ်မံ၍ ကြေငြာခဲ့ပြန်သည်။ ဒေါ်[[အောင်ဆန်းစုကြည်]]နှင့် ဗိုလ်မှုးချုပ်ဟောင်း [[အောင်ကြီး]](ရှစ်လေးလုံး ကာလက အတိုက်အခံ နိုင်ငံရေးသမား) တို့အား ကြားဖြတ် အစိုးရဖွဲ့ရန် ကမ်းလှမ်းချက်ကို ၎င်းတို့မှ လက်မခံခဲ့ပေ။ သူသည် လက်မလျှော့ပဲ သူ၏ အစိုးရကို [[၁၉၆၂]] ခုနှစ်က ဖြုတ်ချခဲ့သည့် သမ္မတဟောင်း [[မန်းဝင်းမောင်]]ကို သမ္မတနေရာတွင် ပြန်လည် ခန့်အပ်လျက် ဖွဲ့စည်းခဲ့သည်။ [[၁၉၈၈]] ခုနှစ် [[စက်တင်ဘာ ၁၈]] ရက်တွင် စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်မှု အဖွဲ့ (နဝတ)ကို ဖွဲ့စည်းပြီးနောက် နဝတမှ ဦးနုအား ၎င်း၏ကြားဖြတ်အစိုးရအား ဖျက်သိမ်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ဦးနုမှ မလိုက်လျောခဲ့ပေ။ ထို့ကြောင့် ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် ဦးနုအား နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းထားလိုက်သည်။ ထိုစဉ်က နဝတပြောရေးဆိုခွင့်ရှိသူတစ်ဦးက သူ့အားနိုင်ငံတော်သစ္စာဖောက်မှုဖြင့် ရုံးတင်တရားစွဲဆို၍ ရသော်လည်း အသက်အရွယ်ကြီးရင့်ပြီဖြစ်ခြင်းနှင့် လွပ်လပ်ရေးကြိုးပမ်းအားထုတ်မှုများကြောင့် သူ့အားတရားမစွဲဆိုခြင်း ‌ဖြစ်ကြောင်းပြောကြားခဲ့သည်။ [[၁၉၉၂]] ခုနှစ် [[ဧပြီ ၂၃]] ရက် နဝတဥက္ကဌနဝတဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး[[စောမောင်]] ([[၁၉၉၇]] ခုနှစ် ဇူလိုင် ကွယ်လွန်) အား အာဏာစွန့်လွှတ်စေခဲ့သည့် တစ်ရက်တည်းတွင် ၎င်းအားပြန်လွှတ်ခဲ့သည်။ ထိုနေ့တွင်ပင် ယခုလက်ရှိ နိုင်ငံတော် [[နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ|အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ]]၏ ဥက္ကဌဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး [[သန်းရွှေ]]က အာဏာလွှဲပြောင်း ရယူခဲ့သည်။
 
[[File:U Nu & Mahatma Gandhi Dec 1947.jpg|thumb|မဟတ္တမ ဂန္ဒီ လုပ်ကြံမခံရမီ လပိုင်းအလိုတွင် ဦးနု မှ ၁၉၄၇ ဒီဇင်ဘာတွင် မြန်မာ့ခမောက်အား လက်ဆောင်ပေးနှုတ်ဆက်စကားပြောနေပုံ]]