နျူကလီးယားစွမ်းအား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၅၀ -
 
နျူကလီးယားစွန့်ပစ်ပစ္စည်းများထားသိုရသည့် အန္တရာယ်သည် သေးငယ်ပြီး၊ ဓါတ်ပေါင်းဖိုအသစ်များတွင် နောက်ဆုံးပေါ်နည်းပညာသုံးစွဲခြင်းဖြင့် စွန့်ပစ်ပစ္စည်းလျော့ချနိုင်သည့် အနောက်နိုင်ငံများတွင် လုပ်ငန်းပိုင်းဆိုင်ရာ အန္တရာယ်ကင်းရှင်းရေးမှတ်တမ်းသည် အခြားအဓိကအမျိုးအစားဖြစ်သော စွမ်းအားစက်ရုံများနှင့် နှိုင်းယှဉ်လျှင် ကောင်းမွန်လှသည်။
နျူကလီးယားစွမ်းအားသည် ပြည်သူများနှင့်ပတ်ဝန်းကျင်ကို များစွာ ခြိမ်းခြောက်လျက်ရှိသည်ဟု ဆန့်ကျင်သူ များက ယုံကြည်ကြသည်။ ထိုခြိမ်းခြောက်မှုများတွင် ပြင်ဆင်ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ရေဒီယိုသတ္တိကြွ နျူကလီးယားစွန့်ပစ်ပစ္စည်းများ ထားသိုခြင်း ပြဿနာများ၊ နျူကလီးယားလက်နက်များ စုပုံလာခြင်း အန္တရာယ်နှင့် အကြမ်းဖက်မှုတို့ ပါဝင်ပြီး၊ ထိုနည်းတူစွာ [[ကျန်းမာရေး]]အန္တရာယ်နှင့် ယူရေနီယံသတ္တုတွင်းမှ ပတ်ဝန်းကျင်ပျက်စီးမှုများ လည်း ပါဝင်သည်။၄င်းတို့ပါဝင်သည်။၎င်းတို့ စောဒကတက်ပြောဆိုသည်မှာ ဓါတ်ပေါင်းဖိုများ ကိုယ်၌သည် များပြားစွာ ရှုပ်ထွေးနေသော စက်များဖြစ်ပြီး၊ထိုစက်များတွင် ကိစ္စရပ်ပေါင်းများစွာ မှားယွင်းသွားနိုင်သည်။ ထိုသို့မှားယွင်းပါက အလွန်ကြီးမားသော နျူကလီးယား မတော်တဆမှုများဖြစ်ပွားနိုင်သည်။
 
အန္တရာယ်ကြီးမားသော နျူကလီးယား ဓါတ်ပြိုကွဲမှုကို စွမ်းအားအရင်းအမြစ်အဖြစ် အသုံးပြုခြင်းအန္တရာယ်သည် နည်းပညာအသစ်တိုးတက် ဖွံ့ဖြိုး လာသည်နှင့်အမျှ လျော့နည်းသွားမည်ဆိုသည်ကို ဝေဖန်သူများက မယုံကြည်ကြပါ။ ၄င်းတို့ထောက်ပြပြောဆို၎င်းတို့ထောက်ပြပြောဆို သွားသည်မှာ ယူရေနီယံသတ္တုတူးဖော်ရေးမှ နျူကလီးယားလုပ်ငန်းရပ်နားပြီးဆုံးသွားသည်အထိ နျူကလီးယားလောင်စာ ကွင်းဆက်၏ အားလုံးသော စွမ်းအင်သုံးစွဲခြင်းအဆင့်များကို ထည့်သွင်းစဉ်းစားသည့်အခါတွင်၊ နျူကလီးယားစွမ်းအား သည် ကာဗွန်လျော့နည်းသော လျှပ်စစ်ဓါတ်အားအရင်းအမြစ်တစ်ခုမဟုတ်တော့ပါ။
[[စီးပွားရေး]]နှင့် အန္တရာယ်ကင်းရေး ငြင်းဆိုချက်များကို ငြင်းခုံနေသော နှစ်ဘက်စလုံးမှ သုံးစွဲသည်။