ပကူးလူမျိုး: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး →ကိုးကား |
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း |
||
စာကြောင်း ၅ -
၁၉၂၁-ခု မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ စကောကရင်အုပ်စုတွင် စကော၊ ပကူး၊ ဝေဝေါ၊ မောနေပွာ ဟူ၍ ဖော်ပြထားသည်။ တလေပွာ အုပ်စုကို သီးခြား မဖော်ပြပေ။ သို့ရာတွင် ဝေဝေါ အုပ်စုသည် ဘာသာစကားအရ၎င်း၊ လူမှုရေးရာအရ၎င်း သီးခြားတည်ရှိနေသော အုပ်စုမဟုတ်ချေ။ ယင်းတို့မှာ ပကူး၊ မောနေပွာနှင့် တလေပွာများပင်ဖြစ်ပြီး ကျေးရွာအတည်တကျမရှိဘဲ တောင်ယာခုတ်ရင်း တစ်နှစ်တစ်ကြိမ် ရွှေ့ပြောင်းနေထိုင်ကြသူများ ဖြစ်ကြသည်။
ကရင်ဘာသာ စကားအားဖြင့် ဝေဝေါ စကားလုံးမှာ လှည့်လည်နေထိုင်သော လူမျိုးဟု အဓိပ္ပါယ်ရပေသည်။
ပကူးကရင်အမျိုးသားများ၏ ဝတ်စားဆင်ယင်ပုံမှာ အစင်းအနည်းငယ်ပါသော သင်တိုင်းအဖြူရောင်၊ ဘောင်းဘီအနက်၊ နက်ပြာခေါင်းပေါင်းနှင့် လွယ်အိပ်များကို ဆင်မြန်းကြသည်။ အမျိုးသမီးများသည် သင်တိုင်းကို ခါးပတ်အနက်ရောင် ပန်းဖော်နှင့် ထဘီအနက်ရောင်၊ ခေါင်းစီးပဝါများကို ဝတ်ဆင်ကြသည်။
|