ဘက်ဂျောင်းဟိ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 1 interwiki links, now provided by Wikidata on d:q14356 (translate me)
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၁ -
== ပတ်ချုန်ဟီး (ခရစ် ၁၉၁၇ ဖွား) ==
တောင်ကိုရီးယားဟု ခေါ်သော [[ကိုရီးယားသမ္မတနိုင်ငံ]]၏ သမ္မတကြီး '''ပတ်ချုန်ဟီး'''ကို ၁၉၁၇ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် မြောက်ပိုင်း ကျုံဆန်းနယ် ဆွန်းဆန်းရှိမ္မိုရွာ၌ ဖွားမြင်သည်။ သူ၏အမည်ကို ပက်ချွန်ဟွီး ဟုလည်း ရေးကြသည်။ သူသည်လယ်သမား တစ်ဦး၏ ရင်သွေးခုနစ် ယောက်အနက် အငယ်ဆုံးဖြစ်သည်။ ၁၉၃၇ ခုနှစ်တွင် ဂူးနော်မန်ကျောင်းမှ ဘွဲ့ရပြီးနောက် ကျောင်းဆရာအဖြစ် သုံးနှစ်ဝင်လုပ်ကာ ထိုစဉ်က မန်ချူးကိုးဟုတွင်သော မန်ချူး ရီယား နိုင်ငံသို့သွား၍ မန်ချူးကိုးစစ်အကယ်ဒမီ ကျောင်းတက် သည်။ ဤတွင် ဂျပန်တို့က ၄င်းတို့၏စစ်ကျောင်း၌၎င်းတို့၏စစ်ကျောင်း၌ စာရင်း သွင်းလိုက်၍ [[ဒုတိယကမ္ဘာစစ်]]အပြီး ၁၉၄၅ ခုနှစ် ဂျပန် လက်နက်ချချိန်၌ ပတ်သည် မန်ချူးရီးယား အခြေစိုက် ဂျပန် ကွမ်တုံတပ်မတော်တွင် ဗိုလ်တစ်ဦး ဖြစ်လာသည်။
 
ထိုနောက်တွင် ပတ်သည် တောင်ကိုရီးယားသို့ ပြန်လာပြီး ကိုရီးယားစစ်အကယ်ဒမီ တက်ရာ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ၌ သင်တန်းပြီးသည်။ ထိုမှ ၁၉၅ဝ ပြည့်နှစ် စက်တင်ဘာလတွင်မူ ဒုတိယ ဗိုလ်မှူးကြီး အဆင့်သို့ ရောက်၍ ၁၉၅၃ ခုနှစ်တွင်လည်း [[ကိုရီးယားစစ်ပွဲ]] (၁၉၅ဝ-၅၃) ၌ ပါဝင်ခဲ့သူအဖြစ်ဖြင့် ဗိုလ်မှူး ချုပ်ရာထူးကိုရရှိသည်။ သူသည် ကိုရီးယားစစ်