ပါရဂူဘွဲ့ ကြီးကြပ်သူ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး Replaced ‘ဒတ်ချ်’ with ‘ဒတ်ခ်ျ’. |
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း |
||
စာကြောင်း ၁ -
မြန်မာဘာသာဖြင့် '''ပါရဂူဘွဲ့ကြီးကြပ်သူ'''၊ အင်္ဂလိပ်ဘာသာဖြင့် '''doctoral advisor'''၊ '''dissertation director'''၊ '''dissertation advisor'''၊ (ဗြိတိသျှ အင်္ဂလိပ် ဘာသာတွင်) '''doctoral supervisor''' ဟု ခေါ်ဆိုသူမှာ ဘွဲ့လွန် ကျောင်းသားများကို [[ပါရဂူဘွဲ့ ]] (doctorate) ရရှိရန် လမ်းညွှန် ထိန်းကြောင်းပေးသည့် တက္ကသိုလ်ဆရာကို ဆိုလိုသည်။ သင်ရိုးရွေးချယ်ရာတွင် လည်းကောင်း၊ စာတမ်း ([[:en:dissertation|dissertation]]) ရေးရန် သုတေသနနယ်ပယ် ရွေးချယ်ရာတွင်လည်းကောင်း ကူညီပေးလေ့ရှိပြီး၊<ref>{{citation|title=The portable dissertation advisor|author=Miles Taft Bryant|publisher=Corwin Press|year=2004|isbn=978-0-7619-4696-0|pages=9–11}}.</ref> အများအားဖြင့် ပါရဂူဘွဲ့ကြီးကြပ်သူများမှာ ဌာနတွင်းရှိ အဆင်မြင့်/ဝါရင့် ဆရာများ ဖြစ်တတ်သည်။ ကျောင်းသားများက ကြီးကြပ်သူရွေးချယ်ရာတွင် ဆရာ၏ သုတေသန နယ်ပယ်၊ ဆရာ၏ သဘောတူညီမှု၊ ၎င်းဆရာနှင့် မိမိ အလုပ်အတူ လုပ်လို/မလုပ်လို စသည်တို့အပေါ် မူတည်ပြီး ရွေးချယ်ကြသည်။
အချို့နိုင်ငံများတွင် ပါရဂူဘွဲ့ကြီးကြပ်သူများမှာ ကျောင်းသား၏ စာတမ်းကော်မတီ၊ သို့မဟုတ် ပါရဂူအရည်အချင်းစစ် စာမေးပွဲတွင်
ပညာရေး မျိုးရိုးစဉ်ဆက် ([[:en:academic genealogy|academic genealogy]]) ကို ကျောင်းသား၏ ပါရဂူဘွဲ့ ကြီးကြပ်သူမှ တဆင့် သာမန် မျိုးရိုးအဆက် လိုက်သကဲ့သို့ လိုက်နိုင်သည်။ ဆိုလိုသည်မှာ မိမိ၏ ဘိုးဘွားဘီဘင်တို့ကို မိဘများမှတဆင့် မျိုးရိုးလိုက်နိုင်သကဲ့သို့ ကျောင်းသား၏ "ပညာရေး ဘိုးဘွားဘီဘင်" တို့ကို ပါရဂူဘွဲ့ကြီးကြပ်သူမှတဆင့် မျိုးရိုးဆက်လေ့ ရှိကြသည်။
|