ပြည်ထောင်စုစနစ်: တည်းဖြတ်မှု မူကွဲများ

"ပြည်ထောင်စုစနစ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၁ -
ပြည်ထောင်စုစနစ်(Unitary System)
 
ပြည်ထောင်စုစနစ်ကျင့်သုံးသောနိုင်ငံအတွင်း ရှိနေကြသော တိုင်းဒေသများတွင် ဒေသခံအာဏာပိုင်များနှင့် ထိုဒေသအတွင်းနေထိုင်ကြသော နိုင်ငံသားများ၏ လူမှုဘဝကို ဗဟိုအစိုးရက ဖက်ဒရယ်စနစ်မှာထက် ပိုမိုထိန်းချုပ်လေ့ရှိသည်။ ပြည်ထောင်စနစ်တွင် တနိုင်ငံလုံးအတွက် ဗဟိုထိန်းချုပ်သော ရဲဋ္ဌာနရှိပြီး တရားစီရင်ရာခုံရုံးမှာလည်း တနိုင်ငံလုံးအတွက် အဆင့်ဆင့်သွားသော ပုံစံတခုတည်းသာရှိသည်။ တရားရေးရာဝန်ထမ်းများမှာလည်း ဖက်ဒရယ်စနစ်မှာကဲ့သို့ ဒေသခံများကတင်မြှောက်ထားခြင်းမဟုတ်ပဲ ဗဟိုအစိုးရမှ တိုက်ရိုက်ရွေးချယ်ထားခြင်းဖြစ်သည်။ ပြည်ထောင်စနစ်ကို အပြည့်အဝကျင့်သုံးရန် ကြိုးပမ်းကြသောနိုင်ငံများ၏ ကြုံရသောအခက်အခဲများနှင့် ၄င်းတို့ပေးလိုက်ရသော၎င်းတို့ပေးလိုက်ရသော ဖက်ဒရယ်ဆန်သည့် အခွင့်အရေးများအကြောင်းကို ဗြိတန်၊ပြင်သစ်နှင့် စပိန်နိုင်ငံရှိ ကြုံခဲ့ရသောအခြေအနေများကို ကြည့်၍သိနိုင်သည်။
 
==ဗြိတိန်ရှိ အာဏာအမြင့်မှ အနိမ့်သို့ တဖြည်းဖြည်းလွှဲပြောင်းသော ဖြစ်စဉ်များ(Devolution in Britain)==
စာကြောင်း ၁၅ -
==စပိန်ရှိ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးအပ်ခြင်းဖြစ်ရပ်များ==
 
စပိန်ရှိဒေသစွဲပြဿနာများမှာ လတ်တလောတွင်လည်း အရေးတကြီးဖြစ်နေသော အခြေအနေများဖြစ်ပြီး ဥရောပတွင် ယူဂိုဆလားဗီးယားလူမျိုးရေး ပြဿနာများနောက်၌ ဒုတိယအခက်ခဲအရှုပ်ထွေးဆုံးပြဿနာအဖြစ် အများကသတ်မှတ်ထားကြသည်။ ဒေသတွင်း မကျေနပ်မှုများမှာ အာဏာရှင် ဗိုလ်ချုပ်ဖရန်စစ်စကိုဖရန်ကို၏ အုပ်ချုပ်မှုကာလ(၁၉၃၉-၁၉၇၅)အတွင်း အောင့်အီးထားရပြီး ဖရန်ကိုအုပ်ချုပ်မှုအောက်မှ လွတ်သည်နှင့်တပြိုင်နက် ဒေါသတကြီးထွက်ပေါ်လာခဲ့ကြသည်။ စပိန်တောင်ပိုင်းတွင်ရှိကြသော ဘာ့စ်က်လူမျိုးများနှင့် ကာတာလန်လူမျိုးများမှာ(Basques and Catalans) မြို့တော်မဒရစ်နှင့် ကွဲပြားသောယဉ်ကျေးမှုဓလေ့နှင့် ကွဲပြားသော ကိုယ်ပိုင်ဘာသာစကားတို့ရှိနေကြပြီး ဘာ့စ်က်လူမျိုးများ၏ ဘာသာစကားဆိုလျှင် စပိန်ဘာသာစကားအပါအဝင် အခြားမည်သည့်ဘာသာစကားနှင့်မျှ ဆက်နွယ်မှုမရှိပဲ ကွဲပြားသည်ဟုယူဆကြပြီး ၄င်းကိုပင်၎င်းကိုပင် ဘာ့က်စ်လူမျိုးတို့က ဂုဏ်ယူလေ့ရှိကြသည်။ ပို၍ဆိုးစေသောအချက်တခုမှာ စပိန်နိုင်ငံသည် အလယ်ခေတ်(၅ရာစုမှ ၁၅ရာစုအတွင်းသမိုင်းကာလ)အတွင်း၌ ဘုရင်များက စပိန်ဒေသအတော်အများကို ဖျူရော့စ်(fueros)ဟုခေါ်သည့် ဒေသတွင်းအခွင့်အရေးများကို ပေးခဲ့ဖူးပြီး ထိုအခွင့်အရေးများသည် ရာစုနှစ်ပေါင်းများစွာ အမြတ်တနိုးတန်ဖိုးထားခံခဲ့ရသော သမိုင်းကြောင်းတခုရှိသည် ဆိုသောအချက်ပင်ဖြစ်သည်။ ဤသို့ကွဲပြားမှုအဖုံဖုံများအကြားတွင် စပိန်အုပ်ချုပ်သူများက ပြင်သစ်မှာကဲ့သို့ ဗဟိုချုပ်ကိုင်ရေးပုံစံကို အသက်သွင်းရန်ကြိုးပမ်းလာကြသည့်အခါတွင် အကြီးအကျယ်ဒေါသပုန်ထမှုများနှင့် ရင်ဆိုင်ရတော့သည်။ စပိန်တွင် ပြည်ထောင်စုစနစ်အတွင်း ဒီမိုကရေစီပုံစံများကို ကျင့်သုံးလာသည့်အခါတွင် ဒီမိုကရေစီဖြင့်ရရှိသောအခွင့်အရေးများကိုသုံး၍ ခွဲထွက်ရေးကြိုးပမ်းမှုများ ၁၈၇၄နှင့် ၁၉၃၀ပြည့်နှစ်များတွင် ဖြစ်ပွားခဲ့ပြီး စပိန်စစ်တပ်က အကြိမ်ကြိမ်နှိမ်နင်းခဲ့ရသည်။
 
ဤသို့နောက်ခံဇတ်ကြောင်းများရှိသောစပိန်တွင် စစ်အာဏာရှင်လက်အောက်၌ အသက်အောင့်နေခဲ့ရသော စပိန်သည် ဖရန်ကိုလွန်ပြီးနောက် ပြန်လည်ရရှိလာသော ဒီမိုကရေစီအရ ဒေသခံအစိုးရ၁၇ခုပါသော အစိုးရအဖွဲ့ပေါ်ပေါက်လာသော်လည်း စပိန်အနောက်မြောက်ပိုင်း ဘာ့က်စ်နယ်မြေရှိ ဘာ့က်စ်အမိမြေနှင့် လွတ်လပ်ရေးဟု အဓိပ္ပာယ်ရသော အီတာအကြမ်းဖက်အဖွဲ့ဝင်များ(ETA – Euskadi Ta Askatasuna)သည် လုံးဝလွတ်လပ်ရေးအထိ တောင်းဆိုလာကြရာတွင် အသေခံဗုံးခွဲသတ်ဖြတ်မှုများကိုပါ အသုံးပြုလာကြသည်။ ဤသို့ဒေသစွဲစိတ်ဓါတ်များကို ပြန်ချော့ရန်အတွက် စပိန်ဗဟိုအစိုးရက ဘာ့က်စ်ဒေသအပါအဝင်၊မကျေနပ်မှုများကို အခြားအစွန်းမရောက်သောနည်းများဖြင့်ပြသကြသော ဒေသများဖြစ်သည့် ကာတာလိုးနီးယား၊ဂယ်လီးစီးယားနှင့် အန်ဒယ်လူစီးယားနှင့် အခြားအခြားသောဒေသများကို ဒေသတွင်းပါလီမန်ထားရှိခွင့်၊အခွန်ကောက်ခွင့်၊ ဘာသာစကားလွတ်လပ်ခွင့် နှင့် ဒေသတွင်းအရေးအရာများ စီမံပိုင်ခွင့်တို့ပါဝင်သော ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်အများအဖြစ် သတ်မှတ်ပေးခဲ့ရသည်။ အီတာအကြမ်းဖက်အဖွဲ့များ၏ ခြိမ်းခြောက်မှုများမှာ မကြာသေးခင်ကာလအထိရှိနေဆဲဖြစ်ပြီး ယခုတလောတွင်တော့ ဗဟိုအစိုးရနှင့် ပြေလည်မှုရနိုင်သောဆွေးနွေးမှုများ ပြုလုပ်လာခဲ့ပြီဖြစ်သည်။ စပိန်နိုင်ငံသားအများစုမှာ အိုတိုနိုးမဲယားဟုခေါ်တွင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်ပယ်များသတ်မှတ်မှုကို လက်ခံကြသော်လည်း အဓိကအားဖြင့် ကာတာလိုးနီးယားဒေသတွင် အခွန်ငွေကောက်ခံမှုနှင့် ဘဏ္ဍာငွေခွဲဝေမှုများတွင် အငြင်းပွားမှုများရှိနေဆဲဖြစ်သည်။