ဖိုးကျား၊ ဦး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၁ -
[[File:UPhoKyar.JPG|right|thumb|ဦးဖိုးကျား(စာရေးဆရာကြီး အမျိုးသားပညာဝန်)]]
== ငယ်ဘဝ ==
မောင်ဖိုးကျား ကို [[ဟင်္သာတမြို့|ဟင်္သာတနယ်]]ရှိ နိဗ္ဗာန်ရွာ တွင် ဦးဖေ၊ ဒေါ်ဒေါင်းတို့ ဖွားမြင်သော ၁၈၉၁ ခုနှစ်တွင် ဖွားမြင်သည်။ မွေးချင်းလေးယောက်ရှိသည့်အနက် ဦးဖိုးကျားမှာ တတိယမြောက်သားရတနာ ဖြစ်လေသည်။ ငယ်ကတည်းကပင် သူသည် သူ့အစ်ကို သူ့အစ်မများနှင့်မတူ။ ပညာရှာလို၊ စူးစမ်းနားလည်လိုသော အရိပ်အရောင်များ ပြခဲ့သည်။ ထို့ကြောင့် လောကဓာတ်ကျောင်းမှာ ဦးသာသန ဦးစီးတည်ထောင်သော လောကဓာတ်ကျောင်းဖြစ်၍ ငယ်စဉ်ကပင် ပင်ကိုယ်ဥာဏ်ကောင်းသူပင်ကိုယ်ဉာဏ်ကောင်းသူ ဖြစ်သောကြောင့် ထိုခေတ်အစိုးရစစ်လေးတန်းကို အလွယ်နှင့် အောင်မြင်၍ ငါးတန်းကျောင်းသားဘဝတွင် အောက်အငယ်တန်းများကို သင်ပေးရသော ကျောင်းဆရာဘဝကိုလည်းတွဲ၍ လုပ်ခဲ့ရသေးသည်။ ညညတွင် မောင်ဖိုးကျားတို့ ကလေးတတွေသည် လူကြီးများအနားကပ်၍ပုံဝတ္ထု နားထောင်လေ့ရှိသည်။ မောင်ဖိုးကျားသည်လည်း ကျောက်ဒိုးပစ်ကစားလိုက်၊ ကျောင်းတက်လိုက်၊ တစ်ဖန် ကျောင်းတက်လိုက်၊ ဂျွမ်းထိုးကစားလိုက်နှင့် အချိန်တန်သောအခါ အစိုးရစစ်လေးတန်းကို လွယ်လွယ်နှင့် အောင်ခဲ့လေသည်။ မောင်ဖိုးကျားသည် ကျောင်းဖွင့်ချိန်၌ ငါးတန်းတတ်ရင်း အောက်တန်းတွင် ဆရာတစ်ပိုင်းလုပ်ရလေသည်။
 
ထိုမှနောင်သော် စာအသင်အပြကောင်းလှသည်ဟု နာမည်ရ၍ ခြောက်တန်းအောင်သော် အဆုတ်ရွာ ဦးသုန္ဒရ၏ လေးထပ်ကျောင်းတွင် လောကဓာတ် ကျောင်းဆရာအဖြစ်နှင့်ဝင်၍ အမှုထမ်းနေရရှာပြန်၏။ ထိုကျောင်း၌ကျောင်း ဆရာလုပ်ရင်းနှင့်ပင် မြန်မာခုနစ်တန်းနှင့် အောက်တန်းဆရာဖြစ် သင်တန်းကို ဖြေဆိုအောင်မြင်ခဲ့ရလေသည်။ မောင်ဖိုးကျားနှင့် အဖော်တစ်ယောက်နှစ်ယောက်သည်လည်း ဟင်္သာတ ဗရဲချောင်တိုက်မှ ဦးဝိသုဒ္ဓက ဖွင့်လှစ်၍ထားသော တပည့်ဆရာသင်တန်းတွင် ကလေးများကို စာသင်နည်း၊ ကျောင်းအုပ်ချုပ်နည်းတို့ကို တက်ရောက်သင်ကြားရသေးသည်။ ကျောင်းစစ်လာသော ပညာအုပ်နှင့် အဆင်မပြေဖြစ်ခဲ့၍ ခုနစ်တန်းစာ မေးပွဲကို မပြီးဆုံးမှီမှာ ကျောင်းမှ ခွါရလေသည်။
စာကြောင်း ၈ -
ကိုဖိုးကျားသည် ကောလိပ်ကျောင်းတက်ရင်း နားမျက်စိ ပို၍ပွင့်လာသည်။ [[လူမှုရေး]]၊ [[နိုင်ငံရေး]]တွင် ပို၍ စိတ်ဝင်စားလာမိလေသည်။ ကိုဖိုးကျားမှာ ကျောင်းရောက်လာကတည်းက သတင်းစာတွင် ရေးလိုက်၊ ပညာရှိတွေဆီ ချဉ်းကပ်လိုက်၊ နိုင်ငံရေးကိစ္စတွေ စိတ်ဝင် စားလိုက်နှင့် ဘေးလုပ်ငန်းများကို လုပ်သည်။ ဒါပေမယ့် အိုင်အေ (ဥပစာတန်း) ကို ဒုတိယအဆင့်ဖြင့် အောင်မြသည်။ သို့သော် ဦးဖိုးကျားကားသည်ပညာမျှ လောက်တတ်ရုံနှင့် အရာရောက်သေးသည်ဟု သူ့ကိုယ်သူမထင်။ မြို့တွင်သင်ကြားနေသော အင်္ဂလိပ်၊ ပထဝီ၊ သင်္ချာ၊ ရာဇဝင် အစရှိသည်တို့ကို သင်ကြားလိုချေသေး၏။ ခက်နေသည်ကား ဦးဖေတို့ လင်မယားအဖို့ သားဖြစ်သူ ပညာဆက်၍ သင်ကြားနိုင်လောက်အောင် ငွေကြေးအခြေအနေက မခိုင်မာ ချို့တဲ့ရှာ၏။ နောက်ဆုံးသားဖြစ်သူ၏ ဆန္ဒကို ဖြည့်လိုဇောဖြင့် ဆရာတော်ဦးသုန္ဒရကို အပူ ကပ်ရရှာ၏။ ဦးသုန္ဒရက ကူညီ၍ ပုသိမ်မြို့ ပိုးကရင်ကျောင်းအကြီးအကဲ “ဒေါက်တာ ခရွန်းခိုက်” နှင့်တွေ့ဆုံကာ “ဒေါက်တာခရွန်းခိုက်” ၏ခွင့်ပြုချက်ဖြင့် ပိုးကရင် အလယ်တန်းကျောင်း၌ ဆက်လက်ပညာသင်ကြားခွင့် ရခဲ့ရလေသည်။
 
ထိုကျောင်းမှ ဦးဖိုးကျားသည် ၁၉၁၅ ခုနှစ်တွင် အင်္ဂလိပ်နှင့် တိုင်းရင်းဘာသာ ၇ တန်းကို ဖြေဆိုအောင်မြင်ခဲ့၏။ ထိုကျောင်း၌ သုံးနှစ်ဆက်၍ ပညာသင်ကြားခွင့်ရ၏။ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းစာသင်နှစ် သက်တမ်းတစ်လျှောက် အင်္ဂလိပ်လူမျိုး ပညာရေးဝန်ထမ်းများဖြစ်သော အင်္ဂလိပ်လူမျိုး ဂရေး (J.Gray) နှင့်ကောက် (S.W. COCKS) တို့ရေးသားသော ရာဇဝင်များတွင် မြန်မာဘုရင်များ ရိုင်းပျပုံ၊ ရက်စက်ပုံ၊ မြန်မာများ အသိဥာဏ်နည်းပါးပုံတို့ကိုအသိဉာဏ်နည်းပါးပုံတို့ကို ချိုးချိုးဖဲ့ဖဲ့ ရေးသားထားသော အချက်များပါဝင်နေရာ မောင်ဖိုးကျားခမျာ အလွန်ပင် မခံချိမခံသာ ဖြစ်ရရှာ၏။ ရှေးဦးအစက ကျောင်းပညာသက်သက် ကိုသာရှာပြီး အတန်းမှန်မှန် အောင်ရန်လောက်သာ ဂရုစိုက်ခဲ့သည် မှန်သော်ငြားလည်း ထိုအချက်များကို မြင်ရသောအခါ၌ မောင်ဖိုးကျား၏စိတ်သည် တစ်မျိုးပြောင်းလာ၏။ သူ့အဖို့ မြန်မာစာကို အဆစ်အပိုင်းကျကျ တတ်ချင်လာ၏။ မြန်မာမှုကို နှိုက်နှိုက်ချွတ်ချွတ် သိရှိချင်လာ၏။ မြန်မာ့ဂုဏ်ကို ဖော်ထုတ်၍ ဂုဏ်ယူချင်လာ၏။ ထို့ကြောင့် သူတစ်ပါး၏ အကူအညီဖြင့် ကျောင်းတက်ရသည်ကို သိမ်ငယ်သည်ဟု စိတ်ကထင်လာ၍ ကျောင်းအားရက်များတွင် ပွဲစားအကူ၊ သွားစိုက်ဆရာအကူ၊ ဆန်စက်တွင်.....ချိုး စာရေးလုပ်ကာ ကိုယ့်အားကိုယ်ကိုး၍ရသော ဝင်ငွေဖြင့် ကျောင်းစာကိုဆက်၍သင်ကြား လေရာ ၁၉၁၈ အသက် ၂၇ နှစ် အရွယ်တွင် ဆယ်တန်းကို အောင်မြင်ခဲ့လေတော့သည်။
 
ဆယ်တန်းအောင်ပြီးနောက် ရန်ကုန်မြို့ ဂျပ်ဆင်ကောလိပ်သို့ ရောက်ကာ ပညာဆက်၍သင်ပြန်သည်။ ကောလိပ်ကျောင်းတွင် မြန်မာစာ၏ အခြေအနေသည် အလွန်သိမ်ငယ်လှ၏။ မပါမဖြစ်၍သာ ပြဌာန်းစာအုပ်ဖြင့် သင်ကြားရသည် မှန်သော်လည်း စာမေးပွဲများတွင် မေးလေ့မရှိ၊ စာစီစာကုံး အနေဖြင့် အထောက်အကူရရန်သာ သင်ကြားခြင်းဖြစ်ရာ ထိုခေတ်ကောလိပ်ကျောင်းသား တို့သည် မြန်မာစာကို အရေးထားလောက်စရာဟုပင် မထင်ကြချေ။ ဤအခြေအနေကို မောင်ဖိုးကျားက မနှစ်မြို့သဖြင့် မြန်မာစာနှင့်ပတ်သက်လျှင် ထိုခေတ်ကနာမည်ကျော်များ ဖြစ်ကြသော ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း) လယ်တီပဏ္ဍိတဦးမောင်ကြီးတို့နှင့် သိကျွမ်းခင်မင်မှုရယူကာ ဆည်းကပ်၍ ပညာသင်ယူ ခဲ့ပြန်လေသည်။ ထိုဆရာကြီးများနှင့် ရင်းနှီးလာမှပင် လူမှုရေး၊ နိုင်ငံရေး၊ မျက်စိပွင့်လာ၍ နိုင်ငံရေး၌ ခြေတစ်ဖက်ချမိ ရပြန်တော့၏။