"ဗဟိန်း၊ ကို" ၏ တည်းဖြတ်မှု မူကွဲများ

၆ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၄ နှစ်
အရေးမကြီး
စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီး (fix)
အရေးမကြီး (စာလုံးပေါင်း ပြင်ဆင်ခြင်း)
 
ကိုဗဟိန်းသည် ၁၉၃၉ ခုနှစ်တွင် တက္ကသိုလ်မှထွက်၍ [[ဒို့ဗမာ အစည်းအရုံး]]သို့ ဝင်ရောက်လုပ်ဆောင်ခဲ့သည်။ ထိုအချိန်မှစ၍ သခင်ဗဟိန်း အမည်တွင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်သောအခါ မြေအောက်တော်လှန်ရေး လုပ်ငန်းများကို ခေါင်းဆောင်ပြီး ပြည်သူ့အရေးတော်ပုံ စာတမ်း၊ မီးပွားစာစောင်၊ ဗမာ့တော်လှန်မှု စာတမ်းများကို လျှို့ဝှက် ရေးသားထုတ်ဝေခဲ့သည်။<ref name="ref1"/>
၁၉၄၀ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး၊ အင်္ဂလိပ်အပြေးတွင် မန္တလေးထောင်မှ [[သခင်နု]]တို့နှင့်အတူ လွတ်မြောက်ခဲ့သည်။ ဂျပန်ခေတ် [[ဒေါက်တာဘမော်]]အစိုးရ လက်ထက်တွင်၊ နိုင်ငံခြားရေးဌာန အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။<ref name="ref2">{{cite book | last = အိုးဝေ | first = | authorlink = | title = ဒုတိယကမ္ဘာစစ်မတိုင်မီ တကသ ဥက္ကဌများဥက္ကဋ္ဌများ | publisher =
| series = နှစ်လည်စာစောင်| year = ၁၉၆၀ | doi = | isbn = }}</ref> ဖက်ဆစ်တို့ကို တော်လှန် တိုက်ခိုက်ရန် အတွက် တော်လှန်ရေး စစ်တိုင်းများကို သတ်မှတ်ပြီး တိုင်းအလိုက် စစ်ရေး၊ နိုင်ငံရေး ခေါင်းဆောင်များ ကို ရွေးချယ် သတ်မှတ်ခဲ့သည့် အခါ '''တိုင်း (၁)''' ပြည်၊ သာယာဝတီ၊ ဟင်္သာတအရှေ့ အတွက် စစ်ရေး ခေါင်းဆောင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း ကို သတ်မှတ်ခဲ့ပြီး နိုင်ငံရေး ခေါင်းဆောင် အဖြစ် သခင်ဗဟိန်းကို ရွေးချယ် သတ်မှတ်ခဲ့သည်။<ref name="ref2"/> ၁၉၄၅ ခုနှစ် ဂျပန်တော်လှန်ရေးတွင် တောင်ငူခရိုင်တွင် တာဝန်ယူခဲ့သည်။