မန်းဘခိုင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၄၅ -
ငှက်ပျောပွဲရုံလုပ်ငန်း အခြေကျသောအခါ ထိုလုပ်ငန်းကို ဇနီးသည်နှင့် လွှဲထား၍ နိုင်ငံရေးကို စိတ်ရောကိုပါ ဆောင်ရွက်ပြန်သည်။ ၁၉၄၄ နှစ်ဦးတွင် ၎င်းတို့ငှက်ပျောပွဲရုံပေါ် ဗုံးကျသဖြင့် မိသားစု ယုန်သလင်းရွာသို့ပြန်ကြသည်။ ယုန်သလင်းတွင် ကရင်လူငယ်များကိုစု၍ [[ဖက်ဆစ်တော်လှန်ရေး]]အတွက် ကိုယ်ဖိရင်ဖိဆောင်ရွက်သည်။
 
၁၉၄၅-ခုနှစ်တွင် စစ်ပြီး၍ ရန်ကုန်မြို့သို့ပြန်မာသောအခါ [[ဗိုလ်ချုပ်အောင်ဆန်း]]တို့နှင့် အတူလက်တွဲပြီး [[ဖဆပလ]]အဖွဲ့ကြီး ဖြစ်မြောက်ရေးအတွက်ကြိုးပမ်းသည်။ အဖွဲ့ကြီး ဖွဲ့စည်းပြီးသောအခါ ဗဟိုအမှုဆောင်လူကြီးအဖြစ် ဆောင်ရွက်ရသည်။ ထိုအချိန်တွင် ကရင်လူငယ်များအစည်းအရုံး ဥက္ကဌအဖြစ်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရပြန်သည်။
 
၁၉၄၆ ခုနှစ် စက်တင်ဘာလတွင် မြစ်ဝကျွန်းပေါ် [[ဖဆပလ]] ဖွဲ့စည်းရေး တာဝန်ခံအဖြစ်နယ်ထွက်နေစဉ် ဖဆပလအဖွဲ့ကြီးအား ဘုရင်ခံအမှုဆောင် ဝန်ကြီးအဖွဲ့ ဖွဲ့စည်းရန် ဘုရင်ခံကလွှဲအပ်သည်တွင် မန်းဘခိုင်သည် စက်မှုလက်မှုနှင့် အလုပ်သမားဌာန ဝန်ကြီးအဖြစ်ခန့်အပ်ခြင်းခံရသည်။