ဘုရားပင့်: တည်းဖြတ်မှု မူကွဲများ

separated
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၃၂ -
၀ဇိရာဝ ဝိရောစန္တိ ၊ ဇိနော မေ ဌာတု သီသကေ ။
 
အင်္ဂီရသဿ-အယုတ်အလတ် အမြတ်ပိုင်းခြား လွန်ကြိုးစားသည့် သုံးပါးဆယ်လီ ပါရမီတော်အဟုန် စာဂီတော်ဂုဏ်တို့ကြောင့် ခြောက်ရောင်စုံကွန့်မြူးလျက် အင်္ဂီရသဆိုတဲ့ ဘွဲ့ထူးကို ချီးကျူးခံ့ခိုင် ဘက်မပြိုင်နိုင်အောင် လက်ကိုင်ရရှိတော်မူသော ငါးမာရ်အောင်ပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏။ ဘမုကန္တရေ-မျက်မှောင်တော်နှစ်သွယ် အလယ်ဗဟိုတည့်တည့်၌။ သဉ္ဇာတာယ-နုဖြူထွားထွား ကောင်းစွာပေါက်ဖွား ဖြစ်ပေါ်၍နေသော။ ဥဏ္ဏာယစ-ဆွဲလို့ ဆန့်လျှင် နှစ်တောင်ခန့်ရှည်လျားသဖြင့် စိန်သားနှစ်အသွင် ငွေနန်းချည်အမျှင်ကဲ့သို့ ဖြူစင်ဝင်းသစ် လက်ယာရစ်ခွေရုံ စိန်ကြယ်ပွင့်အနေပုံလို ဥဏ္ဏလုံခေါ် မွေးရှင်တော်ဓာတ် လွန်ထူးမြတ်သည့် အရပ်တော်မှ၄င်း။အရပ်တော်မှ၎င်း။ ဒါဌာဟိစ-ပတ္တမြား ခေါင်ရန်း နှင်းဆီပန်းကဲ့သို့ နီမြန်းသော နှုတ်ခမ်းတော်တို့ဖြင့် မပေါ်အောင် ဖုံးပိတ်၍ထားအပ်သော သွားတော်လေးဆယ် စွယ်တော်လေးဆူ ဖြူရာရာအရပ်တို့မှ၄င်း။ဖြူရာရာအရပ်တို့မှ၎င်း။ သေတရံသိယော-ပုလဲအနှစ် စိန်စစ်နမူ ဘော်ဖြူငွေရွက် ဖြန့်ကြက်စီခြယ် စိန်ကြယ်ရောင်သန်း ကေလာသငွေတောင်ကို နေအရောင်လွှမ်းဘိသကဲ့သို့ မြလေးပန်းစပယ်ငုံ ကြာဖြူပွင့်ဝတ်မှုန်လို ပုံပမာကပ် စိန်တောင်ကို တိမ်ရောင်ဟပ်ဘိသကဲ့သို့ တလျှပ်လျှပ် တဖိတ်ဖိတ် တရိပ်ရိပ် တလည်လည် ထိန်ပြောင်ကြည်သည့် စိန်ရောင်ခြည်ဓာတ် ဖြူဖွေးသောအဆင်းတော်မြတ် တို့သည်။ ဝဇိရာဝ-စိန်နှစ်စိန်သွေး ဖြူဖွေးတောက်ပြောင်စိန်သားတောင်ကြီးကဲ့သို့။ ဝိရောစန္တိ-ဖူးမြင်ရသူတို့၏ စိတ်ဝယ်အထူး ဘဝင်မှာကြည်နူးလောက်အောင် ရွှင်မြူးတက်ကြွ ဘက်မမျှသဖြင့် လှပဆန်းကြယ် တင့်တယ်တော် မူကြပါပေကုန်၏။ သော ဇိနော-ထူးထွေဆန်းလည် စိန်ရောင်ခြည်တို့ကြောင့် အင်္ဂီရသံ ဘွဲ့ထူးခံသည့် ငါးမာရ်အောင်ပြီး ထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ မေ-မမ-ခန္ဓာငါးဝ သမူဟကို အတ္တသမုတ် အကျွန်ုပ်၏။ သီသကေ-လေးထွေ ဘူတ ကာယကိုယ်တွင် အမြတ်တင်သည့် ဦးပြင်ထိပ်၌။ ဌာတု-မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်ခိုင်မတ်မတ် တန့်ရပ်တည်တော်မူပါ့ စိန်ရောင်ခြည် နေတနှုန်းကဲ့သို့ ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။
 
==အစိန္တေယျ ဘုရားပင့်==
စာကြောင်း ၃၈ -
အစိန္တေယျ အစိန္တေယျ အစိန္တေယျ အပ္ပမေယျ သေဋ္ဌဇေဋ္ဌံ အရဟံ-အနုတ္တရ မည်တော်ရလျက် အရိယာစာဂ စရဏပါရမီ အလီလီရှိ ဗောဓိသမ္ဘာရ ဂုဏအပေါင်း မြင့်ညောင်းသမ္ဘာ လေးဖြာသင်္ချေ လွန်လေတသိန်း မတိမ်းမဖင့် ဖြည့်ကျင့်ရွက်ဆောင် အောင်ရာဌာနီ သုံးလီခေတ္တ ဘ၀သုံးစုံ သုံးပါးဘုံ၌ တစုံတရာ ဗြဟ္မာနတ်လူ သူရာမာရ်မင်း ရန်ခပင်းတို့ နှိမ်နင်းဖြိုဖျက် လုယက်တွန်းလှန် ကြံရန်မစွမ်း သောင်းခန်းလောကဓာတ် သုံးရပ်ကျက်သရေ အောင်မြေသာခေါင် ရွှေညောင်မဏ္ဍိုင် ရန်နိုင်သာဘိ အပရာဇိတပလ္လင် ရွှေဦးကင်ထက် မဂ္ဂင်ရှစ်ပါး တရားရိပ်ဖြူ လှစ်တော်မူလျက် လေးဆူသီလ တိကသိက္ခာ ဝိဇ္ဇာသုံးရပ် ဆင့်လတ်ရှစ်တန် ဘိညာဏ်ခြောက်လီ သမ္ဘီဒါလေးရပ် သမာပတ်ကိုး တန်ခိုးရှစ်ဦး ဘုန်းထူးခြောက်လီ ခုနစ်မည်ဝိသုဒ္ဓိ ဗောဓိပက္ခိယ ဓမ္မကရိုဏ်း ရန်နိုင်ကိုယ်ရုံ ဗိုလ်လုံးစုံကို အုပ်ချုပ်စိုးယူ ဂေါတြဘူဝေါဒါန် အရဟံမဂ် သန်လျက်ရတနာ ယဉ်လေးဖြာဖြင့် သံသရာရဟတ် ကျင်လည်စေတတ် နှိပ်စက်တတ်ပေ ကိလေရမ္မက် သုံးထောင်ဝက်ကို ပယ်ဖျက်တွန်းလှန် အောင်ပွဲခံ၍ ခြောက်တန်အသာဓာရဏ စတုဝေသာရဇ္ဇ ဒသဗလ ဉာဏတလီ စသည်ကျေးဇူး ဂုဏ်တော်ထူးဖြင့် မြွက်ကျူးပြီးပိုင် မ,ချီနိုင်၍ စိုးပိုင်နှိမ်နင်း အမင်းမင်းတို့ သစ်ကင်းကြည်နူး အထူးတလည် တင့်တယ်ဆန်းပြား ခြယ်လှယ်ထားသည့် ပတ္တမြားစိန်ခဲ ပုလဲသန္တာ နီလာဂေါ်မုတ် ဥဿဖယား ရွှေငွေအားဖြင့် ကိုးပါးရတနာ မြွစီသွန်းခပ် လုပ်ဆောင်အပ်သည့် သင်းကျစ်ဦးခိုက် ဖိုးထိုက်နဂ္ဃ အနန္တလျှင် အဝိညာဏက သက်မျှကင်းကွာ မြတ်ရတနာတွင် မင်္ဂလာခေါင် ပုံဆောင်တုနှိုင်း နှိုင်းခိုင်းမအပ် မင်းမြတ်အများ ဦးဖျားထိပ်ပြင် ဆင်ယင်စိုက်ထူ သရဖူနွဲ့ညွတ် မကိုဋ်ထွတ်၌ သွင်းသွတ်စေအပ် မြိစ္ဆာညှပ်၍ တင်အပ်ရတနာ စိန္တမဏိ ဇောတိရသ်ပတ္တမြား စိန်ဖူးဖျား၌ ဖဝါးနှစ်မြွှာ ရွှေစကြာဖြင့် စိုက်ကာထိပါး ကြွသွားတင့်တယ် စံပယ်ခြင်းငှါ ထိုက်ပေရာ၏။ အသုရာမှတ် များနတ်ဒေဝါ ဗြဟ္မာသိကြား နဂါးဂဃုန် ကုမ္ဘဏ်ဂန္ဓဗ် စက္ကဝတ်သေဌ်နင်း အမင်းမင်းတို့သခင် ဗောဇ္ဈင်စက္ကရတ် သူမြတ်တကာတို့၏ အဓိပတိ အပရိမာဏ အနန္တဂုဏ်အင် ရွှေဉာဏ်ရှင်ဟု မဂ္ဂင် ပါရဂူ ဖြစ်တော်မူသည့် သုံးဘုံသူဧကရာဇ် ရှင်ချစ်ဇိနော် မြတ်ကိုယ်တော်ဘုရား။
 
သုံးပါးအာဏာ ဒွါဒသင်္ဂါ သုံးဖြာအစပ် လေးရပ်အလွှာ ခြင်းရာနှစ်ဆယ် သုံးသွယ်ဝဋ္ဋ အာဗဒ္ဓဟု မြစ်မနှစ်မြွာ သံသရာ၌ ခန္ဓာပင်စည် တလည်လည်ဖြင့် ကြာရှည်နစ်မွန်း ပင်ပန်းကြသော တပည့်တော်တို့မှာ ထိုသံသရာစက် ဝဲဂယက်မှ ကူးထွက်လိုလှ ဆန္ဒအာသီ အတီတာနန္တရ ဣဒ္ဓပ္ပစ္စယတာ ကြမ္မာပီဠိတ် ဝိပရိတ်ကြောင့် ဧတ္တိစ္ဆာနု ရှေးသူ့ပညတ် ဥပါဒ် ဌီ ဘင် သုံးအင်တိုင်ကျ စမ္မခန်းယမ္မခန်း လွန်းစန်းပြတ်ကြိမ် ဆိန္နရိတ်ဘိန္နရိတ် အနိဠိသူလာ နမန္တာသုသာန် သုံးတန်ကဏ္ဍ ပါပရန်လား ဂြိုဟ်စားဂြိုဟ်နင်း ယိုယွင်းဒသာ ဇာတာမသန့် စန်းတန့်လဂ်စီး တိတ်ကြီး တဘောင် သူယောသူပျက် အိပ်မက်ခံမည် သံကျည်းငှက်ပင် ဒုမင်္ဂလ ဒုန္နိမိတ္တ ဟူသမျှတို့ ရတနတ္တယ နုဘာဝဂုဏ် ဘုန်းတော်ဟုန်ကြောင့် တစုံတခု မြူဏုဆံခြမ်း ရန်မသမ်းဘဲ ဘေးဘျမ်းအန္တရာယ် အသွယ်သွယ်တို့မှ စင်ကြယ်သန့်ရှင်း ကင်းစေလိုပါ စေတနာနှင့် သမ္မာဆန္ဒ ဥဿာဟဖြင့် အစိန္တေယျ လောကဥက္ကဌ်လောကဥက္ကဋ္ဌ် ဘုရားမြတ်သည် လျောက်ပတ်လှစွာ ဗုဒ္ဓါသန သေဋ္ဌဘူမိ အပရာဇိဗိမာန် တန်ခွန်ဆီမီး ထီးနှင့်တကွ မွှေးစွကြိုင်လျှမ်း ဆွမ်းပန်းဩဇာ မြိုက်ရသာကို ကပ်လှူလိုပါသည်ဖြစ်၍ မြတ်စွာဘုန်းမော် ကိုယ်တော်အရှင်သည် မည်တွင်မှတ်သား ဒါယကာ ဒါယိကာမများ၏ အလှူကိုလည်း ခံတော်မူရန် ကြွလာတော်မူပါမည့်အကြောင်း လက်ဆယ်ဖြာညွတ်ပြောင်း၍ တောင်းပန်လျှောက်ကြား အသနားတော်မြတ်ခံဝံ့ပါသည် အရှင်မြတ်ဘုရား။
 
==မြကြိုးနွယ် ဘုရားပင့်==
စာကြောင်း ၄၆ -
မဏိကာဝ ဝိရောစေန္တိ ၊ ဗုဒ္ဓေါ မေ ဌာတု သီသကေ ။
 
သိရိန္ဓရဿ-နေလရွှေမြ ဂဟေသ၍ ဝေကြွမက်မပြေ လက်လက်ပြောင်ပြောင် ကျက်သရေကိုလည်း ဆောင်တော်မူပေထသော။ သရီရတော-ဝင်းဝါရွှေတောင် နေရောင်ဟပ်သလို မြတ်ရွှေကိုယ်၏။ ဥဏ္ဏာယ-သုံးရက်လသဖွယ် ခုန်းမျက်စ နှစ်သွယ်၏အလယ်၌ တင့်တယ်ရောင်ဖြာ နှစ်တောင့်ထွာပမာဏ ကြီးစရောင်စုံ ဥဏ္ဏလုံခေါ် မွေးတော်ရှင်ဓာတ် လွန်ထူးမြတ်သော အရပ်မှ၄င်း။အရပ်မှ၎င်း။ ပဘဿရာ-ပြိုးပြိုးပြောင်ပြောင် တိမ်တောင်တွေဟပ် လျှပ်လျှပ်ရောင်စုံ အံ့ချီး၍မကုန်အောင် အစုံစုံပေါ်ထွက်လျက်ရှိသော။ မဏိကာဝ-အစိမ်းရောင်က တဖြာ, အဝါရောင်က တလှည့်, ရတနာရွှေတောင်ကို နေအရောင် ဟပ်သကဲ့သို့ ပြောင်တဲ့ခြည်, ဝင်းတဲ့ခြည်, သင်းတဲ့ခြည်, လင်းတဲ့ခြည်ထိန်ဝဲ စိန်စားပွဲပေါ်မှ ဘော်သာခွါ ငွေကလပ်နှင့် ရွှေတရပ်မွေ့ရာဝယ် ကျောက်ရတနာ မြတင်ကာပြလို့ အလှတန်ခိုးကြွယ်သည့် မြကြိုးနွယ်ရောင်တော်ရှင်တို့သည်။ ဝိရောစေန္တိ-ဖူးမြင်ရသူ ကြည်ဖြူမြတ်လေး ဘဝင်အေးအောင် တင့်တယ်ထွန်းပတော်မူပါကုန်၏။ သော ဗုဒ္ဓေါ-အလှတန်ခိုးကြွယ်သည့် မြကြိုးနွယ် ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ မေ-ငါးပါးခန္ဓာ ရွံစရာကို လွန်စွာထင်လွဲ မြင်စွဲသွေချော် တပည့်တော်၏။ သီသကေ-ကိုယ်ဒြပ်တွင် အမြတ်တင်သည့် ဦးပြင်ထိပ်ထက်၌။ ဌာတု-မဏ္ဍိုင်မေရု အခြေစုသဖြင့် အသရေယခု ကြွတဲ့အောင် မားမားကြီး ရပ်တန့်တည်နေတော်မူလှည့်ပါ အလှတန်ခိုးကြွယ်သည့် မြကြိုးနွယ် အရှင်သူမြတ်ဘုရား။