ဘေဘီလုံအင်ပါယာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၂ -
[[File:Kassite Babylonia EN.svg|thumb|400px|ဘီစီ ၁၃ရာစု ဘေဘီလုံ အင်ပါယာ နယ်မြေ]]
 
အမ်မိုရိုက်မျိုးနွယ်တို့၏ အကြီးအကဲဖြစ်သည့် ဟမ်မူရာဘီ ဘုရင်သည် နှစ်ပေါင်း၃၀မျှ အယ်လ်မိုက်တို့နှင့် စစ်ပြုပြီးနောက်တွင် ယူဖရေးတီး-တိုက်ဂရစ် မြစ်နှစ်သွယ် ဒေသကို ဗဟိုပြုလျက် ဘေဘီလုံအင်ပါယာခေတ်ကို တည်ထောင်သည်။ မြို့တော်မှာ ယူဖရေးတီး မြစ်ကမ်းပေါ်ရှိ ဘေဘီလုံမြို့ဖြစ်သည်။ ၄င်းကိုအစွဲပြု၍၎င်းကိုအစွဲပြု၍ ထိုမြစ်ဝှမ်းလွင်ပြင်ကို ယခင်အမည်ဟောင်း ဖြစ်သည့် ရှိုင်းနားလွင်ပြင်မှ အမည်သစ်အဖြစ် ဘေဘီလိုးနီးယားလွင်ပြင်ဟု ပြောင်းလဲခေါ်ဆိုကြသည်။
 
စစ်ပွဲကာလလွန်မြောက်ပြီးနောက်တွင် [[ဟမ်မူရာဘီ]]သည် ၁၂နှစ်ကျော်မျှ ထီးနန်းစိုးစံကာ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခြင်းအားဖြင့် သူသည် လက်ရုံးရည်သာမက၊ နှလုံးရည်ဖြင့်ပါ ပြည့်စုံကြောင်းကို သက်သေထူပြခဲ့သည်။ တစ်ဖက်မှလည်း မြို့တော် ဘေဘီလုံအား ယဉ်ကျေးမှုဆိုင်ရာ အမြင့်ဆုံးမြို့တော် အဖြစ်သို့ရောက်ရှိလာရန် စွမ်းဆောင်ခဲ့သည်။ ထိုယဉ်ကျေးမှုအား ဘေဘီလုံယဉ်ကျေးမှု ဟုခေါ်ဆိုသည်။
စာကြောင်း ၁၄ -
 
== ဘာသာရေး ==
ဘာသာရေးတွင် ဆူမားရီးယန်းနတ်များကို ဆက်လက်ကိုးကွယ်ကြသော်လည်း အမ်မိုရိုက်များက အုပ်ချုပ်သည့် ခေတ်ဖြစ်သည့်အာလျော်စွာ ၄င်းတို့ကိုးကွယ်သည့်၎င်းတို့ကိုးကွယ်သည့် မာဒပ်နတ်မင်းကြီးအား အကြီးအကဲနတ်မင်း အဖြစ်သတ်မှတ် ပူဇော်သည်။ နတ်သမီးများအနက် အစ်ရှတာ(Ishtar) အမည်ရှိ အချစ်နတ်သမီးအား အကြီးအကဲအဖြစ် သတ်မှတ်သည်။
[[ဆူမား-အက်ကတ်ခေတ်]]က ကဲ့သို့ပင် နတ်ဆရာများ၏ ယဇ်ပူဇော်ခြင်းအားဖြင့်သော်လည်းကောင်း နက်ခတာရာများအား ကြည့်ရှုလေ့လာခြင်းအားဖြင့်သော်လည်းကောင်း ရှေ့ဖြစ်အဟောများကို ယုံကြည်ကြသည်။