ဘောလောကျန်းထော: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Modify reign to ကာလ
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၃၃ -
ဘောလောကျန်းထော၏မိခင် [[:en:Talamidaw|တလမည်ဒေါ]] ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုသည် ရာဇဓိရာဇ်၏ ပယောဂကြောင့်ဖြစ်ရကား ရာဇဓိရာဇ်သည် ဘောလောကျန်းထောထကြွမည်ကို အထူးပင်ကြောင့်ကြခဲ့သည်။ ရာဇဓိရာဇ်ကိုယ်တိုင်သည်လည်း (အရီးတော် မဟာဒေဝီ အကောက်ကြံမှုကြောင့်) ခမည်းတော် ဗညားဦးကို ၁၅နှစ်အရွယ်တွင်ခြားနားခဲ့သူဖြစ်သည်။
 
သားတော်ဘောလောကျန်းထောကို ၁၃၉၀တွင် စီရင်ခိုင်းချိန်၌ ရာဇဓိရာဇ်သည် [[ပုသိမ်မြို့|ပုသိမ်]] တွင်ရောက်ရှိနေချိန်ဖြစ်သည်။ သူသတ်သမားတို့သည် ဘောလောကျန်းထောကို [[ရွှေမော်ဓောဘုရား(ပဲခူး)|ရွှေမော်ဓော]] ဘုရားသို့ ဆောင်ယူခဲ့ကြသည်။ မင်းသားငယ်သည် သူသတ်တို့ထံမှခွင့်တောင်း၍ [[အဘိဓမ္မာ]] တရားကို သုံးရက်တိုင်တိုင်နာယူပြီး မိမိ၀တ်သောမိမိဝတ်သော ခြေကျင်း၊ လက်ကောက်၊ နားဋောင်း၊ ဘယက်တို့ကို ပူဇော်၍ ဤသို့ ဆုတောင်း၏။ "ငါသည် ခမည်းတော်ကိုယင်မ၊ သွေးတစ်ပေါက်သောက်အောင်မျှ ကြံပချေသော် ဤကိုယ်အဖြစ်မှ စုတေ့သော်လည်း ငရဲကြီး ရှစ်ထပ်၊ ငရဲငယ် တစ်ရာ့နှစ်ဆယ့်ရှစ်ထပ်တို့၌သာ ခံရသည်ဖြစ်၍ လာလတ္တံ့သောဘုရားတို့၌ မဖူးမတွေ့ရသည်ဖြစ်စေသော၊ ငါသည် ခမည်းတော်ကို မသင့်မတင်သော အကြံအစည်ကို မကြံပါလျှင်လည်း ဤကိုယ်အဖြစ်မှ စုတေသည်ရှိသော် မြန်မာမင်းတို့၏ ဝမ်း၌ပဋိသန္ဓေနေ၍ ဖွားမြင်၍အရွယ်ရောက်သော် မွန်ပြည်ကို နှိမ်နင်းညှဉ်းဆဲရသည် ဖြစ်စေသော"ဟူ၍ သစ္စာဓိဌာန်ပြုပြီးမှ အဆိပ်သောက်၍သေရလေ၏။
 
ဤအကြောင်းကို ရာဇဓိရာဇ်ကြားသော် ဆုတောင်းကြီးလှလေသည်ဟု ရွှေမော်ဓောကို ကိုယ်လုံးပြည့်ရွှေချ၍ "ဤအကျိုးကြောင့် ဖြစ်လေရာဘဝ၌ ရန်သူကြံ၍ မဖြစ်နိုင်စေသတည်း" ဟုဆုတောင်းလေ၏။ အင်းဝဘုရင်မင်းခေါင်၏မိဖုရား ရှင်မိနောက် ပဋိသနဓေတည်၍ မွန်ပြည် ဒလမြို့ရှိ သရက်သီး၊ မုတ္တမ မြေသင်းခဲ၊ ပွန်စလိုင် ရေတို့ကို ချင်ခြင်းတပ်သောအခါ ရာဇဓိရာဇ်သည် ဆုတောင်းကို သတိရ၍ လန့်မိလေသည်။ ဘောလောကျန်းထောလွန်ပြီး တစ်နှစ်ခန့်ကြာသော် မင်းရဲကျော်စွာကို ဖွားမြင်လေသည်။ မင်းရဲကျော်စွာသည် အမှန်တကယ်လည်း ရာဇဓိရာဇ်အတွက် အထူးတိုက်ရန်ခက်ခဲသူ တစ်ဦးဖြစ်ခဲ့သည်။