မိုက်ကယ်လ် ဘလွန်းဘက်ဂ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +...
အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာကြောင်း ၃၁ -
၂၀⁠၀၈ ဆောင်းဦးတွင် ဘလွန်းဘက်ဂ် သည် နယူယောက် မြို့တော်၏ သက်တမ်းကန့်သတ်ချက် ဥပဒေကို ပြင်ဆင်မှုပြုရန် လှုံ့ဆော်ရာတွင် အောင်မြင်မှု ရခဲ့သည်။ ထို့ကြောင့် ၂၀⁠၀၉ တွင် သူ့အတွက် တတိယ အကြိမ် တာဝန်ထမ်းဆောင်ရန် ခွင့်ပြုခဲ့ကြသည်။ ဘလွန်းဘက်ဂ် သည် ၂၀⁠၀၉ နိုဝင်ဘာ ၃ တွင် မြို့တော်ဝန် ရွေးကောက်ပွဲ၌ အနိုင်ရခဲ့သည်။
 
နယူးယောက် မြို့တော်၏ Bronx စီရင်စု/ ခရိုင် ဥက္ကဌဥက္ကဋ္ဌ ဟောင်း Fernando Ferrer သည် အထွေထွေရွေးကောက်ပွဲ တွင် ဘလွန်းဘက်ဂ် ကို အတိုက်အခံအဖြစ် ဒီမိုကရက်တစ်ဘက်မှ ရွေးကောက်တင်မြှောက်ခံရပြီး အနိုင်ရခဲ့သည်။ ရီပတ်ပလင်ကန် ပါတီ၏ အဓိက ရွေးကောက်ပွဲတွင် Thomas Ognibene သည် ဘလွန်းဘက်ဂ် နှင့် ယှဉ်ပြိုင်အရွေးခံရသည်။ ဘလွန်းဘက်ဂ် ၏ လတ်မှတ်ရေးထိုးအဆိုပြု လှုံဆော် တိုက်ပွဲဝင်မှု တစ်ခုမှာ Ognibene ကို စိန်ခေါ်နိုင်ခဲ့သည်။ ကော်မရှင်တွင် ရီပတ်ပလင်ကန်ပါတီ အဓိကရွေးကောက်ပွဲ အတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှ ကာကွယ်ရန် Ognibene ကို အဆိုတင်သွင်းခံရသည်။ ၎င်းအစား Ognibene သည် ကွန်ဆာဗေးတစ် ပါတီ Conservative Party ဘက်မှ ဝင်ရောက်ယှဉ်ပြိုင်ရသည်။ Ognibene သည် အခြားသူများ၏ သံယောင်လိုက်ပြီး ဘလွန်းဘက်ဂ် အား ရီပတ်ပလင်ကန် ပါတီ၏ စံနှုန်းများကို သစ္စာဖောက်သူ အဖြစ် စွပ်စွဲခဲ့သည်။
 
ဘလွန်းဘက်ဂ် သည် John Roberts အား အမေရိကန် ပြည်ထောင်စု၏ တရားသူကြီး အဖြစ် ခန့်အပ်ရန် အတည်ပြုခြင်းကို ဆန့်ကျင်ခဲ့သည်။ ထိုအချိန်က ရီပတ်ပလင်ကန်တစ်ယောက်ဖြစ်သော်လည်း ဘလွန်းဘက်ဂ် သည် ကိုယ်ဝန် (ပဋိသန္ဓေ) ဖျက်ချခွင့်ကို အခိုင်အမာ ထောက်ခံသူဖြစ်ပြီး Roe v. Wade ကိုထိန်းသိမ်းထားရန် Roberts ၏ ပြောဆိုချက်ကို အယုံအကြည် မရှိခဲ့ပေ။
 
ရီပတ်ပလင်ကန်ပါတီ၏ အထောက်ကအပံ့ကို ရရှိရမည့် အစား ဘလွန်းဘက်ဂ် သည် ဒီမိုကရက် လိုလားသူများစွာ၏ ထောက်ခံမှုများကို ရရှိခဲ့သည်။ ၎င်းတို့မှာ ဒီမိုကရက်တစ်မြို့တော်ဝန်ဟောင်း ဖြစ်သူ Ed Koch၊ ဒီမိုကရက်တစ် ပြည်နယ်အုပ်ချူပ်ရေးမှူး ဟောင်း Hugh Carey မြို့တော်အုပ်ချူပ်ရေး ကော်မတီ ပြောရေးဆိုခွင့် ရှိသူဟောင်း ဒီမိုကရက်တစ် တစ်ဦးဖြစ်သူ Peter Vallone နှင့် သူ၏ သားဖြစ်သူ ကောင်စီဝင် Peter Vallone ဂျူနီယာ၊ ယခင် ဒီမိုကရက်တစ် အထက်လွှတ်တော် အမတ်ဟောင်း Floyd Flake ( ၂၀⁠၀၁ ကတည်းက ဘလွန်းဘက်ဂ် အားထောက်ခံခဲ့သူ ) ၊ Bronx စီရင်စု/ ခရိုင် ဥက္ကဌဥက္ကဋ္ဌ ဟောင်း Fernando Ferrer တို့ ဖြစ်သည်။
 
၂၀⁠၀၈ အောက်တိုဘာ ၂ နေ့တွင် မြို့တော်သက်တမ်း ကန့်သတ်ချက်ဥပဒေကို တိုးချဲ့ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း နှင့် နယူးယောက်မြို့ဘဏ္ဍာရေးအကျပ်အတည်းတွင် သူ၏ ဒေသအတွက် လိုအပ်သည့်ခေါင်းဆောင် တယောက် အဖြစ်ရည်ညွန်းပြီး ၂၀⁠၀၉ တတိယမြို့တော်ဝန်သက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ကြေငြာ ခဲ့သည်။ “ လိုအပ်သည့် အကူအညီများကိုအားဖြည့်ခြင်းဖြင့် ဘဏ္ဍာရေးအကျပ်အတည်းကို ကိုင်တွယ်ခြင်းသည် ငါတာဝန်ယူလုပ်ကိုင်ချင်တဲ့ စိန်ခေါ်မှုတခုပဲ “ ဟု သတင်းအစည်းအဝေးပွဲတခုတွင် ဘလွန်းဘက်ဂ် က ပြောကြားခဲ့သည်။ “ အဲဒါကြောင့် မြို့တော်ကောင်စီအနေနှင့် သက်တမ်းကန့်သက်ချက်ဥပဒေကို ပြင်ဆင်ဖို့ အတွက်ထောက်ခံအားပေး သင့်တယ်။ နယူးယောက်ပြည်သူတွေကိုလည်း ငါ့လုပ်ခဲ့တဲ့ ချုပ်ချယ်မှုကင်းတဲ့ ခေါင်းဆောင်မှုမှတ်တမ်းတွေကို ကြည့် ပြီးမှ ငါ့ကို နောက်ထပ်သက်တမ်းတခုအတွက် မဲပေးဖို့ရာဆုံးဖြတ်ချက်ချဖို့ပြောချင်တယ်။”
 
၂၀⁠၀၈ အောက်တိုဘာ ၂၃ နေ့တွင် မြို့တော်ကောင်စီမှ သက်တမ်းကန့်သက်ချက် ဥပဒေကို ၄ နှစ်သက်တမ်း ၃ ကြိမ် ဆက်တိုက်အထိ တိုးမြှင့်ပေးဖို့ ၂၉-၂၂ မဲဖြင့် သဘောတူဆုံးဖြတ်ခဲ့ပြီး ဘလွန်းဘက်ဂ် အားမြို့တောဝန်ရာထူးအတွက် နောက်တကြိမ်ထပ်မံယှဉ်ပြိုင်ခွင့်ပေးခဲ့သည်။ လူသိရှင်ကြား ကြေငြာခဲ့ပြီးနောက် ၂ ရက်အကြာ နိုဝင်ဘာ ၃ နေ့ တွင် ဘလွန်းဘက်ဂ် မှ ဥပဒေမှုကြမ်းကိုလက်မှတ်ရေးထိုးအတည်ပြုပေးခဲ့သည်။ ဘလွန်းဘက်ဂ် ၏ ပြိုင်ဘက်မှာ Democratic and Working Families Party မှ အဆိုပြုခြင်းခံရသူ Bill Thompson ဖြစ်သည်။ Bill Thompson သည် နယူးယောက်မြို့တော် ထိမ်းသိမ်းကြီးကြပ်သူအဖြစ် လွန်ခဲ့သော ရှစ်နှစ် ကတည်းက တာဝန်ယူလုပ်ကိုင်ခဲ့သူဖြစ်ပြီး ထိုမတိုင်ခင်က နယူးယောက်မြို့တော်၏ ပညာရေးလုပ်ငန်းများနှင့် ပက်သက်ပြီး စီမံခန့်ခွဲ အုပ်ချုပ်သည့် အဖွဲ့အစည်း၏ ဥက္ကဌအဖြစ်တာဝန်ယူလုပ်ကိုင်ခဲ့သည်။ဥက္ကဋ္ဌအဖြစ်တာဝန်ယူလုပ်ကိုင်ခဲ့သည်။ ဘလွန်းဘက်ဂ် သည် ၅၀.၆ % မဲ ရရှိခဲ့ပြီး Thompson က ၄၆ % မဲ ရရှိခဲ့သဖြင့် ဘလွန်းဘက်ဂ် က မဲအသာဖြင့် အနိုင်ရရှိခဲ့သည်။
 
တသီးပုဂ္ဂလပါတီကို ၂၀၁ဝ ဇန်နဝါရီတွင် ပြန်လည်ဖြည့်ဆည်းခဲ့ပြီးနောက် ၂၀⁠၀၉ အောက်တိုဘာ ၃ဝနှင့် ၂၀⁠၀၉ နိုဝင်ဘာ ၂ နေ့များတွင် သူကိုယ်ပိုင်ငွေကြေးများထဲမှ ဒေါ်လာ ၆၀၀,၀⁠၀ဝ ကို နှစ်ကြိမ်တိုင်တိုင် ထောက်ပံ့ကူညီခဲ့ ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ တသီးပုဂ္ဂလပါတီသည် ထိုထောက်ပံ့ကူညီခဲ့သည့်ငွေထဲမှ ဒေါ်လာ ၇၅၀⁠၀၀ဝ ကို ရီပတ်ဘလစ်ကန်ပါတီမှ နိုင်ငံရေးသမား ဂျွန် ဟက်ဂါတီ ဂျူနီယာ ကို ပေးခဲ့သည်။
စာကြောင်း ၇၉ -
 
ဘလွန်းဘတ်သည် ၁၉၇၅ တွင် ယော့ရှိုင်းယားသူ ဆူဆန်ဘရောင်းနှင့်လက်ထပ်ခဲ့သည်။ ထိုပထမဆုံးဇနီးနှင့် သမီးနှစ်ဦးဖွားမြင်ခဲ့ပြီး ၎င်းတို့မှာ ဘဲမာ ( ၁၉၇၉ ) နှင့် ဂျော်ဂျီယာနာ ( ၁၉၈၃ ) တို့ဖြစ်ကြသည်။ ထိုသမီးနှစ်ဦးကို Born Rich ဟု အမည်ရသော ကျိကျိတက်ချမ်းသာသော သူကြွယ်သူဌေး၏ သားသမီးများအကြောင်းရိုက်ကူးထား သော မှတ်တမ်းရုပ်ရှင်တွင် ထည့်သွင်းရိုက်ကူးခဲ့သည်။ ဘလွန်းဘတ်သည် ဆူဆန်ဘရောင်းနှင့် ကွာရှင်းခဲ့ပြီး နောက်ပိုင်းတွင် နယူးယောက်ပြည်နယ် ဘဏ်လုပ်ငန်းအုပ်ချုပ်ရေးမှူးဟောင်း ဒိုင်ယာနာတေလာနှင့် ချစ်ကြိုးသွယ် နေသည်ဟု ဆိုကြသည်။
ဘလွန်းဘတ်သည် Solomon Brothers ကုမ္ပဏီနှင့် စီးပွားဖက်များဖြစ်လာပြီး ငွေချေးစာချုပ်အရောင်းအဝယ် လောကသို့ဝင်ရောက်ကာ စီးပွားရေးလမ်းကြောင်းများရှာဖွေခြင်းလုပ်ငန်း များတွင် ပါဝင်ခဲ့သည်။ ၁၉၈၁ တွင် ထို ကုမ္ပဏီနှင့်လမ်းခွဲခဲ့ပြီးအလုပ်ထွက်ရသည့်အတွက် နစ်နာကြေး အဖြစ်ဒေါ်လာ ၁ဝ သန်းရရှိခဲ့သည်။ ထိုငွေများကို အသုံးပြုကာ Innovative Market Systems ဟု အမည် ရသော ကုမ္ပဏီတခုကို တည်ထောင်ခဲ့သည်။ ၁၉၈၂ တွင် Merrill Lynch က ဘလွန်းဘတ်၏ ကုမ္ပဏီ၎င်း စတင်ဆက်ဆံသောဖောက်သည်တဦးဖြစ်လာခဲ့ပြီး ဘလွန်းဘတ် အကူအညီဖြင့် ကုမ္ပဏီ၏ ဈေးကွက်သစ် ပေါင်း ၂၂ ခုသို့လုပ်ငန်းဖြန့်ထုတ်နိုင်ခဲ့ပြီး ကုမ္ပဏီတွင် ဒေါ်လာသန်း ၃ဝ ဝင်ရောက်မြုပ်နှံသူ ဖြစ်လာ ခဲ့သည်။ ထိုကုမ္ပဏီကို ၁၉၈၆ တွင် ဘလွန်းဘက်ဂ် LP ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၁၉၈၇ အထိ ထိုကုမ္ပဏီကချဲ့ထွင်ခဲ့သောဈေးကွက်သစ်ပေါင်း ၅၀⁠၀ဝ ကျော်ရှိလာခဲ့ပြီးဖြစ်သည်။ နှစ်အနည်းငယ်အတွင်း ဘလွန်းဘတ်၏ ကုန်သွယ်ရေးပလက်ဖောင်း Boomber Trodebook, the ဘလွန်းဘက်ဂ် Messaging Source ခေါ် ဘလွန်းဘတ်သတင်းအချက်အလက်ပို့ဆောင်ရေးလုပ်ငန်းနှင့် မီဒီယာအဖြစ် ဘလွန်းဘက်ဂ် သတင်းဌာနကို စတင်တည်ထောင်ခဲ့သည်။ ၎င်း၏ ကုမ္ပဏီမှာ လက်ရှိအချိန်အထိ ရေဒီယိုလိုင်းတခုကို လည်း ပိုင်ဆိုင်ပြီး နယူးယောက်မြို့တော်အတွက် 1133 VVBBR – AM မှထုတ်လွှင့် လျှက်ရှိသည်။ နယူးယောက် မြို့တော်ဝန်အဖြစ် နိုင်ငံရေးလောကသို့ဝင်ရောက်ရန်အတွက် ဘလွန်းဘတ်က ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ရာထူးမှ နှုတ်ထွက်ခဲ့သည်။ ထို့နောက်၎င်း၏ နေရာသို့Lex Fenwick က ဆက်ခံ ခဲ့သည်။ ယခုအခါ ကုမ္ပဏီ ဥက္ကဌတာဝန်ဥက္ကဋ္ဌတာဝန် ကို ယခင်ဘလွန်းဘတ်၏ လက်အောက်တွင် ဒုတိယမြို့တော် ဝန်အဖြစ်အမှုထမ်းခဲ့သော Dan Doctorff က ထမ်းဆောင် လျက်ရှိသည်။
 
နယူးယောက်မြို့တော်ဝန်အဖြစ်ရရှိသောလစာကိုမယူရန် ဘလွန်းဘတ်က ဆုံးဖြတ်ခဲ့ပြီး ၎င်း၏လစာအစား ချီးမြှင့် သောနှစ်စဉ် တစ်ဒေါ်လာကျစီကိုသာ လက်ခံထားသည်။ ထို့အပြင် နယူးယောက်မြို့တော်ဝန်များ ၏ အဆောင် ယောင်ဖြစ်သော မြို့တော်ဝန်အိမ်ယာ Gracie Mansion တွင် မနေပဲ မက်ဟန်တန်အပေါ်ပိုင်း အရှေ့ဘက်ခြမ်းရှိ မက်ဒီဆင်လမ်းနှင့် အမှတ် ၅ ရိပ်သာလမ်းကြားတို့ကြားရှိ ၇၉ လမ်း၊ အိမ်အမှတ် ၁၇ တွင်နေထိုင်သည်။ ထို့အပြင် ၎င်း၏အိမ်လိပ်စာကို အများသူငါနည်းတူ တယ်လီဖုန်းလမ်းညွှန်စာအုပ်တွင် ဖော်ပြမြဲ ဖော်ပြထားခဲ့သည်။ ဘလွန်း ဘတ်မှာ ထိုအိမ်အပြင်လန်ဒန်၊ ဘာမြူဒါနှင့် ဗေးလ်တို့တွင်လည်း အိမ်များပိုင်ဆိုင်သည်။
 
၎င်း၏ ပြောကြားချက်အရ ၎င်းမှာ နယူးယောက်မြို့တော်မြေအောက်ရထားကို မကြာခဏစီးနင်းသူ ဖြစ်သည်။ အထူးသဖြင့် ၎င်း၏ နေအိမ်ရှိရာ ၇၉ လမ်းနှင့် မြို့တော်ခန်းမရှိ ရုံးခန်းသို့ရထားဖြင့် သွားလာလေ့ရှိသည်ဟု ဆို သည်။ သို့သော် ၂၀⁠၀၇ ခုနှစ်တွင် ရေးသားခဲ့သော The New York Times သတင်းတပုဒ်ကမှု ၄င်း၏အဆိုနှင့်၎င်း၏အဆိုနှင့် ပြောင်းပြန်ဖြစ်နေသည်ကို တွေ့ရသည်။ လိုကယ်ရထားမှ အမြန်ရထား ကို လက်စ်က်ကင်တန်ရိပ်သာလမ်းတွင် ပြောင်းစီးရခြင်းကို ရှောင်ရှားရန်အတွက် ၎င်းကို အမြန်ရထား ဘူတာရုံသို့နယူးယောက်ရဲဌာနပိုင် SUVs နှစ်စီးဖြင့် လိုက်ပါပို့ဆောင်ရလေ့ရှိသည်ဟု ထိုသတင်းက ဆိုသည်။
 
၁၉⁠၉ရ ခုနှစ်တွင် ဘလွန်းဘက်ဂ် by ဘလွန်းဘက်ဂ် ဟူသော ၎င်း၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ကို ရှဲဒိုးစာရေးဆရာတဦး၏ အကူအညီဖြင့် ရေးသားခဲ့သည်။
စာကြောင်း ၁၀၂ -
၂၀⁠၀၉ ခုနှစ်တွင် ရပ်ရွာကျန်းမာရေးစောင့်ရှောက်မှုခေါင်းဆောင်ကောင်းဆုကို Robert Wood Johnson Foundation ၏ တနိုင်ငံလုံးဆိုင်ရာ ရပ်ရွာခေါင်းဆောင်ရွေးချယ်ရေးအစီအစဉ်က ချီးမြှင့်ခဲ့သည်။ ဘလွန်းဘတ်မှာ နယူးယောက်မြို့သူမြို့သားများအတွက် ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက် များ ရရှိစေရေးနှင့် ကိုယ် လက်လှုပ်ရှားမှုများဆောင်ရွက်နိုင်သည်။ အခွင့်အလမ်းများပိုမိုပေါ်ပေါက်လာရေး အတွက် မူဝါဒများ၊ လုပ်ငန်းများကို ချမှတ်ဆောင်ရွက်ခဲ့သူဖြစ်ခြင်းကြောင့် ဖြစ်သည်။ ၎င်း၏ လုပ်ဆောင် ချက်များအနက်မှတစ်ခုမှာ ကုန်စိမ်းဆိုင်ကျဲပါး သောနေရာများတွင် ကုန်စိမ်းဆိုင်များပေါ်ပေါက်လာစေ ခြင်းဖြစ်သည်။ မြို့အုပ်ချုပ်ရေးအစီအစဉ်တရပ်အဖြစ် “FRESH” ဟူသော စီမံကိန်းတရပ်ကို ဆောင်ရွက်ကာ ရောင်းချခွင့်ရှိသည့်နယ်မြေများဖော်ထုတ်ပေးခြင်း၊ ဆိုင်ဖွင့်သူ များ၊ ဆိုင်ဝန်ထမ်းများနှင့် ပိုင်ရှင်များကို ငွေကြေးဆိုင်ရာအထောက်အပံများပေးခြင်းအားဖြင့် ဆွဲဆောင်ခဲ့ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ၎င်း၏ လက် ထက်တွင် healty Bodega ဟု ခေါ်သောအစီအစဉ်က ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက် နမူနာများထုတ်လုပ်ကာ နွမ်းပါးသောဧရိယာများရှိကုန်စိမ်းရောင်းချသူများကို ပညာပေးသဘော ဖြင့်ဖြန့် ဝေခဲ့သည်။ ထိုရပ်ကွက်များတွင် ထိုနမူနာဖြန့်ဝေရာအရပ်များ၌ လာရောက်သူတိုင်း ၁ % သာအဆီပါ သော နို့နှင့်သစ်သီးများ၊ ဟင်းသီးဟင်းရွက်များကို ယူဆောင်သွားခွင့်ပေးခဲ့သည်။ ဘလွန်းဘတ်လက်ထက် တွင် “Green Carts Bill” ခေါ် အစိမ်းရောင်လှည်းများဥပဒေကို ပြဌာန်းကာဝင်ငွေနိမ့်သော ရပ်ကွက်များ တွင် ရွေ့လျားလှည်းများဖြင့်ဈေးရောင်းခြင်းကို ခွင့်ပြုခဲ့သည်။ ထိုလှည်းများမှာ လယ်သမားများဈေး ကွက် သို့တိုက်ရိုက်ရောင်းချနိုင်ခြင်းကို အားပေးရန်ဖြစ်ပြီး ယခင်ကပင်ရှိထားခဲ့သော Health Bucks အစီအစဉ် နှင့် ပေါင်းကာ ထိုလယ်သမားဈေးကွက်ကို အားပေးခဲ့သည်။ ထိုအစီအစဉ်အရ ဝင်ငွေနိမ့်ရပ်ကွက်များတွင် နေထိုင်သည့် သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွတ်သောသူများကို ထိုဈေးလှည်းများမှ ဝယ်ယူခွင့်နှင့် ကူပွန်များပေးစေကာ ဈေးသည်များနှင့်အတူ ဝယ်သူများကိုပါ ထောက်ပံ့ပေးခဲ့သည်။ ထို့ပြင် ကစားကွင်း များကိုပါ ထောက်ပံ့ခဲ့သည်။ ထို့ ပြင်ကစားကွင်းများအရည်အသွေးကောင်းမွန်လာစေ ရေးအတွက် ဒေါ်လာ ၁⁠၁၁ သန်းကို သုံးစွဲခဲ့သည်။ အမြန်ရ စား သောက်ဆိုင်များနှင့် နာမည်ကျော်စားသောက်ဆိုင်လုပ်ငန်းကြီး များတွင် အစားအသောက်များတွင်ပါဝင်သည့် ပစ္စည်းများ၏ ကယ်လိုရီအချက်အလက်များကို ဖော်ပြပြီး ရောင်းချစေခြင်းဖြင့် ပြည်သူများကို အစားအသောက်ရွေး ချယ်ရာတွင် ဝယ်ယူမည့်အစားအသောက်၏ ကျန်းမာရေးအချက်အလက်များကို ပြည့်ပြည့်စုံစုံသိရှိစေရန် ဆောင် ရွက်ပေးသော ပထမဆုံးအမေရိကန် မြို့ကြီး ၅ မြို့တွင် နယူးယောက်မှာ အပါအဝင်ဖြစ်သည်။
 
ဘလွန်းဘတ်သည် ၄င်း၏၎င်း၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အမျိုးသမီးများကို အဓမ္မပြုသည်ဟု စွပ်စွဲ ခံရသူဖြစ်သည်။ သို့သော် ထိုစွပ်စွဲချက်ကို ၎င်းကငြင်းဆန်ခဲ့သည်။ ၁၉⁠၉၇ တွင် ဘလွန်းဘက်ဂ် L.P မှ ဝန်ထမ်းတဦး ကိုယ်ဝန်ရှိသွားခဲ့ရာ ဘလွန်းဘတ်က “ကိုယ်ဝန်ဖျက်ချလိုက်”ဟု ပြောသဖြင့် တရားစွဲဆိုခဲ့သည်။ ထိုအမှုကို “Great No 16” ဟု အများသိကြလျှက် ထို 16 ဟူသော နံပါတ်မှာ ကုမ္ပဏီမှ ဘလွန်းဘတ်နှင့် ကိုယ်ဝန်ရသွားခဲ့သော အမျိုး သမီးများအနက် ၁၆ ဖြစ်ခဲ့သည်ဟု သို့လောသို့လောတွေးသူများလည်းရှိသည်။ ၂၀⁠၀၈ ဒီဇင်ဘာတွင် “ Protofolio Magazine က “မြို့တော်ဝန်ဘလွန်းဘတ်၏ အမှားမခံသည့် အခြေအနေ” ဟု အမည်ရသည့် သတင်း ပုဒ်ကို ပုံနိုပ်ခဲ့သည်။ ထိုသတင်းအရ ၂၀⁠၀၇ စက်တင်ဘာတွင် ဘလွန်းဘတ်ကုမ္ပဏီ လုပ်ငန်းပိုင်းတွင်အမှုထမ်းကြ သည့်အမျိုးသမီး ၃ ဦးနှင့်ထို ကုမ္ပဏီတွင် ၂၀⁠၀၂ မှ ယနေ့တိုင်အောင်အမူထမ်းခဲ့ကြသော အမျိုးသမီးဝန်ထမ်းအချို့ ကို ကိုယ်စားပြု၍ EEOC က ဘလွန်းဘတ်ကို တရားစွဲခဲ့သည်။ အဆိုပါသတင်း၏ ဆောင်းပါးက “ ထိုနှစ်များအတွင်း အမျိုးသမီးဝန်ထမ်း ၅၀ဝ အနက် ၇၂ ယောက်မှာ မီးဖွားခွင့်ယူခဲ့ကြရာ ကိုယ်ဝန်ဆောင်မှုနှုန်း အတော်ပင်မြင့်မား သည့်ကုမ္ပဏီဖြစ်ကြောင်း” ရေးသားခဲ့သည်။
 
နယူးယောက်မြို့တော်ဝန်ရာထူးသက်တမ်းမှာ ၂ ကြိမ်သာထမ်းဆောင်နိုင်သည့် ဥပဒေရှိရာ ၂၀⁠၀၁ ခုနှစ် တွင် ရာထူး သက်တမ်းကုန်ဆုံးမည့်မြို့တော်ဝန် ရူဒီ ဂျီအူလီယာနီမှာ ပြန်လည်ရွေးကောက်ခံခွင့် မရှိတော့ပေ။ နယူးယောက်မြို့ရှိ နာမည်ကြီးနိုင်ငံရေးသမားအတော်များ⁠များမှာ ၎င်းကို ဆက်ခံရန်ဆန္ဒရှိခဲ့ ကြသည်။ တသက်လုံးဒီမိုကရေတစ်ပါတီ ကိုထောက်ခံလာသော ဘလွန်းဘတ်သည် မြို့တော်ဝန်အဖြစ် အရွေးခံရန်ဆုံးဖြတ်လိုက်ချိန်တွင် ရီပတ်ဘလစ်ကန် တည်းဟူသော ဖဲကိုထုတ်၍ ကစားခဲ့သည်။ Primary အဆင့်ရွေးကောက်ပွဲမှာ ၂၀⁠၀၁ ခုနှစ်စက်တင်ဘာ ၁၁ နေ့ တွင်ဖြစ်ရာထို Primary ကို ရွေ့ဆိုင်းခဲ့ရသည်။ ဆိုင်းထားသော Primary ကို ပြန်လည်ကျင်းပချိန်တွင် ဟာမန် ဘတ်ဒ်လိုကို ဘလွန်းဘတ်က အနိုင် ရခဲ့သည်။ ရီပတ်ဘလစ်ကန်ပါတီတွင်း၌ လူရွေးချယ်မှုပြီးသွားချိန်တွင် ဒီမိုကရတ်တို့၏ လူရွေးသော အခါ ဒီမိုကရေတစ်ပါတီမှ မြို့တော်ဝန်ရာထူးကို ပြိုင်မည့်သူမှာ အစိုးရရှေ့နေ မတ်ခ်ဂျေ ဂရင်း ဖြစ်လာခဲ့သည်။